Skip to main content
အသက္အႀကီးဆံုး ၉၃ ႏွစ္ တုိက္စစ္အတြဲအား ျမင္ေတြ႕ရမည့္ ယိုကိုဟားမားအက္ဖ္စီသင္း
Ads Block

အသက္အႀကီးဆံုး ၉၃ ႏွစ္ တုိက္စစ္အတြဲအား ျမင္ေတြ႕ရမည့္ ယိုကိုဟားမားအက္ဖ္စီသင္း

ဂ်ပန္ေဂ်တူးကလပ္ ယိုကိုဟားမားအသင္းသည္ ေဂ်၀မ္းကလပ္ ဂ်ဴဘီလိုအိုုင္တာ၀ါအသင္းမွ ၀ါရင့္ကြင္းလယ္တုိက္စစ္ ကစားသမား ရွင္ဆူကီ နာကာမူရာအား ေခၚယူခဲ့ၿပီးေနာက္ ေဘာလံုး သမိုင္းေၾကာင္းတစ္ေလွ်ာက္ အသက္အႀကီးဆံုး တိုက္စစ္အတြဲအဖက္ျဖင့္ ယွဥ္ၿပိဳင္ကစားသည့္ အသင္းျဖစ္လာေတာ့မည္ျဖစ္ေၾကာင္း သတင္းမ်ားတြင္ ေရးသားေဖာ္ျပထားသည္။ ရက္ဂ်ီးနား၊ ဆဲလ္တစ္၊ အက္စ္ပန္ေညာအသင္းတုိ႔တြင္ ပါ၀င္ကစားခဲ့သူ ကြင္းလယ္တုိက္စစ္ကစားသမား နာကာမူရာ သည္ ယိုကုိဟားမားအက္ဖ္စီအသင္းသုိ႔ ေရာက္ရွိခ်ိန္တြင္ အသက္ ၄၁ ႏွစ္အရြယ္ရွိေနၿပီျဖစ္သည္။ နာကာမူရာသည္ ၂၀၀၅ ခုႏွစ္မွ ၂၀၀၉ ခုႏွစ္အတြင္း ဆဲလ္တစ္ အသင္းတြင္ ပါ၀င္ကစားခဲ့စဥ္က စေကာ့တလန္ပရီးမီးယားလိဂ္ခ်န္ပီယံဆုအား သံုးရာသီ ဆက္တုိက္ရယူႏုိင္ခဲ့ကာ Scottish Cup တစ္ႀကိမ္၊ Socttish League Cup အား ႏွစ္ႀကိမ္ ရရွိခဲ့ကာ ၂၀၀၇ ခုႏွစ္ စေကာ့တလန္ PFA တစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုကိုလည္း ရရွိခဲ့သူျဖစ္သည္။ ယိုကိုဟားမားအက္ဖ္စီအသင္းတြင္ အသက္ ၅၂ ႏွစ္အရြယ္ရွိ ကာဇူယိုရွီမီအူရာ ရွိေနသည့္အတြက္ မီအူရာႏွင့္ နာကာမူရာတို႔ႏွစ္ဦးေပါင္း အသက္သည္ ၉၃ ႏွစ္ျဖစ္ျခင္းေၾကာင့္ ယုိကုိဟားမားအက္ဖ္စီအသင္းသည္ ေဘာလုံးသမိုင္းေၾကာင္း တစ္ေလွ်ာက္ အသက္အႀကီးဆံုး တိုက္စစ္အတြဲအား အသံုးျပဳသည့္အသင္းျဖစ္လာေတာ့မည္ျဖစ္သည္။ တိုက္စစ္မွဴး မီအူရာသည္ နာမည္ေက်ာ္အဂၤလန္ကစားသမားေဟာင္း ဆာစေလတန္မက္သ႐ူးက ၁၉၆၅ ခုႏွစ္တြင္ တင္ထားခဲ့သည့္ ပေရာ္ဖက္ရွင္နယ္ေဘာလံုးၿပိဳင္ပြဲတြင္ အသက္အႀကီးဆံုးကစားသမားစံခ်ိန္အား ၂၀၁၇ ခုႏွစ္တြင္ ခ်ဳိးျဖတ္ကာ စံခ်ိန္သစ္ တင္ႏိုင္ခဲ့သူျဖစ္သည္။ ဘရာဇီးကလပ္ ဆန္းတို႔စ္ အသင္းတြင္ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ စတင္ခဲ့သူ တုိက္စစ္မွဴး မီအူရာသည္ ၁၉၉၄-၉၅ ခုုႏွစ္ေဘာလံုးရာသီတြင္ အီတလီကလပ္ ဂ်ီႏိုအာအသင္းတြင္ အငွားျဖင့္ သြားေရာက္ကစားခဲ့ ကာ အီတလီတြင္ ပထမဆံုး သြားေရာက္ကစားသမား့ ဂ်ပန္ကစားသမားအျဖစ္လည္း မွတ္တမ္း၀င္ ခဲ့သူျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလအတြင္းတြင္ ယိုကိုဟားမားအက္ဖ္စီအသင္းႏွင့္ စာခ်ဳပ္သစ္ ခ်ဳပ္ဆုိထားသူလည္းျဖစ္သည္။ မီအူရာသည္ ၂၀၀၅ ခုႏွစ္ကတည္းက ယိုကိုဟားမား အက္္္စီ အသင္းသုိ႔ ေရာက္ရွိေနခဲ့သူျဖစ္ၿပီး ၂၀၀၅-၀၆ ခုႏွစ္ ေဘာလံုး ရာသီတြင္ ဆစ္ဒနီအက္ဖ္စီ အသင္းသိုု႔ သြားေရာက္ကစားခဲ့သည္မွအပ က်န္ႏွစ္မ်ားတြင္ ယိုကိုဟားမားအက္ဖ္စီအသင္း၌ သာ ပါ၀င္ကစားခဲ့သူျဖစ္ကာ ၄င္းအသင္းအတြက္ စုစုေပါင္း ၂၈၂ ပြဲ ပါ၀င္ကစားထားကာ ၃၂ ဂိုးသြင္း ယူထားသူျဖစ္သည္။ နာကာမူရာသည္ ယခုႏွစ္ေဘာလံုးရာသီတြင္ ယိုကိုဟားမားအက္ဖ္စီ အသင္း၏ တန္းတက္ခြင့္ရရွိေရး ႀကိဳးပမ္းမႈ၌ ၀ွက္ဖဲတစ္ခ်ပ္ျဖစ္လာလိမ့္မည္ဟု ယိုကုိဟားမား အက္ဖ္စီအသင္းက ေျပာဆုိခဲ့သည္။

- အကုန္သိ သတင္းဌာန

Unicode Version

 

ဂျပန်ဂျေတူးကလပ် ယိုကိုဟားမားအသင်းသည် ဂျေဝမ်းကလပ် ဂျူဘီလိုအိုင်တာဝါအသင်းမှ ဝါရင့်ကွင်းလယ်တိုက်စစ် ကစားသမား ရှင်ဆူကီ နာကာမူရာအား ခေါ်ယူခဲ့ပြီးနောက် ဘောလုံး သမိုင်းကြောင်းတစ်လျှောက် အသက်အကြီးဆုံး တိုက်စစ်အတွဲအဖက်ဖြင့် ယှဉ်ပြိုင်ကစားသည့် အသင်းဖြစ်လာတော့မည်ဖြစ်ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ ရက်ဂျီးနား၊ ဆဲလ်တစ်၊ အက်စ်ပန်ညောအသင်းတို့တွင် ပါဝင်ကစားခဲ့သူ ကွင်းလယ်တိုက်စစ်ကစားသမား နာကာမူရာ သည် ယိုကိုဟားမားအက်ဖ်စီအသင်းသို့ ရောက်ရှိချိန်တွင် အသက် ၄၁ နှစ်အရွယ်ရှိနေပြီဖြစ်သည်။ နာကာမူရာသည် ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ဆဲလ်တစ် အသင်းတွင် ပါဝင်ကစားခဲ့စဉ်က စကော့တလန်ပရီးမီးယားလိဂ်ချန်ပီယံဆုအား သုံးရာသီ ဆက်တိုက်ရယူနိုင်ခဲ့ကာ Scottish Cup တစ်ကြိမ်၊ Socttish League Cup အား နှစ်ကြိမ် ရရှိခဲ့ကာ ၂၀၀၇ ခုနှစ် စကော့တလန် PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့သူဖြစ်သည်။ ယိုကိုဟားမားအက်ဖ်စီအသင်းတွင် အသက် ၅၂ နှစ်အရွယ်ရှိ ကာဇူယိုရှီမီအူရာ ရှိနေသည့်အတွက် မီအူရာနှင့် နာကာမူရာတို့နှစ်ဦးပေါင်း အသက်သည် ၉၃ နှစ်ဖြစ်ခြင်းကြောင့် ယိုကိုဟားမားအက်ဖ်စီအသင်းသည် ဘောလုံးသမိုင်းကြောင်း တစ်လျှောက် အသက်အကြီးဆုံး တိုက်စစ်အတွဲအား အသုံးပြုသည့်အသင်းဖြစ်လာတော့မည်ဖြစ်သည်။ တိုက်စစ်မှူး မီအူရာသည် နာမည်ကျော်အင်္ဂလန်ကစားသမားဟောင်း ဆာစလေတန်မက်သရူးက ၁၉၆၅ ခုနှစ်တွင် တင်ထားခဲ့သည့် ပရော်ဖက်ရှင်နယ်ဘောလုံးပြိုင်ပွဲတွင် အသက်အကြီးဆုံးကစားသမားစံချိန်အား ၂၀၁၇ ခုနှစ်တွင် ချိုးဖြတ်ကာ စံချိန်သစ် တင်နိုင်ခဲ့သူဖြစ်သည်။ ဘရာဇီးကလပ် ဆန်းတို့စ် အသင်းတွင် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ စတင်ခဲ့သူ တိုက်စစ်မှူး မီအူရာသည် ၁၉၉၄-၉၅ ခုနှစ်ဘောလုံးရာသီတွင် အီတလီကလပ် ဂျီနိုအာအသင်းတွင် အငှားဖြင့် သွားရောက်ကစားခဲ့ ကာ အီတလီတွင် ပထမဆုံး သွားရောက်ကစားသမား့ ဂျပန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင် ခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းတွင် ယိုကိုဟားမားအက်ဖ်စီအသင်းနှင့် စာချုပ်သစ် ချုပ်ဆိုထားသူလည်းဖြစ်သည်။ မီအူရာသည် ၂၀၀၅ ခုနှစ်ကတည်းက ယိုကိုဟားမား အက်စီ အသင်းသို့ ရောက်ရှိနေခဲ့သူဖြစ်ပြီး ၂၀၀၅-၀၆ ခုနှစ် ဘောလုံး ရာသီတွင် ဆစ်ဒနီအက်ဖ်စီ အသင်းသို့ သွားရောက်ကစားခဲ့သည်မှအပ ကျန်နှစ်များတွင် ယိုကိုဟားမားအက်ဖ်စီအသင်း၌ သာ ပါဝင်ကစားခဲ့သူဖြစ်ကာ ၎င်းအသင်းအတွက် စုစုပေါင်း ၂၈၂ ပွဲ ပါဝင်ကစားထားကာ ၃၂ ဂိုးသွင်း ယူထားသူဖြစ်သည်။ နာကာမူရာသည် ယခုနှစ်ဘောလုံးရာသီတွင် ယိုကိုဟားမားအက်ဖ်စီ အသင်း၏ တန်းတက်ခွင့်ရရှိရေး ကြိုးပမ်းမှု၌ ဝှက်ဖဲတစ်ချပ်ဖြစ်လာလိမ့်မည်ဟု ယိုကိုဟားမား အက်ဖ်စီအသင်းက ပြောဆိုခဲ့သည်။

- အကုန်သိ သတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။