Skip to main content
လာမည့္ရာသီတြင္ မန္ယူအသင္း၌သာ တုိက္စစ္မွဴး လူကာကူ ဆက္ရွိေနဖြယ္ရွိေန
Ads Block

လာမည့္ရာသီတြင္ မန္ယူအသင္း၌သာ တုိက္စစ္မွဴး လူကာကူ ဆက္ရွိေနဖြယ္ရွိေန

မန္ယူအသင္းတို္က္စစ္မွဴး လူကာကူသည္ ယခုေႏြရာသီေစ်းကြက္ကာလတြင္ စီးရီးေအကလပ္ အင္တာမီလန္ အသင္းသုိ႔ ေျပာင္းေရႊ႕ရန္ စိတ္၀င္စားေနေသာ္လည္း ေျပာင္းေရႊ႕ေရးကိစၥ အေကာင္အထည္ေပၚလာဖြယ္မရွိဘဲ လာမည့္ ေဘာလံုးရာသီ၌ မန္ယူအသင္းတြင္သာ ဆက္ရွိေနရန္ အလားအလာမ်ားေနေၾကာင္း သတင္းမ်ားတြင္ ေရးသားေဖာ္ျပထားသည္။

လာမည့္ရာသီတြင္ မန္ယူအသင္း၌သာ တုိက္စစ္မွဴး လူကာကူ ဆက္ရွိေနဖြယ္ရွိေန

အင္တာမီလန္နည္းျပ ကြန္တီသည္ ဘယ္ဂ်ီယံတုိက္စစ္မွဴး လူကာကူအား ယခုေႏြရာသီ ကစားသမားအေျပာင္းအေရႊ႕တြင္ ေခၚယူရန္ ဆႏၵရွိေနကာ ယခုသီတင္းပတ္အတြင္းတြင္ အင္တာမီလန္အသင္းမွ တာ၀န္ရွိသူမ်ားသည္ အဂၤလန္သို႔ လာေရာက္ကာ မန္ယူအသင္း တာ၀န္ရွိသူမ်ား ႏွင့္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့သည္။ လူကာကူေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္ ၇၅ သန္း သတ္မွတ္ထားကာ အဆုိပါေငြေၾကးပမာဏထက္ နည္းပါးသည့္ ေျပာင္းေရႊ႕ေၾကးပမာဏႏွင့္ ကမ္းလွမ္းလာမႈမ်ားကို လက္ခံစဥ္းစားဖြယ္မရွိေပ။ အင္တာမီလန္အသင္းအေနျဖင့္ ေပါင္ ၇၅ သန္း သံုးစြဲႏုိင္သည့္ အေျခအေနမရွိျခင္းေၾကာင့္ ယခုေႏြရာသီအတြင္းတြင္ ေခၚယူႏုိင္ေရး အခက္အခဲ ရွိေနျခင္းျဖစ္သည္။ သုိ႔ေသာ္လည္း ယခုေႏြရာသီအတြင္းတြင္ အသင္းမွ တိုက္စစ္မွဴး အိုင္ကာဒီအား ဂ်ဴဗင္တပ္အသင္းသုိ႔ ေရာင္းခ်ျခင္းျဖင့္ လူကာကူအား ေခၚယူေရးအတြက္ ေငြေၾကးအေထာက္အပံ့ ရရွိႏိုင္လိမ့္မည္ဟု ေမွ်ာ္လင့္ထားသည္ဟု ဆုိသည္။ အသက္ ၂၆ ႏွစ္အရြယ္ရွိ လူကာကူသည္ ၿပီးခဲ့သည့္ ၂၀၁၈-၁၉ ခုႏွစ္ေဘာလံုးရာသီတြင္ မန္ယူအသင္း အတြက္ စုစုေပါင္း ၄၅ ပြဲ ပါ၀င္ကစားခဲ့ရာတြင္ ၁၅ ဂိုးသြင္းယူႏုိင္ခဲ့သူျဖစ္သည္။ ယခုသီတင္းပတ္အေစာပိုင္းတြင္ မန္ယူအသင္းမန္ေနဂ်ာ အိုေလဂန္နာဆုိးလ္ရွားက လူကာကူအား မန္ယူ အသင္းတြင္သာ ဆက္လက္ကစားသြားရန္ တုိက္တြန္းေျပာဆုိမႈ ျပဳလုပ္ခဲ့ေၾကာင္း၊ သို႔ေသာ္လည္း လူကာကူအေနျဖင့္ မန္ယူအသင္းအား ဆုိးလ္ရွား တာ၀န္ယူၿပီးခ်ိန္တြင္ ပံုမွန္ပြဲထြက္ခြင့္ နည္းပါးခဲ့သည့္အေျခအေနအေပၚ စိတ္ပ်က္ေနရကာ ထြက္ခြာသြားရန္ ဆံုးျဖတ္ထားသူျဖစ္ေၾကာင္း သတင္းမ်ားတြင္ ဆက္လက္ေရးသားထားသည္။ လက္ရွိ အခ်ိန္တြင္ မန္ယူအသင္း၏ ရာသီႀကိဳအစီအစဥ္မ်ားတြင္ ပါ၀င္လ်က္ရွိသည္။ အင္တာမီလန္အသင္းသည္ မန္ယူအသင္းမွ ဆားဘီးယားကြင္းလယ္ခံစစ္ကစားသမား နီမန္ဂ်ာမာတစ္ (၃၀ ႏွစ္) အား ေခၚယူေရးအတြက္ ေျပာင္းေရႊ႕ေၾကးအျပင္ အသင္းမွ ဘယ္ဂ်ီယံကြင္းလယ္ကစားသမား ႏုိင္ဂိုလန္(၃၁ ႏွစ္)အား အလုိက္ေပးကမ္းလွမ္းခဲ့ျခင္းကို မန္ယူအသင္းက ပယ္ခ်ခဲ့ျခင္းျဖစ္သည္။

- အကုန္သိ သတင္းဌာန

Unicode Version

 

မန်ယူအသင်းတိုက်စစ်မှူး လူကာကူသည် ယခုနွေရာသီဈေးကွက်ကာလတွင် စီးရီးအေကလပ် အင်တာမီလန် အသင်းသို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားနေသော်လည်း ပြောင်းရွှေ့ရေးကိစ္စ အကောင်အထည်ပေါ်လာဖွယ်မရှိဘဲ လာမည့် ဘောလုံးရာသီ၌ မန်ယူအသင်းတွင်သာ ဆက်ရှိနေရန် အလားအလာများနေကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ အင်တာမီလန်နည်းပြ ကွန်တီသည် ဘယ်ဂျီယံတိုက်စစ်မှူး လူကာကူအား ယခုနွေရာသီ ကစားသမားအပြောင်းအရွှေ့တွင် ခေါ်ယူရန် ဆန္ဒရှိနေကာ ယခုသီတင်းပတ်အတွင်းတွင် အင်တာမီလန်အသင်းမှ တာဝန်ရှိသူများသည် အင်္ဂလန်သို့ လာရောက်ကာ မန်ယူအသင်း တာဝန်ရှိသူများ နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ လူကာကူပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၇၅ သန်း သတ်မှတ်ထားကာ အဆိုပါငွေကြေးပမာဏထက် နည်းပါးသည့် ပြောင်းရွှေ့ကြေးပမာဏနှင့် ကမ်းလှမ်းလာမှုများကို လက်ခံစဉ်းစားဖွယ်မရှိပေ။ အင်တာမီလန်အသင်းအနေဖြင့် ပေါင် ၇၅ သန်း သုံးစွဲနိုင်သည့် အခြေအနေမရှိခြင်းကြောင့် ယခုနွေရာသီအတွင်းတွင် ခေါ်ယူနိုင်ရေး အခက်အခဲ ရှိနေခြင်းဖြစ်သည်။ သို့သော်လည်း ယခုနွေရာသီအတွင်းတွင် အသင်းမှ တိုက်စစ်မှူး အိုင်ကာဒီအား ဂျူဗင်တပ်အသင်းသို့ ရောင်းချခြင်းဖြင့် လူကာကူအား ခေါ်ယူရေးအတွက် ငွေကြေးအထောက်အပံ့ ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်ဟု ဆိုသည်။ အသက် ၂၆ နှစ်အရွယ်ရှိ လူကာကူသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ခုနှစ်ဘောလုံးရာသီတွင် မန်ယူအသင်း အတွက် စုစုပေါင်း ၄၅ ပွဲ ပါဝင်ကစားခဲ့ရာတွင် ၁၅ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်သည်။ ယခုသီတင်းပတ်အစောပိုင်းတွင် မန်ယူအသင်းမန်နေဂျာ အိုလေဂန်နာဆိုးလ်ရှားက လူကာကူအား မန်ယူ အသင်းတွင်သာ ဆက်လက်ကစားသွားရန် တိုက်တွန်းပြောဆိုမှု ပြုလုပ်ခဲ့ကြောင်း၊ သို့သော်လည်း လူကာကူအနေဖြင့် မန်ယူအသင်းအား ဆိုးလ်ရှား တာဝန်ယူပြီးချိန်တွင် ပုံမှန်ပွဲထွက်ခွင့် နည်းပါးခဲ့သည့်အခြေအနေအပေါ် စိတ်ပျက်နေရကာ ထွက်ခွာသွားရန် ဆုံးဖြတ်ထားသူဖြစ်ကြောင်း သတင်းများတွင် ဆက်လက်ရေးသားထားသည်။ လက်ရှိ အချိန်တွင် မန်ယူအသင်း၏ ရာသီကြိုအစီအစဉ်များတွင် ပါဝင်လျက်ရှိသည်။ အင်တာမီလန်အသင်းသည် မန်ယူအသင်းမှ ဆားဘီးယားကွင်းလယ်ခံစစ်ကစားသမား နီမန်ဂျာမာတစ် (၃၀ နှစ်) အား ခေါ်ယူရေးအတွက် ပြောင်းရွှေ့ကြေးအပြင် အသင်းမှ ဘယ်ဂျီယံကွင်းလယ်ကစားသမား နိုင်ဂိုလန်(၃၁ နှစ်)အား အလိုက်ပေးကမ်းလှမ်းခဲ့ခြင်းကို မန်ယူအသင်းက ပယ်ချခဲ့ခြင်းဖြစ်သည်။

- အကုန်သိ သတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။