Skip to main content
မိခင္ဘာသာစကားမတတ္ျခင္းမွာဂုဏ္ယူစရာမဟုတ္ဟု ေဒၚေအာင္ဆန္းစုၾကည္ သတိေပး
Ads Block

မိခင္ဘာသာစကားမတတ္ျခင္းမွာဂုဏ္ယူစရာမဟုတ္ဟု ေဒၚေအာင္ဆန္းစုၾကည္ သတိေပး

ျမန္မာႏုိင္ငံတြင္ ျမန္မာဘာသာစကားမတတ္ျခင္းကို ဂုဏ္ယူစရာတစ္ခုကဲ့သို႔ျမင္ေနၾကၿပီး မိခင္ဘာသာစကား မတတ္ျခင္းမွာ ဂုဏ္ယူစရာမဟုတ္ေၾကာင္း ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္က ေျပာလုိက္သည္။
ေနျပည္ေတာ္ရွိ ပညာေရး၀န္ႀကီးဌာနစုေ၀ခန္းမတြင္ ဇူလုိင္ ၁၀ ရက္ကက်င္းပသည့္ ရန္ကုန္တကၠသုိလ္ ႏွစ္ ၁၀၀ ျပည့္ ရာျပည့္သဘင္အခမ္းအနားက်င္းပႏုိင္ေရးညွိနႈိင္းအစည္းအေ၀းတြင္ ယခုကဲ့သို႔ေျပာျခင္း ျဖစ္သည္။
“အခုအခ်ိန္မွာဆိုရင္ အဂၤလိပ္ဘာသာစကားက တစ္ကမာၻလံုးသံုးေနတဲ့ဘာသာစကားျဖစ္သြားပါၿပီ။ တစ္ကမာၻလံုးကသံုးေနတဲ့ ဘာသာစကား၊ ေနာက္ၿပီးေတာ့ အထူးသျဖင့္ ကၽြန္မတို႔ရဲ႕ IT Revolution ပါ။ ဆက္သြယ္ေရးေတာ္လွန္ေရးနဲ႔ပတ္သက္ေနတဲ့ေနရာမွာဆိုလည္း ဒီဘာသာစကားကိုမတတ္လို႔၊ မကၽြမ္းက်င္လို႔ မျဖစ္ဘူးဆိုေတာ့ ဒါကိုအဆင့္ျမင့္ဖို႔လုပ္တယ္ဆိုတာလက္ေတြ႔က်က်လုပ္တာပါ။ ဘာသာစကားအမ်ားႀကီးကုိ ကၽြန္မတို႔ရဲ႕ ႏုိင္ငံသူ၊ ႏိုင္ငံသားေတြကိုတတ္ေစခ်င္ပါတယ္။ ဒါေပမယ့္ လက္ေတြ႔က်က်ကေတာ့ တစ္ကမာၻလံုးကသံုးေနတဲ့ဘာသာစကားကုိ ကၽြမ္းက်င္ရမယ္။ ဒီလိုေျပာတဲ့အခ်ိန္မွာတစ္ခါတည္း ကၽြန္မ ထည့္ၿပီးေျပာခ်င္ပါတယ္။ ကၽြန္မတို႔ရဲ႕ဘာသာစကားကိုလည္းမေမ့ဖို႔လိုပါတယ္။ အဲဒါကိုလည္း ဂုဏ္ယူတတ္ဖို႔ လိုပါတယ္။ တခ်ဳိ႕အသိုင္းအ၀ုိင္းေတြမွာဆိုရင္ အဂၤလိပ္ဘာသာစကားသင္ေပးရံုတင္မကဘဲ ျမန္မာဘာသာ စကားေကာင္းေကာင္းမတတ္တာကိုေတာင္မွ ဂုဏ္ယူရမလိုျမင္ေနတာေတြရွိပါတယ္။ ဒါဂုဏ္ယူစရာ အေၾကာင္းဘာမွမရွိပါဘူး။ ဘယ္ေလာက္ပဲ ႏိုင္ငံျခားဘာသာစကားေတြ၊ ဘယ္ႏွစ္ခုပဲဘယ္ေလာက္ ကၽြမ္းက်င္ကၽြမ္းက်င္ ကိုယ့္မိခင္ဘာသာစကားကိုမွ မတတ္ဘူးဆိုတာဘာမွ ဂုဏ္ယူစရာအေၾကာင္းမရွိဘူး ဆိုတာလည္း ကၽြန္မအေနနဲ႔ သတိေပးခ်င္ပါတယ္’’ဟု ေဒၚေအာင္ဆန္းစုၾကည္ကေျပာသည္။
ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္၏ ျပည္ပခရီးစဥ္မ်ားတြင္ ျမန္မာႏုိင္ငံသားမ်ားျဖင့္ ေတြ႔ဆုံပါက ျမန္မာစကားျဖင့္သာေျပာၾကားခုိင္းၿပီး ႏုိင္ငံျခားဧည့္သည္မ်ားႏွင့္သာ အဂၤလိပ္ဘာသာစကား သုံးႏႈန္းေျပာဆုိေၾကာင္းသိရသည္။
လက္ရွိတြင္ ျမန္မာႏုိင္ငံရွိ အစုိးရဌာနဆုိင္ရာမ်ား၏တရား၀င္ရုံးသုံးဘာသာစကားမွာ ျမန္မာဘာသာစကား ျဖစ္သည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

မြန်မာနိုင်ငံတွင် မြန်မာဘာသာစကားမတတ်ခြင်းကို ဂုဏ်ယူစရာတစ်ခုကဲ့သို့မြင်နေကြပြီး မိခင်ဘာသာစကား မတတ်ခြင်းမှာ ဂုဏ်ယူစရာမဟုတ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။
နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနစုဝေခန်းမတွင် ဇူလိုင် ၁၀ ရက်ကကျင်းပသည့် ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်အခမ်းအနားကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးတွင် ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။
“အခုအချိန်မှာဆိုရင် အင်္ဂလိပ်ဘာသာစကားက တစ်ကမ္ဘာလုံးသုံးနေတဲ့ဘာသာစကားဖြစ်သွားပါပြီ။ တစ်ကမ္ဘာလုံးကသုံးနေတဲ့ ဘာသာစကား၊ နောက်ပြီးတော့ အထူးသဖြင့် ကျွန်မတို့ရဲ့ IT Revolution ပါ။ ဆက်သွယ်ရေးတော်လှန်ရေးနဲ့ပတ်သက်နေတဲ့နေရာမှာဆိုလည်း ဒီဘာသာစကားကိုမတတ်လို့၊ မကျွမ်းကျင်လို့ မဖြစ်ဘူးဆိုတော့ ဒါကိုအဆင့်မြင့်ဖို့လုပ်တယ်ဆိုတာလက်တွေ့ကျကျလုပ်တာပါ။ ဘာသာစကားအများကြီးကို ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေကိုတတ်စေချင်ပါတယ်။ ဒါပေမယ့် လက်တွေ့ကျကျကတော့ တစ်ကမ္ဘာလုံးကသုံးနေတဲ့ဘာသာစကားကို ကျွမ်းကျင်ရမယ်။ ဒီလိုပြောတဲ့အချိန်မှာတစ်ခါတည်း ကျွန်မ ထည့်ပြီးပြောချင်ပါတယ်။ ကျွန်မတို့ရဲ့ဘာသာစကားကိုလည်းမမေ့ဖို့လိုပါတယ်။ အဲဒါကိုလည်း ဂုဏ်ယူတတ်ဖို့ လိုပါတယ်။ တချို့အသိုင်းအဝိုင်းတွေမှာဆိုရင် အင်္ဂလိပ်ဘာသာစကားသင်ပေးရုံတင်မကဘဲ မြန်မာဘာသာ စကားကောင်းကောင်းမတတ်တာကိုတောင်မှ ဂုဏ်ယူရမလိုမြင်နေတာတွေရှိပါတယ်။ ဒါဂုဏ်ယူစရာ အကြောင်းဘာမှမရှိပါဘူး။ ဘယ်လောက်ပဲ နိုင်ငံခြားဘာသာစကားတွေ၊ ဘယ်နှစ်ခုပဲဘယ်လောက် ကျွမ်းကျင်ကျွမ်းကျင် ကိုယ့်မိခင်ဘာသာစကားကိုမှ မတတ်ဘူးဆိုတာဘာမှ ဂုဏ်ယူစရာအကြောင်းမရှိဘူး ဆိုတာလည်း ကျွန်မအနေနဲ့ သတိပေးချင်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြည်ပခရီးစဉ်များတွင် မြန်မာနိုင်ငံသားများဖြင့် တွေ့ဆုံပါက မြန်မာစကားဖြင့်သာပြောကြားခိုင်းပြီး နိုင်ငံခြားဧည့်သည်များနှင့်သာ အင်္ဂလိပ်ဘာသာစကား သုံးနှုန်းပြောဆိုကြောင်းသိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံရှိ အစိုးရဌာနဆိုင်ရာများ၏တရားဝင်ရုံးသုံးဘာသာစကားမှာ မြန်မာဘာသာစကား ဖြစ်သည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။