Skip to main content
ဖမ္းဆီးထားတဲ့ ေရနံတင္သေဘၤာကုိ ခ်က္ခ်င္း ျပန္လႊတ္ေပးဖုိ ့ ၿဗိတိန္ကုိ အီရန္ ေဆာ္ၾသ
Ads Block

ဖမ္းဆီးထားတဲ့ ေရနံတင္သေဘၤာကုိ ခ်က္ခ်င္း ျပန္လႊတ္ေပးဖုိ ့ ၿဗိတိန္ကုိ အီရန္ ေဆာ္ၾသ

ဥေရာပရဲ႕ ပိတ္ဆုိ ့ဒဏ္ခတ္မႈေတြကုိ ခ်ဳိးေဖာက္ၿပီး ဆီးရီးယားႏုိင္ငံကုိ ေရနံတင္ပုိ ့ဖုိ႔  လုပ္ေနတယ္ဆုိကာ ၿပီးခဲ့တဲ့ တစ္ပတ္က ၿဗိတိသွ်ေတာ္၀င္ေရတပ္က သိမ္းပုိက္သြားခဲ့တဲ့ ၄င္းတုိ ့ ေရနံတင္သေဘၤာကုိ ခ်က္ခ်င္း ျပန္လႊတ္ေပးဖုိ ့ ဇူလုိင္ ၁၂ ရက္ေန ့မွာ ၿဗိတိန္ကုိ ေတာင္းဆုိထားေၾကာင္း အီရန္ႏုိင္ငံျခားေရး၀န္ႀကီးဌာန ေျပာေရးဆုိခြင့္ရွိသူက ေျပာဆုိပါတယ္။
ဒါဟာ အႏၱရာယ္မ်ားတဲ့ ကစားပြဲတစ္ခုျဖစ္ေၾကာင္း သေဘၤာကုိ ဥပေဒေဘာင္၀င္သေယာင္ သိမ္းပုိက္သြားတာဟာ တရား၀င္ခုိင္မာမႈမရွိဘဲ ေနာက္ဆက္တြဲ အက်ဳိးဆက္ေတြရွိမွာျဖစ္ေၾကာင္း၊ ေရနံတင္သေဘၤာကုိ ျပန္လႊတ္ေပးျခင္းကသာ ႏုိင္ငံအားလုံးရဲ႕ အက်ဳိးစီးပြားျဖစ္ေၾကာင္း ေျပာေရးဆုိခြင့္ရွိသူ အဘတ္စ္မူဆာဗီက ဆုိခဲ့ပါတယ္။ ဒါ့အျပင္ သေဘၤာကုိ ျပန္မလႊတ္ဘူးဆုိရင္ အျပန္အလွန္ အေရးယူ ေဆာင္ရြက္မႈေတြ ရွိလာမွာျဖစ္ေၾကာင္းလည္း အီရန္က သတိေပးခဲ့ပါတယ္။
ၾကာသပေတးေန ့က ၿဗိတိန္အစုိးရက ေျပာဆုိခဲ့ရာမွာ ေဟာ္မုဇ္ေရလက္ၾကားကုိ ျဖတ္သန္း ခုတ္ေမာင္းေနတဲ့ ၿဗိတိသွ်ပုိင္ ေရနံတင္သေဘၤာတစ္စင္းကုိ အီရန္ ေရယာဥ္ သုံးစင္းက ဟန္ ့တား ပိတ္ဆုိ ့ဖုိ ့လုပ္ခဲ့ေၾကာင္းနဲ ့ေတာ္၀င္ေရတပ္ စစ္သေဘၤာက ၀င္လွန္ ့ခဲ့တာေၾကာင့္ သေဘၤာျပန္ထြက္ခြာ ႏုိင္ခဲ့ေၾကာင္း ဆုိခဲ့ပါတယ္။ အီရန္ကေတာ့ မိမိတုိ ့ပုိင္ ေရယာဥ္ေတြ ယင္းကဲ့သုိ ့ျဖစ္ရပ္မ်ဳိး လုပ္ေဆာင္ခဲ့ျခင္း မရွိေၾကာင္း ျငင္းဆုိပါတယ္။
အီရန္ ေရနံတင္သေဘၤာကုိ ၿဗိတိန္က သိမ္းပုိက္သြားခဲ့ၿပီး တစ္ပတ္အၾကာမွာ အီရန္နဲ ့ အေနာက္ ႏုိင္ငံေတြအၾကား တင္းမာမႈေတြ ျမင့္တက္လာခဲ့တာျဖစ္ပါတယ္။ အာေရဗ်ကၽြန္းဆြယ္နဲ ့အီရန္ႏုိင္ငံအၾကားရွိ ေရလက္ၾကားကုိ ျဖတ္သန္းေနတဲ့ BP ေရနံကုမၸဏီပုိင္ British Heritage ေရနံတင္သေဘၤာဆီကုိ အီရန္ေရတပ္ ေရယာဥ္ေတြက ခ်ဥ္းကပ္လာကာ ဟန္ ့တားေႏွာင့္ယွက္ခဲ့တာျဖစ္ေၾကာင္း ၿဗိတိန္အစုိးရက ေျပာဆုိခဲ့ပါတယ္။
ၿဗိတိန္ဟာ အေမရိကန္ရဲ႕ ဖိအားေပးမႈေၾကာင့္ ၄င္းတုိ ့ရဲ႕ ေရနံတင္သေဘၤာကုိ သိမ္းပုိက္ခဲ့တာ ျဖစ္တယ္လုိ ့ မူဆာဗီက စြပ္စြဲခဲ့ပါတယ္။ ယင္းကဲ့သုိ ့ ဥပေဒနဲ ့မညီတဲ့ လုပ္ေဆာင္ခ်က္ေတြေၾကာင့္ ပါရွန္ ပင္လယ္ေကြ ့မွာ တင္းမာမႈေတြ ျမင့္တက္လာႏုိင္ေၾကာင္းလည္း မူဆာဗီက သတိေပးခဲ့ပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန )  | Ref : Reuters

Unicode Version

 

ဥရောပရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ချိုးဖောက်ပြီး ဆီးရီးယားနိုင်ငံကို ရေနံတင်ပို့ဖို့  လုပ်နေတယ်ဆိုကာ ပြီးခဲ့တဲ့ တစ်ပတ်က ဗြိတိသျှတော်ဝင်ရေတပ်က သိမ်းပိုက်သွားခဲ့တဲ့ ၎င်းတို့ ရေနံတင်သင်္ဘောကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ဇူလိုင် ၁၂ ရက်နေ့မှာ ဗြိတိန်ကို တောင်းဆိုထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။
ဒါဟာ အန္တရာယ်များတဲ့ ကစားပွဲတစ်ခုဖြစ်ကြောင်း သင်္ဘောကို ဥပဒေဘောင်ဝင်သယောင် သိမ်းပိုက်သွားတာဟာ တရားဝင်ခိုင်မာမှုမရှိဘဲ နောက်ဆက်တွဲ အကျိုးဆက်တွေရှိမှာဖြစ်ကြောင်း၊ ရေနံတင်သင်္ဘောကို ပြန်လွှတ်ပေးခြင်းကသာ နိုင်ငံအားလုံးရဲ့ အကျိုးစီးပွားဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ အဘတ်စ်မူဆာဗီက ဆိုခဲ့ပါတယ်။ ဒါ့အပြင် သင်္ဘောကို ပြန်မလွှတ်ဘူးဆိုရင် အပြန်အလှန် အရေးယူ ဆောင်ရွက်မှုတွေ ရှိလာမှာဖြစ်ကြောင်းလည်း အီရန်က သတိပေးခဲ့ပါတယ်။
ကြာသပတေးနေ့က ဗြိတိန်အစိုးရက ပြောဆိုခဲ့ရာမှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းနေတဲ့ ဗြိတိသျှပိုင် ရေနံတင်သင်္ဘောတစ်စင်းကို အီရန် ရေယာဉ် သုံးစင်းက ဟန့်တား ပိတ်ဆို့ဖို့လုပ်ခဲ့ကြောင်းနဲ့တော်ဝင်ရေတပ် စစ်သင်္ဘောက ဝင်လှန့်ခဲ့တာကြောင့် သင်္ဘောပြန်ထွက်ခွာ နိုင်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။ အီရန်ကတော့ မိမိတို့ပိုင် ရေယာဉ်တွေ ယင်းကဲ့သို့ဖြစ်ရပ်မျိုး လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုပါတယ်။
အီရန် ရေနံတင်သင်္ဘောကို ဗြိတိန်က သိမ်းပိုက်သွားခဲ့ပြီး တစ်ပတ်အကြာမှာ အီရန်နဲ့ အနောက် နိုင်ငံတွေအကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ အာရေဗျကျွန်းဆွယ်နဲ့အီရန်နိုင်ငံအကြားရှိ ရေလက်ကြားကို ဖြတ်သန်းနေတဲ့ BP ရေနံကုမ္ပဏီပိုင် British Heritage ရေနံတင်သင်္ဘောဆီကို အီရန်ရေတပ် ရေယာဉ်တွေက ချဉ်းကပ်လာကာ ဟန့်တားနှောင့်ယှက်ခဲ့တာဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောဆိုခဲ့ပါတယ်။
ဗြိတိန်ဟာ အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် ၎င်းတို့ရဲ့ ရေနံတင်သင်္ဘောကို သိမ်းပိုက်ခဲ့တာ ဖြစ်တယ်လို့ မူဆာဗီက စွပ်စွဲခဲ့ပါတယ်။ ယင်းကဲ့သို့ ဥပဒေနဲ့မညီတဲ့ လုပ်ဆောင်ချက်တွေကြောင့် ပါရှန် ပင်လယ်ကွေ့မှာ တင်းမာမှုတွေ မြင့်တက်လာနိုင်ကြောင်းလည်း မူဆာဗီက သတိပေးခဲ့ပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : Reuters

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။