Skip to main content
သီရိလင်္ကာမှာ အမျိုးသမီးတွေကို အမြုံဖြစ်အောင်လုပ်ခဲ့မှုဖြင့် မွတ်ဆလင်ဆရာဝန်တစ်ဦး စွပ်စွဲခံထားရ
Ads Block
သီရိလင်္ကာမှာ အမျိုးသမီးတွေကို အမြုံဖြစ်အောင်လုပ်ခဲ့မှုဖြင့် မွတ်ဆလင်ဆရာဝန်တစ်ဦး စွပ်စွဲခံထားရ
ပြီးခဲ့တဲ့ မေလအတွင်း အဖမ်းခံလိုက်ရချိန်မှစကာ ဆရာဝန် ရှီဂူ ရှီဟာဒင် မိုဟာမက်ရှာဖီ ရဲ့ အမှုဟာ သီရိလင်္ကာနိုင်ငံမှာ တစ်နိုင်ငံလုံး စိတ်ဝင်စားလာရတဲ့ အမှုဖြစ်ခဲ့ပြီး ၄င်းဟာ ဆင်ဟာလိစ် ဗုဒ္ဓဘာသာဝင် အများစုနိုင်ငံမှာ အမျိုးသမီးတွေကို အမြုံဖြစ်အောင်လုပ်ခဲ့မှုနဲ့  စွပ်စွဲခံခဲ့ရပါတယ်။ အမည်နာမ မသိရတဲ့ ဆရာဝန်တစ်ဦးဟာ ဗိုက်ခွဲ မီးဖွားမှုတွေလုပ်ခဲ့တဲ့ အမျိုးသမီး ၄၀၀၀ လောက်ကို သားမြုံအောင် လုပ်ပစ်ခဲ့ကြောင်း သတင်းစာတစ်စောင်က ထုတ်ဖော်ရေးသားခဲ့ပြီး နှစ်ရက်အကြာမှာ ၄င်း ဆရာဝန်ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ကြာသပတေးနေ့ က Kurunegala ဒေသ တရားရုံးမှာ ၄င်းအပေါ် စွဲချက်တွေအတွက် ပထမဆုံးအကြိမ် ကြားနာမှုကို ရဲ၊ စစ်သား အစောင့်အရှောက်တွေနဲ့ အတူ ရှာဖီ ရောက်ရှိလာခဲ့ပါတယ်။ တရားရုံးကြားနာမှုအတွင်း အမြုံဖြစ်အောင်လုပ်ခဲ့တယ်လို့  ၄င်းအပေါ် စွပ်စွဲထားခဲ့ကြတဲ့ အမျိုးသမီး အချို့ အပါအ၀င် လူဒါဇင်ချီ လာရောက်နားထောင်ခဲ့ကြတာပါ။
အမြုံဖြစ်သွားခြင်းဆိုတဲ့ စွပ်စွဲချက်တွေမှာ ၄င်း ဆရာဝန်အပေါ် စွပ်စွဲတဲ့ အမျိုးသမီးတွေအနေနဲ့  စမ်းသပ်မှုတွေ လုပ်ဆောင်ရမှာဖြစ်ကာ ရာဇ၀တ်မှုမြောက်ကြောင်း ထင်ရှားစေမှသာ တရားစွဲဆိုနိုင်မယ့် ကိစ္စမျိုးဖြစ်ကြောင်း လက်ထောက် ဥပဒေအကြံပေးချုပ် သူစီသာမတ်ဟာလိက ပြောဆိုခဲ့ပါတယ်။
“ အမျိုးသမီးတွေက (စမ်းသပ်ရန်) သဘောမတူဘူးဆိုရင် ကျွန်တော်တို့ အနေနဲ့  တရားစွဲလို့  မရပါဘူး” လို့  ၄င်းက ပြောဆိုခဲ့ပါတယ်။
Unicode Version
သီရိလင်္ကာနိုင်ငံမှာ မွတ်ဆလင် ဆရာဝန်တစ်ဦးက ဗုဒ္ဓဘာသာဝင် လူနာအမျိုးသမီးတွေကို အမြုံဖြစ်အောင် လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး ခိုင်မာတဲ့ စစ်ဆေးစမ်းသပ်မှုတွေ လုပ်ဖို့ လိုအပ်ဦးမှာဖြစ်ကြောင်း ရှေ့တွေက ပြောဆိုခဲ့ပါတယ်။ ၎င်း ဆရာဝန်ဟာ အကြမ်းဖက်အုပ်စုတွေနဲ့ ဆက်နွယ်ခြင်း၊ ငွေကြေးခဝါချခြင်းဆိုတဲ့ စွဲချက်တွေမှာတော့ ခိုင်မာတဲ့ အထောက်အထားမရှိခဲ့ဘူးလို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်း အဖမ်းခံလိုက်ရချိန်မှစကာ ဆရာဝန် ရှီဂူ ရှီဟာဒင် မိုဟာမက်ရှာဖီ ရဲ့ အမှုဟာ သီရိလင်္ကာနိုင်ငံမှာ တစ်နိုင်ငံလုံး စိတ်ဝင်စားလာရတဲ့ အမှုဖြစ်ခဲ့ပြီး ၎င်းဟာ ဆင်ဟာလိစ် ဗုဒ္ဓဘာသာဝင် အများစုနိုင်ငံမှာ အမျိုးသမီးတွေကို အမြုံဖြစ်အောင်လုပ်ခဲ့မှုနဲ့ စွပ်စွဲခံခဲ့ရပါတယ်။ အမည်နာမ မသိရတဲ့ ဆရာဝန်တစ်ဦးဟာ ဗိုက်ခွဲ မီးဖွားမှုတွေလုပ်ခဲ့တဲ့ အမျိုးသမီး ၄၀၀၀ လောက်ကို သားမြုံအောင် လုပ်ပစ်ခဲ့ကြောင်း သတင်းစာတစ်စောင်က ထုတ်ဖော်ရေးသားခဲ့ပြီး နှစ်ရက်အကြာမှာ ၎င်း ဆရာဝန်ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဆရာဝန် ရှာဖီ ကို ထောက်ခံသူတွေကတော့ သူ့မှာ အပြစ်မရှိကြောင်းနဲ့ ဒီစွပ်စွဲချက်တွေဟာ လူ ၂၅၀ ကျော်သေဆုံးခဲ့ရတဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ အီစတာနေ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ပြည်တွင်း လူမှုအသိုင်းအဝိုင်းတွေအကြား မကျေနပ်မှုတွေဖြစ်အောင် ဆွပေးမှုသာဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။
ကြာသပတေးနေ့က Kurunegala ဒေသ တရားရုံးမှာ ၎င်းအပေါ် စွဲချက်တွေအတွက် ပထမဆုံးအကြိမ် ကြားနာမှုကို ရဲ၊ စစ်သား အစောင့်အရှောက်တွေနဲ့အတူ ရှာဖီ ရောက်ရှိလာခဲ့ပါတယ်။ တရားရုံးကြားနာမှုအတွင်း အမြုံဖြစ်အောင်လုပ်ခဲ့တယ်လို့ ၎င်းအပေါ် စွပ်စွဲထားခဲ့ကြတဲ့ အမျိုးသမီး အချို့အပါအဝင် လူဒါဇင်ချီ လာရောက်နားထောင်ခဲ့ကြတာပါ။
ရှာဖီရဲ့ ရှေ့နေကတော့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘဲ လုပ်ကြံဖန်တီးထားတာဖြစ်ကြောင်း ရုံးတော်မှာ ခုခံချေပခဲ့ပါတယ်။ တရားရုံးက ၎င်းရဲ့ အာမခံလျှောက်ထားမှုကို ငြင်းပယ်ခဲ့ပြီး နောက်ရုံးချိန်းဖြစ်တဲ့ ဇူလိုင် ၂၅ ရက်နေ့ထိ ချုပ်နှောင်ထားခွင့် ပေးခဲ့ပါတယ်။
အီစတာဗုံးဖောက်ခွဲမှု နောက်ကွယ်မှာရှိတဲ့ အကြမ်းဖက်အုပ်စုနဲ့ ဆက်နွယ်မှုရှိနေတယ် ဆိုတာနဲ့ငွေကြေးခဝါချမှုလုပ်တယ်ဆိုတဲ့ စွဲချက်တွေမှာတော့ ယုံကြည်လောက်ဖွယ် အထောက်အထား မတွေ့ရှိရကြောင်း စုံစမ်းစစ်ဆေးသူတွေက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အမြုံဖြစ်သွားခြင်းဆိုတဲ့ စွပ်စွဲချက်တွေမှာ ၎င်း ဆရာဝန်အပေါ် စွပ်စွဲတဲ့ အမျိုးသမီးတွေအနေနဲ့ စမ်းသပ်မှုတွေ လုပ်ဆောင်ရမှာဖြစ်ကာ ရာဇဝတ်မှုမြောက်ကြောင်း ထင်ရှားစေမှသာ တရားစွဲဆိုနိုင်မယ့် ကိစ္စမျိုးဖြစ်ကြောင်း လက်ထောက် ဥပဒေအကြံပေးချုပ် သူစီသာမတ်ဟာလိက ပြောဆိုခဲ့ပါတယ်။
“ အမျိုးသမီးတွေက (စမ်းသပ်ရန်) သဘောမတူဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ တရားစွဲလို့ မရပါဘူး” လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။
- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : Reuters
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။