Skip to main content
တြံေတးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္လွစ္
Ads Block

တြံေတးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္လွစ္

တြံေတးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးမိုးခိုင္ထြန္းကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ တြံေတးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမိုးခိုင္ထြန္းႏွင့္အဖြဲ႕သည္ ရာထူးတာဝန္ကို အလြဲသုံးစားျပဳ၍ ဝန္ေဆာင္ခႏွင့္ တရားမဝင္ေသာအျခားအက်ိဳးခံစားခြင့္မ်ားရယူေနျခင္းအား အေရးယူေပးပါရန္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္သို႔ တိုင္ၾကားခဲ့ေၾကာင္း သိရသည္။
တိုင္ၾကားစာအရ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႔ ဖြဲ႔စည္းစစ္ေဆးခဲ့ရာ တြံေတးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမိုးခိုင္ထြန္းသည္ D1A အရက္လိုင္စင္ေလၽွာက္ထားရန္ကိစၥႏွင့္စပ္လ်ဥ္း၍ ယစ္မ်ဳိးလိုင္စင္ရရွိသူမ်ားထံမွ ေငြက်ပ္ ၅ သိန္း၊ ေခါင္ရည္လိုင္စင္ CFL-2 လိုင္စင္ကိစၥကူညီရန္အတြက္ ေငြ က်ပ္ ၁၅၀၀၀ဝ ၊ သၾကၤန္အတြက္ဟု အေၾကာင္းျပ၍ ယစ္မ်ဳိးလိုင္စင္ရရွိသူထံမွ ေငြက်ပ္ ၂ သိန္းတို႔ကို လက္ခံ ရယူခဲ့ျခင္းသည္ ရာထူးတာဝန္ကို အလြဲသုံးစားျပဳ၍ အဂတိလိုက္စားမႈက်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း ထပ္မံစစ္ေဆးေပၚေပါက္ခဲ့သည္ဟု ေကာ္မရွင္၏ထုတ္ျပန္ခ်က္အရ သိရသည္။
၎သည္ တြံေတးၿမိဳ႕နယ္၊ ခေလာက္ခ်ိဳက္ေက်း႐ြာအုပ္စု၊ ကြင္းအမွတ္(၁၅၂)၊ ဦးပိုင္အမွတ္ (၈/က)ရွိ လယ္ေျမ ဧရိယာ(၂၀.၈၂)ဧက ေျမယာပိုင္ဆိုင္မႈ အျငင္းပြားသည့္ကိစၥတြင္ နစ္နာသူထံမွ ၂၀၁၈ ခုႏွစ္ ေမလ ၁၅ ရက္၌ တိုင္ၾကားစာေရးသားေပးရန္ ေငြက်ပ္ ၅ သိန္းႏွင့္ တင္ျပလိုသည့္သက္ေသထြက္ဆိုခ်က္မ်ားကို စစ္ေဆးေရး အစီရင္ခံစာတြင္ ထပ္မံထည့္သြင္းေပးရန္အတြက္ ၂၀၁၈ ခုႏွစ္ ဇြန္လ ၂၅ ရက္တြင္ ေငြက်ပ္သိန္း ၁၂၀ တို႔ကို ေတာင္းခံရယူခဲ့ျခင္းေၾကာင့္ ေကာ္မရွင္မွ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္ခံထားရသူ ျဖစ္ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ေကာ္မရွင္မွ တရားစြဲဆိုရန္ေဆာင္ရြက္ေနသည့္ တြံေတးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး (ပ/၅၃၈၃) ဦးမိုးခိုင္ထြန္းအေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၆ အရ သီးျခားအမႈျဖင့္ အေရးယူရန္ တြံေတးၿမိဳ႕မရဲစခန္းတြင္ ပထမသတင္းေပးတိုင္ၾကားခ်က္ထပ္မံဖြင့္လွစ္၍ တရားစြဲဆိုရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

Unicode Version

 

တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူးဦးမိုးခိုင်ထွန်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းနှင့်အဖွဲ့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ဝန်ဆောင်ခနှင့် တရားမဝင်သောအခြားအကျိုးခံစားခွင့်များရယူနေခြင်းအား အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းသည် D1A အရက်လိုင်စင်လျှောက်ထားရန်ကိစ္စနှင့်စပ်လျဉ်း၍ ယစ်မျိုးလိုင်စင်ရရှိသူများထံမှ ငွေကျပ် ၅ သိန်း၊ ခေါင်ရည်လိုင်စင် CFL-2 လိုင်စင်ကိစ္စကူညီရန်အတွက် ငွေ ကျပ် ၁၅၀၀၀ဝ ၊ သြင်္ကန်အတွက်ဟု အကြောင်းပြ၍ ယစ်မျိုးလိုင်စင်ရရှိသူထံမှ ငွေကျပ် ၂ သိန်းတို့ကို လက်ခံ ရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ကော်မရှင်၏ထုတ်ပြန်ချက်အရ သိရသည်။
၎င်းသည် တွံတေးမြို့နယ်၊ ခလောက်ချိုက်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၅၂)၊ ဦးပိုင်အမှတ် (၈/က)ရှိ လယ်မြေ ဧရိယာ(၂၀.၈၂)ဧက မြေယာပိုင်ဆိုင်မှု အငြင်းပွားသည့်ကိစ္စတွင် နစ်နာသူထံမှ ၂၀၁၈ ခုနှစ် မေလ ၁၅ ရက်၌ တိုင်ကြားစာရေးသားပေးရန် ငွေကျပ် ၅ သိန်းနှင့် တင်ပြလိုသည့်သက်သေထွက်ဆိုချက်များကို စစ်ဆေးရေး အစီရင်ခံစာတွင် ထပ်မံထည့်သွင်းပေးရန်အတွက် ၂၀၁၈ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ငွေကျပ်သိန်း ၁၂၀ တို့ကို တောင်းခံရယူခဲ့ခြင်းကြောင့် ကော်မရှင်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသူ ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကော်မရှင်မှ တရားစွဲဆိုရန်ဆောင်ရွက်နေသည့် တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး (ပ/၅၃၈၃) ဦးမိုးခိုင်ထွန်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ သီးခြားအမှုဖြင့် အရေးယူရန် တွံတေးမြို့မရဲစခန်းတွင် ပထမသတင်းပေးတိုင်ကြားချက်ထပ်မံဖွင့်လှစ်၍ တရားစွဲဆိုရန် ဆောင်ရွက်နေကြောင်း သိရသည်။

 

- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။