Skip to main content
မန္ယူအသင္းအား ေလွာင္ေျပာင္သည့္ စာတမ္းကုိ ေလယာဥ္ျဖင့္  ေကာင္းကင္တြင္ လီဗာပူးအသင္း ပရိသတ္မ်ား ခ်ိတ္ဆြဲပ်ံသန္း
Ads Block

မန္ယူအသင္းအား ေလွာင္ေျပာင္သည့္ စာတမ္းကုိ ေလယာဥ္ျဖင့္ ေကာင္းကင္တြင္ လီဗာပူးအသင္း ပရိသတ္မ်ား ခ်ိတ္ဆြဲပ်ံသန္း

 ပရီးမီးယားလိဂ္ကလပ္ လီဗာပူးအသင္းသည္ ျပည္တြင္းအဓိကၿပိဳင္ဘက္အသင္းတစ္သင္းျဖစ္သည့္ မန္ယူအသင္း ရာသီႀကိဳေလ့က်င့္မႈမ်ား ျပဳလုပ္မည့္ ၾသစေၾတးလ်ုိင္ငံ Perth ၿမိဳ႕၏ ေကာင္းကင္ယံတြင္ လီဗာပူးအသင္း၏ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲေအာင္ျမင္မႈႏွင့္ ပတ္သက္၍ ဂုဏ္ယူ၀့့ံၾကြားသည့္ စာတမ္းတစ္ခုအား ေလယာဥ္ငယ္တစ္စီးတြင္ ခ်ိတ္ဆြဲပ်ံသန္းခဲ့သည္။

မန္ယူအသင္းအား ေလွာင္ေျပာင္သည့္ စာတမ္းကုိ ေလယာဥ္ျဖင့္  ေကာင္းကင္တြင္ လီဗာပူးအသင္း ပရိသတ္မ်ား ခ်ိတ္ဆြဲပ်ံသန္း

လီဗာပူးအသင္းသည္ ၂၀၁၈-၁၉ ခုႏွစ္ ေဘာလံုးရာသီ၏ ခ်န္ပီယံလိဂ္ဗုိလ္လုပြဲတြင္ စပါးစ္အသင္းအား ၂-၀ ျဖင့္ အႏုိင္ရရွိကာ ခ်န္ပီယံလိဂ္ဆုဖလားအား ၆ ႀကိမ္ေျမာက္အျဖစ္ ရယူႏုိင္ခဲ့သည္။ လီဗာပူးသည္ ၿပီးခဲ့သည့္ ပရီးမီးယားလိဂ္ရာသီတြင္လည္း အမွတ္ေပးဇယား၏ ဒုတိယေနရာတြင္ ရပ္တည္ႏုိင္ခဲ့သည့္အသင္းျဖစ္သည္။ လီဗာပူးပရိသတ္မ်ားသည္ ၿပီးခဲ့သည့္ ဇူလိုင္လ ၁၀ ရက္ နံနက္ပိုင္းတြင္ Perth ၿမိဳ႕ ေကာင္းကင္ယံတြင္ LIVERPOOL FC – 6x European Champions ဟု ေရးသားထားသည့္ စာတမ္းကို ခ်ိတ္ဆြဲသည့္ ေလယာဥ္အား ပ်ံသန္းခဲ့ျခင္းျဖစ္သည္။ အဆုိပါ စာတမ္းခ်ိတ္ဆြဲထားသည့္ ေလယာဥ္ငယ္သည္ Perth ၿမိဳ႕ရွိ အားကစားကြင္းတစ္ကြင္းျဖစ္သည့္ WACA Ground ကြင္းတြင္ မန္ယူအသင္း ရာသီႀကိဳေလ့က်င့္မႈမ်ား စတင္မျပဳလုပ္မီ တစ္နာရီခန္႔အတြင္ Perth ၿမိဳ႕ ေပၚ ပ်ံသန္းခဲ့ျခင္းျဖစ္သည္။ မန္ယူအသင္းသည္ ပရီးမီးယားလိဂ္ (ယခင္ အဂၤလန္ပထမတန္း) ၿပိဳင္ပြဲ ခ်န္ပီယံဆုဖလားအား အႀကိမ္ ၂၀ ရရွိထားကာ ဆုရရွိမႈအမ်ားဆံုးအသင္းအျဖစ္ စံခ်ိ္န္တင္ထားေသာ္လည္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ (ယခင္ ဥေရာပဖလား) ၿပိဳင္ပြဲတြင္မူ ခ်န္ပီယံဆု ရရွိမႈ သံုးႀကိမ္သာ ရွိေသးသည္။ Perth ၿမိဳ႕ေပၚတြင္ LIVERPOOL FC – 6x European Champions ဟု ေရးသားထားသည့္ စာတမ္းအား ခ်ိတ္ဆြဲထား သည့္ ေလယာဥ္ငယ္အား ပ်ံသန္းေစခဲ့သည့္ လီဗာပူးပရိသတ္မ်ား၏ လုပ္ရပ္ေၾကာင့္ မန္ယူပရိသတ္မ်ား ေဒါသထြက္ခဲ့ကာ မန္ယူပရိသတ္အခ်ိဳ႕က လူမႈစာမ်က္ႏွာေပၚမွတဆင့္ ေ၀ဖန္သည့္ မွတ္ခ်က္မ်ား ေရးသားခဲ့ၾကသည္။ ေဒါသထြက္ေနသည့္ မန္ယူပရိသတ္တစ္ဦးက Twitter စာမ်က္ႏွာတြင္ “ၿပီးခဲဲ့တဲ့ ႏွစ္ ၃၀ အတြင္းမွာ အမွတ္ေပးခ်န္ပီယံဆုဖလားကို ရယူႏုိင္ျခင္းမရွိခဲ့သလုိ ၿပီးခဲ့တဲ့ ေဘာလံုးရာသီ ၈ ရာသီအတြင္း အဓိကၿပိဳင္ပြဲႀကီးေတြမွာ ဆုဖလား ရရွိမႈ ႏွစ္ႀကိမ္သာရွိခဲ့ဲတဲ့ အသင္းတစ္သင္းအေနနဲ႔ သူတု႔ိရဲ႕ ၿပိဳင္ဘက္ အသင္းတစ္သင္းအေပၚ ဒီလို ေလွာင္ေျပာင္မႈ ျပဳလုပ္တာက အေပါင္းလကၡဏာေဆာင္တဲ့ လုပ္ရပ္ ဟုတ္ပါရဲ႕လား”ဟု ေမးခြန္းထုတ္ ေရးသားခဲ့သည္။ မန္ယူအသင္းသည္ ၂၀၁၉-၂၀၂၀ ျပည့္ႏွစ္ ေဘာလံုးရာသီ မတိုင္မီ ပထမဆံုးရာသီႀကိဳေျခစမ္းပြဲအျဖစ္ လာမည့္ ဇူလိုင္လ ၁၃ ရက္ေန႔တြင္ ၾသစေၾတးလ်ကလပ္ Perth Glory အသင္းႏွင့္ Perth ၿမိဳ႕တြင္ ယွဥ္ၿပိဳင္ကစားသြားမည္ျဖစ္သည္။ မန္ယူအသင္းသည္ ၂၀၁၈-၁၉ ခုႏွစ္ ေဘာလံုးရာသီတြင္ ဆုဖလားလက္မဲ့ျဖစ္ခဲ့ရကာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲတြင္လည္း အမွတ္ေပးဇယား၏ အဆင့္ ၆ ေနရာတြင္သာ ရပ္တည္ႏုိင္ခဲ့သည္။

- အကုန္သိသတင္းဌာန -

Unicode Version

 

ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းသည် ပြည်တွင်းအဓိကပြိုင်ဘက်အသင်းတစ်သင်းဖြစ်သည့် မန်ယူအသင်း ရာသီကြိုလေ့ကျင့်မှုများ ပြုလုပ်မည့် သြစတြေးလျိုင်ငံ Perth မြို့၏ ကောင်းကင်ယံတွင် လီဗာပူးအသင်း၏ ချန်ပီယံလိဂ် ပြိုင်ပွဲအောင်မြင်မှုနှင့် ပတ်သက်၍ ဂုဏ်ယူဝံ့ကြွားသည့် စာတမ်းတစ်ခုအား လေယာဉ်ငယ်တစ်စီးတွင် ချိတ်ဆွဲပျံသန်းခဲ့သည်။ လီဗာပူးအသင်းသည် ၂၀၁၈-၁၉ ခုနှစ် ဘောလုံးရာသီ၏ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် စပါးစ်အသင်းအား ၂-၀ ဖြင့် အနိုင်ရရှိကာ ချန်ပီယံလိဂ်ဆုဖလားအား ၆ ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့သည်။ လီဗာပူးသည် ပြီးခဲ့သည့် ပရီးမီးယားလိဂ်ရာသီတွင်လည်း အမှတ်ပေးဇယား၏ ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည့်အသင်းဖြစ်သည်။ လီဗာပူးပရိသတ်များသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းတွင် Perth မြို့ ကောင်းကင်ယံတွင် LIVERPOOL FC – 6x European Champions ဟု ရေးသားထားသည့် စာတမ်းကို ချိတ်ဆွဲသည့် လေယာဉ်အား ပျံသန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ စာတမ်းချိတ်ဆွဲထားသည့် လေယာဉ်ငယ်သည် Perth မြို့ရှိ အားကစားကွင်းတစ်ကွင်းဖြစ်သည့် WACA Ground ကွင်းတွင် မန်ယူအသင်း ရာသီကြိုလေ့ကျင့်မှုများ စတင်မပြုလုပ်မီ တစ်နာရီခန့်အတွင် Perth မြို့ ပေါ် ပျံသန်းခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ် (ယခင် အင်္ဂလန်ပထမတန်း) ပြိုင်ပွဲ ချန်ပီယံဆုဖလားအား အကြိမ် ၂၀ ရရှိထားကာ ဆုရရှိမှုအများဆုံးအသင်းအဖြစ် စံချိန်တင်ထားသော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲ (ယခင် ဥရောပဖလား) ပြိုင်ပွဲတွင်မူ ချန်ပီယံဆု ရရှိမှု သုံးကြိမ်သာ ရှိသေးသည်။ Perth မြို့ပေါ်တွင် LIVERPOOL FC – 6x European Champions ဟု ရေးသားထားသည့် စာတမ်းအား ချိတ်ဆွဲထား သည့် လေယာဉ်ငယ်အား ပျံသန်းစေခဲ့သည့် လီဗာပူးပရိသတ်များ၏ လုပ်ရပ်ကြောင့် မန်ယူပရိသတ်များ ဒေါသထွက်ခဲ့ကာ မန်ယူပရိသတ်အချို့က လူမှုစာမျက်နှာပေါ်မှတဆင့် ဝေဖန်သည့် မှတ်ချက်များ ရေးသားခဲ့ကြသည်။ ဒေါသထွက်နေသည့် မန်ယူပရိသတ်တစ်ဦးက Twitter စာမျက်နှာတွင် “ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်းမှာ အမှတ်ပေးချန်ပီယံဆုဖလားကို ရယူနိုင်ခြင်းမရှိခဲ့သလို ပြီးခဲ့တဲ့ ဘောလုံးရာသီ ၈ ရာသီအတွင်း အဓိကပြိုင်ပွဲကြီးတွေမှာ ဆုဖလား ရရှိမှု နှစ်ကြိမ်သာရှိခဲ့ဲတဲ့ အသင်းတစ်သင်းအနေနဲ့ သူတု့ိရဲ့ ပြိုင်ဘက် အသင်းတစ်သင်းအပေါ် ဒီလို လှောင်ပြောင်မှု ပြုလုပ်တာက အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ရပ် ဟုတ်ပါရဲ့လား”ဟု မေးခွန်းထုတ် ရေးသားခဲ့သည်။ မန်ယူအသင်းသည် ၂၀၁၉-၂၀၂၀ ပြည့်နှစ် ဘောလုံးရာသီ မတိုင်မီ ပထမဆုံးရာသီကြိုခြေစမ်းပွဲအဖြစ် လာမည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် သြစတြေးလျကလပ် Perth Glory အသင်းနှင့် Perth မြို့တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ မန်ယူအသင်းသည် ၂၀၁၈-၁၉ ခုနှစ် ဘောလုံးရာသီတွင် ဆုဖလားလက်မဲ့ဖြစ်ခဲ့ရကာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း အမှတ်ပေးဇယား၏ အဆင့် ၆ နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။

- အကုန်သိသတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။