Skip to main content
၆၄ ႏွစ္အရြယ္အမ်ိဳးသမီးတစ္ဦး လည္ပင္းလွီးသတ္ခံထားရမႈႏွင့္ပတ္သက္၍ စံုစမ္းစစ္ေဆးေန
Ads Block

၆၄ ႏွစ္အရြယ္အမ်ိဳးသမီးတစ္ဦး လည္ပင္းလွီးသတ္ခံထားရမႈႏွင့္ပတ္သက္၍ စံုစမ္းစစ္ေဆးေန

မႏၱေလးတိုင္းေဒသႀကီး၊ သာစည္ၿမိဳ႕နယ္၌ အသက္ ၆၄ ႏွစ္အရြယ္အမ်ိဳးသမီးႀကီးတစ္ဦး လည္ပင္းလွီးသတ္ခံရမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ သာစည္ၿမိဳ႕နယ္၊ ကြမ္းၿခံရိုးေက်းရြာ၊ ေျမာက္ဘက္ႏွမ္းကန္သင္းေဘး၌ ဇူလိုင္လ ၁၁ ရက္၊ ညေန ၄ နာရီခြဲ၀န္းက်င္က အမ်ိဳးသမီးတစ္ဦးလည္ပင္းျပတ္ရွဒဏ္ရာျဖင့္အသတ္ခံထားရသည့္သတင္းေၾကာင့္ တာ၀န္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ၾကသည္။
စစ္ေဆးခ်က္အရေသဆံုးသူမွာ ကြမ္းၿခံရိုးေက်းရြာေန ေဒၚေရႊျမင့္၊ (၆၄)ႏွစ္ျဖစ္ၿပီး လည္ပင္း၌ တံစဥ္းျဖင့္လွီးျဖတ္သည္ဟုယူဆရေသာဒဏ္ရာျဖင့္ေသဆံုးေနသည့္အတြက္ အေလာင္းကိုရဲေဆးစာျဖင့္ ရင္ခြဲရံုသို႔တင္ပို႔ေပးခဲ့သည္။
“မနက္ ၇ နာရီေလာက္ကတည္းကေျပာင္းခင္းထဲကိုသြားလိုက္ဦးမယ္ဆိုၿပီးေတာ့ထြက္သြားတာ အိမ္ျပန္လာခ်ိန္မေရာက္ရွိလာဘဲ တစ္ေနကုန္ေပ်ာက္ေနတဲ့အတြက္ သမီးျဖစ္သူနဲ႔ ဖခင္ျဖစ္သူတို႔က လိုက္ရွာတဲ့အခါမွာ အခုလိုလည္ပင္းျပတ္ရွဒဏ္ရာနဲ႔ေတြ႔ရွိတာလို႔ သိရတယ္။ ျပစ္မႈက်ဴးလြန္သူကိုေတာ့ မမိေသးပါဘူး” ဟုသာစည္ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
အမႈႏွင့္ပတ္သက္၍ ေသဆံုးသူ၏သမီးမသက္သက္ဦး(၄၀)ႏွစ္ကတရားလိုျပဳလုပ္တိုင္တန္းသျဖင့္ သာစည္ၿမိဳ႕မရဲစခန္း၌ လူသတ္မႈျဖင့္အမႈဖြင့္ကာ ျပစ္မႈက်ဴးလြန္သူကိုဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း သတင္းရရွိသည္။

- ဒါးဇ ( အကုန္သိ သတင္းဌာန )  | Source - ေရႊေမာင္ေမာင္(မိတၳီလာ)

Unicode Version

 

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ အသက် ၆၄ နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦး လည်ပင်းလှီးသတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သာစည်မြို့နယ်၊ ကွမ်းခြံရိုးကျေးရွာ၊ မြောက်ဘက်နှမ်းကန်သင်းဘေး၌ ဇူလိုင်လ ၁၁ ရက်၊ ညနေ ၄ နာရီခွဲဝန်းကျင်က အမျိုးသမီးတစ်ဦးလည်ပင်းပြတ်ရှဒဏ်ရာဖြင့်အသတ်ခံထားရသည့်သတင်းကြောင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။
စစ်ဆေးချက်အရသေဆုံးသူမှာ ကွမ်းခြံရိုးကျေးရွာနေ ဒေါ်ရွှေမြင့်၊ (၆၄)နှစ်ဖြစ်ပြီး လည်ပင်း၌ တံစဉ်းဖြင့်လှီးဖြတ်သည်ဟုယူဆရသောဒဏ်ရာဖြင့်သေဆုံးနေသည့်အတွက် အလောင်းကိုရဲဆေးစာဖြင့် ရင်ခွဲရုံသို့တင်ပို့ပေးခဲ့သည်။
“မနက် ၇ နာရီလောက်ကတည်းကပြောင်းခင်းထဲကိုသွားလိုက်ဦးမယ်ဆိုပြီးတော့ထွက်သွားတာ အိမ်ပြန်လာချိန်မရောက်ရှိလာဘဲ တစ်နေကုန်ပျောက်နေတဲ့အတွက် သမီးဖြစ်သူနဲ့ ဖခင်ဖြစ်သူတို့က လိုက်ရှာတဲ့အခါမှာ အခုလိုလည်ပင်းပြတ်ရှဒဏ်ရာနဲ့တွေ့ရှိတာလို့ သိရတယ်။ ပြစ်မှုကျူးလွန်သူကိုတော့ မမိသေးပါဘူး” ဟုသာစည်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အမှုနှင့်ပတ်သက်၍ သေဆုံးသူ၏သမီးမသက်သက်ဦး(၄၀)နှစ်ကတရားလိုပြုလုပ်တိုင်တန်းသဖြင့် သာစည်မြို့မရဲစခန်း၌ လူသတ်မှုဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကိုဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

- ဒါးဇ ( အကုန်သိ သတင်းဌာန ) | Source - ရွှေမောင်မောင်(မိတ္ထီလာ)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။