Skip to main content
တရုတ္မွာ မုိးႀကီး ေရလႊမ္းမႈေတြေၾကာင့္ လူ ၆၁ ဦး ေသဆုံးကာ လူဦးေရ ၃ သိန္းခြဲေက်ာ္ ေဘးလြတ္ရာ ေရႊ ့ေျပာင္းရ
Ads Block

တရုတ္မွာ မုိးႀကီး ေရလႊမ္းမႈေတြေၾကာင့္ လူ ၆၁ ဦး ေသဆုံးကာ လူဦးေရ ၃ သိန္းခြဲေက်ာ္ ေဘးလြတ္ရာ ေရႊ ့ေျပာင္းရ

တရုတ္ႏုိင္ငံ ေတာင္ပုိင္းနဲ ့အလယ္ပုိင္း ေဒသအေတာ္မ်ားမ်ားမွာ ယခုသီတင္းပတ္အတြင္း မုိးႀကီးကာ ေရလႊမ္းမုိးမႈေတြျဖစ္ခဲ့တာေၾကာင့္ လူ ၆၁ ဦး ေသဆုံးၿပီး လူဦးေရ ၃၅၆၀၀၀ ေက်ာ္ ေရေဘးလြတ္ရာ တိမ္းေရွာင္ခဲ့ရေၾကာင္း တရုတ္ ကယ္ဆယ္ေရး အာဏာပုိင္ေတြက ေျပာပါတယ္။
တရုတ္ႏုိင္ငံ အေရးေပၚစီမံခန္ ့ခြဲမႈ ၀န္ႀကီးဌာနက ၾကာသပေတးေန ့ အေႏွာင္းပုိင္းမွာ ထုတ္ျပန္ခဲ့ရာမွာ ေရလႊမ္းမုိးမႈေတြေၾကာင့္ ေနအိမ္ ၉၃၀၀ ၿပိဳပ်က္ခဲ့ကာ လယ္ေျမ ၃၇၁၁၀၀ ဟက္တာ ထိခုိက္ပ်က္စီးခဲ့ၿပီး စီးပြားေရးအရ ဆုံးရႈံးမႈတန္ဖုိး ယြမ္ ၁၃.၃၅ ဘီလီယံ(ကန္ ေဒၚလာ ၁.၉၃ ဘီလီယံ) ေလာက္ရွိခဲ့ေၾကာင္း ဆုိခဲ့ပါတယ္။
ယန္စီျမစ္ေရ ျမင့္တက္မႈေၾကာင့္ ကြမ္တုံျပည္နယ္မွသည္ ခ်ဳံကင္းျပည္နယ္တေက်ာ ေရလႊမ္းမုိးခဲ့တဲ့ ေဒသေတြမွာ ေရျပင္ေတြထဲကေန လူ ၄၃၀၀ ဦးေလာက္ကုိ ကယ္ဆယ္ေပးခဲ့ရေၾကာင္း ၀န္ႀကီးဌာနက ေျပာဆုိပါတယ္။
တရုတ္ႏုိင္ငံမွာ ေႏြရာသီကာလေတြအတြင္း ပုံမွန္အားျဖင့္ ေျမာက္ဘက္စြန္းေဒသေတြမွာ မုိးေခါင္မႈဒဏ္ ခံစားရေလ့ရွိကာ ေတာင္ပုိင္းေဒသေတြမွာေတာ့ ေရလႊမ္းမုိးမႈေတြ ျဖစ္ပြားေလ့ရွိပါတယ္။ ေျမာက္ပုိင္းေဒသေတြဟာ ယခုႏွစ္မွာ မုိးေရခ်ိန္ ပုိမုိေလ်ာ့နည္းစြာ ရရွိမႈနဲ ့ရင္ဆုိင္ရႏုိင္ကာ ျမစ္၀ါျမစ္ရဲ႕ ျမစ္ညာပုိင္းေဒသေတြမွာေတာ့ မုိးႀကီးကာ ေရလႊမ္းမုိးႏုိင္တဲ့ အႏၱရာယ္ရွိေနေၾကာင္း အေရးေပၚ စီမံခန္ ့ခြဲေရး ၀န္ႀကီးဌာနက သတိေပးထားခဲ့ပါတယ္။

-  ကိုလင္း  ( အကုန္သိ သတင္းဌာန )  | Ref : Reuters

Unicode Version

 

တရုတ်နိုင်ငံ တောင်ပိုင်းနဲ့အလယ်ပိုင်း ဒေသအတော်များများမှာ ယခုသီတင်းပတ်အတွင်း မိုးကြီးကာ ရေလွှမ်းမိုးမှုတွေဖြစ်ခဲ့တာကြောင့် လူ ၆၁ ဦး သေဆုံးပြီး လူဦးရေ ၃၅၆၀၀၀ ကျော် ရေဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရကြောင်း တရုတ် ကယ်ဆယ်ရေး အာဏာပိုင်တွေက ပြောပါတယ်။
တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဌာနက ကြာသပတေးနေ့ အနှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့ရာမှာ ရေလွှမ်းမိုးမှုတွေကြောင့် နေအိမ် ၉၃၀၀ ပြိုပျက်ခဲ့ကာ လယ်မြေ ၃၇၁၁၀၀ ဟက်တာ ထိခိုက်ပျက်စီးခဲ့ပြီး စီးပွားရေးအရ ဆုံးရှုံးမှုတန်ဖိုး ယွမ် ၁၃.၃၅ ဘီလီယံ(ကန် ဒေါ်လာ ၁.၉၃ ဘီလီယံ) လောက်ရှိခဲ့ကြောင်း ဆိုခဲ့ပါတယ်။
ယန်စီမြစ်ရေ မြင့်တက်မှုကြောင့် ကွမ်တုံပြည်နယ်မှသည် ချုံကင်းပြည်နယ်တကျော ရေလွှမ်းမိုးခဲ့တဲ့ ဒေသတွေမှာ ရေပြင်တွေထဲကနေ လူ ၄၃၀၀ ဦးလောက်ကို ကယ်ဆယ်ပေးခဲ့ရကြောင်း ဝန်ကြီးဌာနက ပြောဆိုပါတယ်။
တရုတ်နိုင်ငံမှာ နွေရာသီကာလတွေအတွင်း ပုံမှန်အားဖြင့် မြောက်ဘက်စွန်းဒေသတွေမှာ မိုးခေါင်မှုဒဏ် ခံစားရလေ့ရှိကာ တောင်ပိုင်းဒေသတွေမှာတော့ ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ မြောက်ပိုင်းဒေသတွေဟာ ယခုနှစ်မှာ မိုးရေချိန် ပိုမိုလျော့နည်းစွာ ရရှိမှုနဲ့ရင်ဆိုင်ရနိုင်ကာ မြစ်ဝါမြစ်ရဲ့ မြစ်ညာပိုင်းဒေသတွေမှာတော့ မိုးကြီးကာ ရေလွှမ်းမိုးနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း အရေးပေါ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနက သတိပေးထားခဲ့ပါတယ်။

-  ကိုလင်း  ( အကုန်သိ သတင်းဌာန ) | Ref : Reuters

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။