Skip to main content
ျမန္မာႏိုင္ငံအနာဂတ္ ရင္ေလးစရာေကာင္းေၾကာင္း ျပည္ခုိင္ၿဖဳိးပါတီဥကၠ႒ ဦးသန္းေဌး ေျပာ
Ads Block

ျမန္မာႏိုင္ငံအနာဂတ္ ရင္ေလးစရာေကာင္းေၾကာင္း ျပည္ခုိင္ၿဖဳိးပါတီဥကၠ႒ ဦးသန္းေဌး ေျပာ

လုပ္ကုိင္ခြင့္ရွိသူအခ်ိဳ႕၏အမွားအယြင္းမ်ားေၾကာင့္ ျမန္မာျပည္အနာဂတ္မွာ ရင္ေလးစရာေကာင္းေၾကာင္း ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေဌးကေျပာလုိက္သည္။

ျမန္မာႏိုင္ငံအနာဂတ္ ရင္ေလးစရာေကာင္းေၾကာင္း ျပည္ခုိင္ၿဖဳိးပါတီဥကၠ႒ ဦးသန္းေဌး ေျပာ


ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္၊ ဒကၡိဏသီရိခ႐ုိင္၊ ဒကိၡဏသီရိၿမိဳ႕နယ္တြင္ ဇူလုိင္လ ဒုတိယအပတ္အတြင္း ျပည္ေထာင္စုၾကံ့ခိုင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီမွ က်င္းပသည့္ ပညာရည္ခြၽန္ဆုေပးပြဲ အခမ္းအနားတြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။
“လူမ်ိဳးအတြက္ႏုိင္ငံေရးတာ၀န္ေတြကုိထမ္းေဆာင္ရတဲ့အခါမွာ ဒီလူမႈအဖြဲ႔အစည္းကုိ ဘယ္လုိထိန္းေက်ာင္းရမယ္ဆုိတာအၿမဲတမ္းပူပန္ေနတယ္။ အဲဒီေတာ့ဒီဟာေတြကုိထိန္းသိမ္းဖုိ႔မွာ ေ၀းေ၀းသြားမၾကည့္ၾကပါနဲ႔။ ေဟာဒီျမန္မာ့လူ႔အဖြဲ႔အစည္းထဲမွာပဲ သင္ၾကားေလ့က်င့္ေပးခဲ့တဲ့က်င့္၀တ္ေတြမွာပဲ ရွိတယ္။တပည့္ဆုိရင္ တပည့္က်င့္၀တ္ထဲမွာလုိက္နာရမယ့္ ၅ ခု၊ ဒီတုိ႔လူ႔အဖြဲ႔အစည္းထဲမွာရွိတယ္။ ဒီေန႔လူ႔အဖြဲ႔အစည္းဟာ လုပ္ကုိင္ခြင့္ရွိသူတခ်ိဳ႕ရဲ႕အမွားအယြင္းေတြေၾကာင့္ အနာဂတ္မွာ ရင္ေလးစရာေကာင္းတယ္။ ဒါေတြဟာ ေဟာဒီႏုိင္ငံ၊ ေဟာဒီလူမ်ိဳးအတြက္ လုိအပ္ရင္အစုိးရကုိေထာက္ျပ၊ အစုိးရကမလုပ္ေပးႏုိင္တာသူ႔အပုိင္းပဲ။ ခင္ဗ်ားတုိ႔မလုပ္ရင္က်ဳပ္တုိ႔လုပ္မယ္။ ဒီစကားေတြက အၿမဲတမ္းေျပာေနတာပဲ’’ ဟု ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေဌးက ေျပာသည္။
၂၀၁၉ ခုႏွစ္အတြင္း ကေလးသူငယ္အခြင့္အေရးဥပေဒျပင္ဆင္ျပ႒ာန္းခ်က္ကို ျပည္ခုိင္ၿဖိဳးပါတီ၀င္အခ်ိဳ႔မွ ဆႏၵထုတ္ေဖာ္မႈတုိ႔ ရွိခဲ့သည္။
အဆုိပါ ကေလးသူငယ္ဥပေဒတြင္ ကေလးေမြးစားခြင့္သည္ ႏုိင္ငံသားမဟုတ္သည့္ကေလးမ်ားကုိပါ ေမြးစားခြင့္ေပးထားၿပီး ၄င္းသည္ ၁၉၈၂ ခုႏွစ္ႏုိင္ငံသားျဖစ္မႈဥပေဒႏွင့္ကြဲလြဲေနေၾကာင္း လ၀က၀န္ႀကီးေဟာင္း ဦးခင္ရီကလည္းေထာက္ျပေျပာဆုိထားသည္။
လက္ရွိတြင္ ျပည္ခုိင္ၿဖဳိးပါတီသည္ အတုိက္အခံပါတီအျဖစ္ရပ္တည္ေနၿပီး ႏုိင္ငံေတာ္သမၼတအား ေတြ႔ဆုံခြင့္ ေတာင္းခံထားေသာ္လည္း ေတြ႔ဆုံခြင့္မရေၾကာင္း သတင္းထုတ္ျပန္ထားသည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

လုပ်ကိုင်ခွင့်ရှိသူအချို့၏အမှားအယွင်းများကြောင့် မြန်မာပြည်အနာဂတ်မှာ ရင်လေးစရာကောင်းကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကပြောလိုက်သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိခရိုင်၊ ဒက္ခိဏသီရိမြို့နယ်တွင် ဇူလိုင်လ ဒုတိယအပတ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျင်းပသည့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“လူမျိုးအတွက်နိုင်ငံရေးတာဝန်တွေကိုထမ်းဆောင်ရတဲ့အခါမှာ ဒီလူမှုအဖွဲ့အစည်းကို ဘယ်လိုထိန်းကျောင်းရမယ်ဆိုတာအမြဲတမ်းပူပန်နေတယ်။ အဲဒီတော့ဒီဟာတွေကိုထိန်းသိမ်းဖို့မှာ ဝေးဝေးသွားမကြည့်ကြပါနဲ့။ ဟောဒီမြန်မာ့လူ့အဖွဲ့အစည်းထဲမှာပဲ သင်ကြားလေ့ကျင့်ပေးခဲ့တဲ့ကျင့်ဝတ်တွေမှာပဲ ရှိတယ်။တပည့်ဆိုရင် တပည့်ကျင့်ဝတ်ထဲမှာလိုက်နာရမယ့် ၅ ခု၊ ဒီတို့လူ့အဖွဲ့အစည်းထဲမှာရှိတယ်။ ဒီနေ့လူ့အဖွဲ့အစည်းဟာ လုပ်ကိုင်ခွင့်ရှိသူတချို့ရဲ့အမှားအယွင်းတွေကြောင့် အနာဂတ်မှာ ရင်လေးစရာကောင်းတယ်။ ဒါတွေဟာ ဟောဒီနိုင်ငံ၊ ဟောဒီလူမျိုးအတွက် လိုအပ်ရင်အစိုးရကိုထောက်ပြ၊ အစိုးရကမလုပ်ပေးနိုင်တာသူ့အပိုင်းပဲ။ ခင်ဗျားတို့မလုပ်ရင်ကျုပ်တို့လုပ်မယ်။ ဒီစကားတွေက အမြဲတမ်းပြောနေတာပဲ’’ ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။
၂၀၁၉ ခုနှစ်အတွင်း ကလေးသူငယ်အခွင့်အရေးဥပဒေပြင်ဆင်ပြဋ္ဌာန်းချက်ကို ပြည်ခိုင်ဖြိုးပါတီဝင်အချို့မှ ဆန္ဒထုတ်ဖော်မှုတို့ ရှိခဲ့သည်။
အဆိုပါ ကလေးသူငယ်ဥပဒေတွင် ကလေးမွေးစားခွင့်သည် နိုင်ငံသားမဟုတ်သည့်ကလေးများကိုပါ မွေးစားခွင့်ပေးထားပြီး ၎င်းသည် ၁၉၈၂ ခုနှစ်နိုင်ငံသားဖြစ်မှုဥပဒေနှင့်ကွဲလွဲနေကြောင်း လဝက၀န်ကြီးဟောင်း ဦးခင်ရီကလည်းထောက်ပြပြောဆိုထားသည်။
လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီသည် အတိုက်အခံပါတီအဖြစ်ရပ်တည်နေပြီး နိုင်ငံတော်သမ္မတအား တွေ့ဆုံခွင့် တောင်းခံထားသော်လည်း တွေ့ဆုံခွင့်မရကြောင်း သတင်းထုတ်ပြန်ထားသည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။