Skip to main content
ဘာစီလိုနာအသင္း၏ နံပါတ္ ၇ ဂ်ာစီအား ဂရစ္ဇ္မန္းထံသုိ႔ လႊဲေျပာင္းေပးဖြယ္ရွိေန
Ads Block

ဘာစီလိုနာအသင္း၏ နံပါတ္ ၇ ဂ်ာစီအား ဂရစ္ဇ္မန္းထံသုိ႔ လႊဲေျပာင္းေပးဖြယ္ရွိေန

ဘာစီလိုနာအသင္းတာ၀န္ရွိသူမ်ားသည္ ကြင္းလယ္တိုက္စစ္ကစားသမား ေကာ္တင္ညိဳ ၀တ္ဆင္ကစားေန သည့္ နံပါတ္ ၇ ဂ်ာစီအား ဘာစီလိုနာအသင္း၏ ကစားသမားသစ္ျဖစ္လာသူ တုိက္စစ္မွဴး ဂရစ္ဇ္မန္းထံသို႔ လႊဲေျပာင္းေပး ဖြယ္ရွိေနေၾကာင္း သတင္းမ်ားတြင္ ေရးသားေဖာ္ျပထားသည္။ ဘာစီလိုနာအသင္းသည္ ၿပီးခဲ့သည့္ ဇူလုိင္လ ၁၂ ရက္ေန႔တြင္ ျပင္သစ္တုိ္က္စစ္မွဴး ဂရစ္ဇ္မန္း (၂၈ ႏွစ္) အား အက္သလက္တီကိုအသင္းထံမွ ေျပာင္းေရႊ႕ေၾကး ယူ႐ုိသန္း ၁၂၀ ေပးေခ်ကာ ေခၚယူခဲ့ျခင္းျဖစ္သည္။  ၅ ႏွစ္သက္တမ္းရွိ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ကာ အဆုိပါစာခ်ဳပ္တြင္ ဂရစ္ဇ္မန္းအား ေခၚယူလိုသည့္အသင္းမ်ားအေနျဖင့္ ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္သန္း ၇၂၀ အထိ ေပးေခ်ရမည္ဆုိသည့္အခ်က္ကိုလည္း ထည့္သြင္းခ်ဳပ္ဆုိိခဲ့သည္။ ၂၀၀၉ ခုႏွစ္တြင္ ဆိုစီဒက္အသင္း၌ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ စတင္ကာ ၂၀၁၄ ခုႏွစ္တြင္ ဆိုစီဒက္အသင္းမွ အက္သလက္တီကိုအသင္းသို႔ ေျပာင္းေရႊ႕ခဲ့သူ တုိက္စစ္မွဴး ဂရစ္ဇ္မန္းက ဂ်ာစီနံပါတ္ ၇ သည္ မိမိ ၏ ကံေကာင္းျခင္းနံပါတ္တစ္ခုျဖစ္ေၾကာင္း ေျပာဆုိထားသူျဖစ္ၿပီး ၎၏ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ သက္တမ္း တစ္ေလွ်ာက္ နံပါတ္ ၇ ဂ်ာစီကိုသာ ၀တ္ဆင္ ကစားခဲ့သူျဖစ္ကာ ဘာစီလိုနာအသင္းတြင္လည္း နံပါတ္ ၇ ဂ်ာစီကိုသာ ၀တ္ဆင္ကစားခြင့္ျပဳရန္ ဘာစီလိုနာအသင္းတာ၀န္ရွိသူမ်ားအား ေတာင္းဆုိခဲ့ဖြယ္ရွိေနသည္။ လာမည့္ ဇူလိုင္လ ၁၄ ရက္တြင္ တုိက္စစ္မွဴးသစ္ ဂရစ္ဇ္မန္း၏ မိတ္ဆက္ပြဲကို က်င္းပသြားမည္ ျဖစ္သည္။ ဘာစီလိုနာအသင္းအေနျဖင့္ လက္ရွိအခ်ိန္တြင္ နံပါတ္ ၇ ဂ်ာစီ ၀တ္ဆင္ကစားေနသူ ေကာ္တင္ညိဳ ထံမွ အဆုိပါ ဂ်ာစီနံပါတ္အား လႊဲေျပာင္းေပးအပ္ခဲ့မည္ဆုိပါက အဆုိပါ အခ်က္သည္ ေကာ္တင္ညိဳအေနျဖင့္ ဘာစီလိုနာအသင္းမွ ထြက္ခြာရရန္ ပိုမိုနီးစပ္လာေသာ အေျခအေန ျဖစ္လာမည္ဟု ထင္ေၾကးေပးမႈမ်ား ထြက္ေပၚေနသည္။ ဘရာဇီးကစားသမား ေကာ္တင္ညိဳ (၂၇ ႏွစ္) အား သူ၏ အသင္းေဟာင္း လီဗာပူး အျပင္ မန္ယူ၊ ခ်ဲလ္ဆီးစသည့္ ကလပ္မ်ားက ေခၚယူရန္ စိတ္၀င္စားေနသည္။ ထုိ႔အျပင္ ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီအသင္းသည္ တုိက္စစ္မွဴး ေနမာအား ဆံုး႐ံႈးခဲ့ရမည္ဆုိပါက ေကာ္တင္ညိဳအားေခၚယူေရး ယွဥ္ၿပိဳင္မႈတြင္ ပါ၀င္လာဖြယ္ရွိေနသည္ဟု ဆုိသည္။ ဂရစ္ဇ္မန္းသည္ အက္သလက္တီကိုအသင္းတြင္  ၅ ရာသီအတြင္း စုစုေပါင္း ၂၅၇ ပြဲ ပါ၀င္ ကစားခဲ့ကာ ၁၃၃ ဂိုး သြင္းယူႏုိင္ခဲ့သူျဖစ္သည္။ အက္သလက္တီကို တာ၀န္ရွိသူမ်ားသည္ အသင္းမွ ဂရစ္ဇ္မန္း ထြက္ခြာသြားၿပီးေနာက္ လစ္လပ္ေနသည့္ နံပါတ္ ၇ ဂ်ာစီအား ၿပီးခဲ့သည့္ ဇူလုိင္လ ၃ ရက္တြင္ အက္သလက္တီကိုအသင္းသုိ႔ ေရာက္ရွိလာသည့္ ေပၚတူဂီ တုိက္စစ္ ကစားသမား ဂ်ာအုိဖီလစ္ (၁၉ ႏွစ္) အား ၀တ္ဆင္ခြင့္ျပဳခဲ့သည္။ အသက္ ၁၉ ႏွစ္အရြယ္သာ ရွိေသးသည့္ ဂ်ာအိုဖီလစ္သည္ ဘင္ဖီကာအသင္းမွ အက္သလက္တီကိုအသင္းသုိ႔ ေပါင္ ၁၁၃ သန္းျဖင့္ ေျပာင္းေရႊ႕လာသူျဖစ္ၿပီး အက္သလက္တီကိုအသင္းႏွင့္ ၇ ႏွစ္သက္တမ္းရွိ ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့သူျဖစ္သည္။

- အကုန္သိ သတင္းဌာန

Unicode Version

 

ဘာစီလိုနာအသင်းတာဝန်ရှိသူများသည် ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ညို ဝတ်ဆင်ကစားနေ သည့် နံပါတ် ၇ ဂျာစီအား ဘာစီလိုနာအသင်း၏ ကစားသမားသစ်ဖြစ်လာသူ တိုက်စစ်မှူး ဂရစ်ဇ်မန်းထံသို့ လွှဲပြောင်းပေး ဖွယ်ရှိနေကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့တွင် ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်း (၂၈ နှစ်) အား အက်သလက်တီကိုအသင်းထံမှ ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၂၀ ပေးချေကာ ခေါ်ယူခဲ့ခြင်းဖြစ်သည်။  ၅ နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ကာ အဆိုပါစာချုပ်တွင် ဂရစ်ဇ်မန်းအား ခေါ်ယူလိုသည့်အသင်းများအနေဖြင့် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၇၂၀ အထိ ပေးချေရမည်ဆိုသည့်အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ဆိုစီဒက်အသင်း၌ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ စတင်ကာ ၂၀၁၄ ခုနှစ်တွင် ဆိုစီဒက်အသင်းမှ အက်သလက်တီကိုအသင်းသို့ ပြောင်းရွှေ့ခဲ့သူ တိုက်စစ်မှူး ဂရစ်ဇ်မန်းက ဂျာစီနံပါတ် ၇ သည် မိမိ ၏ ကံကောင်းခြင်းနံပါတ်တစ်ခုဖြစ်ကြောင်း ပြောဆိုထားသူဖြစ်ပြီး ၎င်း၏ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ သက်တမ်း တစ်လျှောက် နံပါတ် ၇ ဂျာစီကိုသာ ဝတ်ဆင် ကစားခဲ့သူဖြစ်ကာ ဘာစီလိုနာအသင်းတွင်လည်း နံပါတ် ၇ ဂျာစီကိုသာ ဝတ်ဆင်ကစားခွင့်ပြုရန် ဘာစီလိုနာအသင်းတာဝန်ရှိသူများအား တောင်းဆိုခဲ့ဖွယ်ရှိနေသည်။ လာမည့် ဇူလိုင်လ ၁၄ ရက်တွင် တိုက်စစ်မှူးသစ် ဂရစ်ဇ်မန်း၏ မိတ်ဆက်ပွဲကို ကျင်းပသွားမည် ဖြစ်သည်။ ဘာစီလိုနာအသင်းအနေဖြင့် လက်ရှိအချိန်တွင် နံပါတ် ၇ ဂျာစီ ဝတ်ဆင်ကစားနေသူ ကော်တင်ညို ထံမှ အဆိုပါ ဂျာစီနံပါတ်အား လွှဲပြောင်းပေးအပ်ခဲ့မည်ဆိုပါက အဆိုပါ အချက်သည် ကော်တင်ညိုအနေဖြင့် ဘာစီလိုနာအသင်းမှ ထွက်ခွာရရန် ပိုမိုနီးစပ်လာသော အခြေအနေ ဖြစ်လာမည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်နေသည်။ ဘရာဇီးကစားသမား ကော်တင်ညို (၂၇ နှစ်) အား သူ၏ အသင်းဟောင်း လီဗာပူး အပြင် မန်ယူ၊ ချဲလ်ဆီးစသည့် ကလပ်များက ခေါ်ယူရန် စိတ်ဝင်စားနေသည်။ ထို့အပြင် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းသည် တိုက်စစ်မှူး နေမာအား ဆုံးရှုံးခဲ့ရမည်ဆိုပါက ကော်တင်ညိုအားခေါ်ယူရေး ယှဉ်ပြိုင်မှုတွင် ပါဝင်လာဖွယ်ရှိနေသည်ဟု ဆိုသည်။ ဂရစ်ဇ်မန်းသည် အက်သလက်တီကိုအသင်းတွင်  ၅ ရာသီအတွင်း စုစုပေါင်း ၂၅၇ ပွဲ ပါဝင် ကစားခဲ့ကာ ၁၃၃ ဂိုး သွင်းယူနိုင်ခဲ့သူဖြစ်သည်။ အက်သလက်တီကို တာဝန်ရှိသူများသည် အသင်းမှ ဂရစ်ဇ်မန်း ထွက်ခွာသွားပြီးနောက် လစ်လပ်နေသည့် နံပါတ် ၇ ဂျာစီအား ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်တွင် အက်သလက်တီကိုအသင်းသို့ ရောက်ရှိလာသည့် ပေါ်တူဂီ တိုက်စစ် ကစားသမား ဂျာအိုဖီလစ် (၁၉ နှစ်) အား ဝတ်ဆင်ခွင့်ပြုခဲ့သည်။ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးသည့် ဂျာအိုဖီလစ်သည် ဘင်ဖီကာအသင်းမှ အက်သလက်တီကိုအသင်းသို့ ပေါင် ၁၁၃ သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး အက်သလက်တီကိုအသင်းနှင့် ၇ နှစ်သက်တမ်းရှိ နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့သူဖြစ်သည်။

- အကုန်သိ သတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။