Skip to main content
တိုက္စစ္မွဴး ဟီဂြာရင္အား အငွားျဖင့္ ေခၚယူရန္ ၀က္စ္ဟမ္းအသင္း စိတ္၀င္စားေန
Ads Block

တိုက္စစ္မွဴး ဟီဂြာရင္အား အငွားျဖင့္ ေခၚယူရန္ ၀က္စ္ဟမ္းအသင္း စိတ္၀င္စားေန

၀က္စ္ဟမ္းအသင္းသည္ တိုက္စစ္အားနည္းမႈျပႆနာကို ေျဖရွင္းရန္အတြက္ ဂ်ဴဗင္တပ္အသင္း တုိက္စစ္မွဴး ဟီဂြာရင္အား ယခုေႏြရာသီေစ်းကြက္တြင္ တစ္ရာသီအငွားစာခ်ဳပ္ျဖင့္ ေခၚယူရန္ ဆႏၵရွိေနသည္။

တိုက္စစ္မွဴး ဟီဂြာရင္အား အငွားျဖင့္ ေခၚယူရန္ ၀က္စ္ဟမ္းအသင္း စိတ္၀င္စားေန

အာဂ်င္တီးနားတုိက္စစ္မွဴး ဟီဂြာရင္ (၃၁ ႏွစ္)သည္ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီအတြင္းတြင္ ဂ်ဴဗင္တပ္မွ ခ်ဲလ္ဆီးသုိ႔ ၂၀၁၈-၁၉ ခုႏွစ္ ေဘာလံုးရာသီကုန္ခ်ိန္အထိ အငွားျဖင့္ လာေရာက္ကစားခဲ့ကာ ခ်ဲလ္ဆီးအသင္း အတြက္ ၁၈ ပြဲ ကစားခဲ့ရာတြင္ ၅ ဂိုးသာ သြင္းယူႏုိင္ခဲ့သူျဖစ္သည္။ ခ်ဲလ္ဆီအေနျဖင့္ ယခုေႏြရာသီအတြင္း ဟီဂြာရင္အား အၿပီးသတ္ေခၚယူရန္ အခြင့္အေရးရွိေနခဲ့ေသာ္လည္း ႐ုန္းကန္ခဲ့ရသည့္အေျခအေနေၾကာင့္ အၿပီးသတ္ေခၚယူရန္ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ျခင္းမရွိခဲ့ေပ။ ၀က္စ္ဟမ္းအသင္းသည္ ယခုေႏြရာသီေစ်းကြက္တြင္ ဆဲလ္တာဗီဂုိအသင္း တိုက္စစ္မွဴး မက္ဇီဂိုမက္္ဇ္ အား ေခၚယူေရး ႀကိဳးပမ္းမႈ ပ်က္ျပယ္ခဲ့ရၿပီးေနာက္ ဟီဂြာရင္အား အငွားစာခ်ဳပ္ျဖင့္ ေခၚယူရန္ ပစ္မွတ္ထား လာျခင္းျဖစ္သည္။ ယခုေႏြရာသီေစ်းကြက္တြင္ တုိက္စစ္ကစားသမားမ်ားျဖစ္သည့္ အာႏူတိုဗစ္၊ အင္ဒီကာ႐ိုးလ္၊ လူးကပ္စ္ပီရက္ဇ္ စသည့္ တုိက္စစ္ ကစားသမားမ်ားကို ဆံုး႐ံႈးခဲ့ရေသာ္လည္း လက္ရွိအခ်ိန္တြင္ တိ္ုက္စစ္ ကို ျပန္လည္အားျဖည့္ႏုိင္ျခင္းမရွိေသးေပ။ ဟီဂြာရင္သည္ ယခုေႏြရာသီေစ်းကြက္တြင္ ဂ်ဴဗင္တပ္အသင္းမွ ထပ္မံထြက္ခြာျခင္းမျပဳရန္ ျငင္းဆုိထားသည္ဟု ဆုိသည္။ သုိ႔ေသာ္လည္း ဂ်ဴဗင္တပ္အသင္းသည္ နာပိုလီ၊ ခ်ဲလ္ဆီးအသင္းတို႔တြင္ ဟီဂြာရင္ႏွင့္ လက္တြဲခဲ့ဖူးသူ ဆာရီအား အသင္းနည္းျပအသစ္အျဖစ္ ခန္႔အပ္ထားေသာ္လည္း ဟီဂြာရင္သည္ ဂ်ဴဗင္တပ္အသင္း၏ အနာဂတ္တြင္ ပါ၀င္မႈမရွိေတာ့သည့္ ကစားသမားတစ္ဦးအျဖစ္ရွိေနေၾကာင္း သတင္းမ်ား ထြက္ေပၚေနသည္။ ဟီဂြာရင္အေနျဖင့္ လာမည့္ရာသီတြင္ ဂ်ဴဗင္တပ္အသင္း၌ ရွိေနမည္ဆိုပါက ေရာ္နယ္ဒို၊ ဒိုင္ဘာလာ၊ မန္ဇူကစ္စသည့္ တုိက္စစ္ကစားသမားမ်ား၏ ေနာက္တြင္သာ ပါ၀င္ရဖြယ္ရွိသည့္ ကစားသမားတစ္ဦးအျဖစ္ ရွိေနသည္ဟု ဆုိသည္။ ဂ်ဴဗင္တပ္အသင္းတာ၀န္ရွိသူမ်ားသည္ တစ္ပတ္လုပ္ခေငြ ေပါင္ ၂၇၀၀၀၀ ေပးေခ် ေနရသူ ဟီဂြာရင္အား အသင္းမွ ထုတ္ပယ္သြားရန္ ဆႏၵရွိေနသည္။ စီးရီးေအထိပ္တန္းကလပ္အသင္းတစ္သင္းျဖစ္သည့္ ႐ိုမာအသင္းသည္ ဟီဂြာရင္အား ေခၚယူရန္ စိတ္၀င္စား ေနေသာ္လည္း ဟီဂြာရင္အေနျဖင့္ ႐ိုမာအသင္းထံ ေျပာင္းေရႊ႕ရန္ ဆႏၵမရိွေၾကာင္း သိရသည္။

-  အကုန္သိ သတင္းဌာန 

Unicode Version

 

ဝက်စ်ဟမ်းအသင်းသည် တိုက်စစ်အားနည်းမှုပြဿနာကို ဖြေရှင်းရန်အတွက် ဂျူဗင်တပ်အသင်း တိုက်စစ်မှူး ဟီဂွာရင်အား ယခုနွေရာသီဈေးကွက်တွင် တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူရန် ဆန္ဒရှိနေသည်။ အာဂျင်တီးနားတိုက်စစ်မှူး ဟီဂွာရင် (၃၁ နှစ်)သည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီအတွင်းတွင် ဂျူဗင်တပ်မှ ချဲလ်ဆီးသို့ ၂၀၁၈-၁၉ ခုနှစ် ဘောလုံးရာသီကုန်ချိန်အထိ အငှားဖြင့် လာရောက်ကစားခဲ့ကာ ချဲလ်ဆီးအသင်း အတွက် ၁၈ ပွဲ ကစားခဲ့ရာတွင် ၅ ဂိုးသာ သွင်းယူနိုင်ခဲ့သူဖြစ်သည်။ ချဲလ်ဆီအနေဖြင့် ယခုနွေရာသီအတွင်း ဟီဂွာရင်အား အပြီးသတ်ခေါ်ယူရန် အခွင့်အရေးရှိနေခဲ့သော်လည်း ရုန်းကန်ခဲ့ရသည့်အခြေအနေကြောင့် အပြီးသတ်ခေါ်ယူရန် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်းမရှိခဲ့ပေ။ ဝက်စ်ဟမ်းအသင်းသည် ယခုနွေရာသီဈေးကွက်တွင် ဆဲလ်တာဗီဂိုအသင်း တိုက်စစ်မှူး မက်ဇီဂိုမက်ဇ် အား ခေါ်ယူရေး ကြိုးပမ်းမှု ပျက်ပြယ်ခဲ့ရပြီးနောက် ဟီဂွာရင်အား အငှားစာချုပ်ဖြင့် ခေါ်ယူရန် ပစ်မှတ်ထား လာခြင်းဖြစ်သည်။ ယခုနွေရာသီဈေးကွက်တွင် တိုက်စစ်ကစားသမားများဖြစ်သည့် အာနူတိုဗစ်၊ အင်ဒီကာရိုးလ်၊ လူးကပ်စ်ပီရက်ဇ် စသည့် တိုက်စစ် ကစားသမားများကို ဆုံးရှုံးခဲ့ရသော်လည်း လက်ရှိအချိန်တွင် တိုက်စစ် ကို ပြန်လည်အားဖြည့်နိုင်ခြင်းမရှိသေးပေ။ ဟီဂွာရင်သည် ယခုနွေရာသီဈေးကွက်တွင် ဂျူဗင်တပ်အသင်းမှ ထပ်မံထွက်ခွာခြင်းမပြုရန် ငြင်းဆိုထားသည်ဟု ဆိုသည်။ သို့သော်လည်း ဂျူဗင်တပ်အသင်းသည် နာပိုလီ၊ ချဲလ်ဆီးအသင်းတို့တွင် ဟီဂွာရင်နှင့် လက်တွဲခဲ့ဖူးသူ ဆာရီအား အသင်းနည်းပြအသစ်အဖြစ် ခန့်အပ်ထားသော်လည်း ဟီဂွာရင်သည် ဂျူဗင်တပ်အသင်း၏ အနာဂတ်တွင် ပါဝင်မှုမရှိတော့သည့် ကစားသမားတစ်ဦးအဖြစ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ဟီဂွာရင်အနေဖြင့် လာမည့်ရာသီတွင် ဂျူဗင်တပ်အသင်း၌ ရှိနေမည်ဆိုပါက ရော်နယ်ဒို၊ ဒိုင်ဘာလာ၊ မန်ဇူကစ်စသည့် တိုက်စစ်ကစားသမားများ၏ နောက်တွင်သာ ပါဝင်ရဖွယ်ရှိသည့် ကစားသမားတစ်ဦးအဖြစ် ရှိနေသည်ဟု ဆိုသည်။ ဂျူဗင်တပ်အသင်းတာဝန်ရှိသူများသည် တစ်ပတ်လုပ်ခငွေ ပေါင် ၂၇၀၀၀၀ ပေးချေ နေရသူ ဟီဂွာရင်အား အသင်းမှ ထုတ်ပယ်သွားရန် ဆန္ဒရှိနေသည်။ စီးရီးအေထိပ်တန်းကလပ်အသင်းတစ်သင်းဖြစ်သည့် ရိုမာအသင်းသည် ဟီဂွာရင်အား ခေါ်ယူရန် စိတ်ဝင်စား နေသော်လည်း ဟီဂွာရင်အနေဖြင့် ရိုမာအသင်းထံ ပြောင်းရွှေ့ရန် ဆန္ဒမရှိကြောင်း သိရသည်။

-  အကုန်သိ သတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။