Skip to main content
ဂ်ာမန္ ခရီးသြား အမ်ဳိးသမီးကုိ မုဒိမ္းက်င့္ သတ္ျဖတ္ခဲ့တဲ့ ထုိင္း အမ်ဳိးသား ေသဒဏ္က်
Ads Block

ဂ်ာမန္ ခရီးသြား အမ်ဳိးသမီးကုိ မုဒိမ္းက်င့္ သတ္ျဖတ္ခဲ့တဲ့ ထုိင္း အမ်ဳိးသား ေသဒဏ္က်

ထုိင္းႏုိင္ငံ အပန္းေျဖကၽြန္းတစ္ခုမွာ ဂ်ာမန္ခရီးသြား အမ်ဳိးသမီးတစ္ဦးကုိ မုဒိမ္းက်င့္သတ္ျဖတ္ခဲ့မႈနဲ ့ အတုိအစေကာက္ ထုိင္းအမ်ဳိးသားကုိ ေသဒဏ္ခ်မွတ္လုိက္ေၾကာင္း သိရပါတယ္။
ၿပီးခဲ့တဲ့ ဧၿပီလအတြင္းက ထုိင္း ပင္လယ္ေကြ ့ရွိ ေကာ့စီခ်န္ကၽြန္းေပၚမွာ အခင္းျဖစ္ရပ္ ျဖစ္ပြားခဲ့တာျဖစ္ၿပီး သစ္ရြက္ေျခာက္ေတြ၊ ေက်ာက္တုံး ေက်ာက္ခဲေတြေအာက္ ဖုံးထားခဲ့တဲ့ အသက္ ၂၇ ႏွစ္ အရြယ္ ဂ်ာမန္အမ်ဳိးသမီးရဲ႕ အေလာင္းကုိ ေတြ ့ရွိခဲ့အၿပီး နာရီအေတာ္ၾကာမွာပဲ က်ဴးလြန္သူ ရြန္နာကြန္ ရုိမေရာင္ကုိ ရဲက ဖမ္းဆီးႏုိင္ခဲ့ပါတယ္။
ထုိင္း တရားရုံး တစ္ရုံးက က်ဴးလြန္သူမွာ အျပစ္ထင္ရွားေၾကာင္း ဆုံးျဖတ္ခဲ့ကာ ဇူလုိင္ ၁၀ ရက္ေန ့မွာ ေသဒဏ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ အမ်ဳိးသမီးကုိ မုဒိမ္းက်င့္ခ့ဲစဥ္က ရြန္နာကြန္ဟာ မူးယစ္ေဆးသုံးထားခဲ့တယ္လုိ ့လည္း တရားရုံးက ဆိုပါတယ္။ အမ်ဳိးသမီးက ထြက္ေျပးဖုိ ့လုပ္စဥ္မွာ ၄င္းဟာ သူမရဲ႕ ဦးေခါင္းနဲ ့မ်က္ႏွာတုိ ့ကုိ ေက်ာက္တုံးနဲ ့ထုရုိက္ပစ္ခဲ့တာပါ။ အဆုိပါ ျပင္းထန္တဲ့ ဒဏ္ရာ ဒဏ္ခ်က္ေတြေၾကာင့္ပဲ အမ်ဳိးသမီး ေသဆုံးခဲ့ရတယ္လုိ ့ တရားရုံးက ထုတ္ျပန္ခဲ့ပါတယ္။
ဂ်ာမန္အမ်ဳိးသမီးကုိ မုဒိမ္းက်င့္၊ သတ္ျဖတ္ကာ အေလာင္းေဖ်ာက္ခဲ့ျခင္းနဲ ့ မူးယစ္ေဆး သုံးခဲ့တယ္ဆုိတဲ့ စြဲခ်က္အားလုံးမွာ အျပစ္ရွိေၾကာင္း ရြန္နာကြန္က ၀န္ခံခဲ့ပါတယ္။
ထုိင္းႏုိင္ငံမွာ ၂၀၀၉ ခုႏွစ္ေနာက္ပုိင္း ပထမဆုံးအႀကိမ္အျဖစ္ ၿပီးခဲ့တဲ့ႏွစ္က အသက္ ၂၆ ႏွစ္အရြယ္ ေသဒဏ္က် အက်ဥ္းသားကုိ ေဆးထုိး ကြပ္မ်က္ခဲ့ပါတယ္။
လူ ့အခြင့္အေရး အဖြဲ ့ေတြကေတာ့ ဆယ္စုႏွစ္တစ္ခုၾကာ ရပ္ဆုိင္းထားခဲ့တဲ့ ကြပ္မ်က္စီရင္မႈကုိ ျပန္လည္က်င့္သုံးခဲ့တာဟာ အလြန္ဆုိး၀ါးတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ေၾကာင္း ရႈတ္ခ်ခဲ့ၾကပါတယ္။

- ကုိလင္း (အကုန္သိ သတင္းဌာန) | Ref : CNA

Unicode Version

 

ထိုင်းနိုင်ငံ အပန်းဖြေကျွန်းတစ်ခုမှာ ဂျာမန်ခရီးသွား အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့မှုနဲ့ အတိုအစကောက် ထိုင်းအမျိုးသားကို သေဒဏ်ချမှတ်လိုက်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းက ထိုင်း ပင်လယ်ကွေ့ရှိ ကော့စီချန်ကျွန်းပေါ်မှာ အခင်းဖြစ်ရပ် ဖြစ်ပွားခဲ့တာဖြစ်ပြီး သစ်ရွက်ခြောက်တွေ၊ ကျောက်တုံး ကျောက်ခဲတွေအောက် ဖုံးထားခဲ့တဲ့ အသက် ၂၇ နှစ် အရွယ် ဂျာမန်အမျိုးသမီးရဲ့ အလောင်းကို တွေ့ရှိခဲ့အပြီး နာရီအတော်ကြာမှာပဲ ကျူးလွန်သူ ရွန်နာကွန် ရိုမရောင်ကို ရဲက ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ထိုင်း တရားရုံး တစ်ရုံးက ကျူးလွန်သူမှာ အပြစ်ထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ကာ ဇူလိုင် ၁၀ ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးကို မုဒိမ်းကျင့်ခဲ့စဉ်က ရွန်နာကွန်ဟာ မူးယစ်ဆေးသုံးထားခဲ့တယ်လို့လည်း တရားရုံးက ဆိုပါတယ်။ အမျိုးသမီးက ထွက်ပြေးဖို့လုပ်စဉ်မှာ ၎င်းဟာ သူမရဲ့ ဦးခေါင်းနဲ့မျက်နှာတို့ကို ကျောက်တုံးနဲ့ထုရိုက်ပစ်ခဲ့တာပါ။ အဆိုပါ ပြင်းထန်တဲ့ ဒဏ်ရာ ဒဏ်ချက်တွေကြောင့်ပဲ အမျိုးသမီး သေဆုံးခဲ့ရတယ်လို့ တရားရုံးက ထုတ်ပြန်ခဲ့ပါတယ်။
ဂျာမန်အမျိုးသမီးကို မုဒိမ်းကျင့်၊ သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့ခြင်းနဲ့ မူးယစ်ဆေး သုံးခဲ့တယ်ဆိုတဲ့ စွဲချက်အားလုံးမှာ အပြစ်ရှိကြောင်း ရွန်နာကွန်က ဝန်ခံခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့နှစ်က အသက် ၂၆ နှစ်အရွယ် သေဒဏ်ကျ အကျဉ်းသားကို ဆေးထိုး ကွပ်မျက်ခဲ့ပါတယ်။
လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဆယ်စုနှစ်တစ်ခုကြာ ရပ်ဆိုင်းထားခဲ့တဲ့ ကွပ်မျက်စီရင်မှုကို ပြန်လည်ကျင့်သုံးခဲ့တာဟာ အလွန်ဆိုးဝါးတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ရှုတ်ချခဲ့ကြပါတယ်။

- ကိုလင်း (အကုန်သိ သတင်းဌာန) | Ref : CNA

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။