Skip to main content
eyr3w4
Ads Block

ေလာင္းကစားလုပ္ရန္ အေထာက္အထားမဲ့ ဝင္ေရာက္လာသည့္ ထိုင္းႏိုင္ငံသား (၄)ဦးကို ရဲတပ္ဖြဲ႔မွ ဖမ္းဆီး

ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕မွ ျမဝတီၿမိဳ႕ဘက္ျခမ္းသို႔ ကာစီႏိုဂိမ္း ကစားရန္ ကူးတို႔ေလွျဖင့္ ေသာင္းရင္းျမစ္ကို တရားမ၀င္ ျဖတ္ကူး လာသည့္ ထိုင္းႏိုင္ငံသား (၄) ဦးကို ျမ၀တီ ၿမိဳ႕မရဲစခန္းမွ ဖမ္းဆီးစစ္ေဆးေနေၾကာင္း သိရသည္။

ဇူလိုင္ ၁၁ ရက္ နံနက္ ၄ နာရီ ခ်ိန္ခန္႔တြင္ ျမဝတီၿမိဳ႕ အမွတ္ (၅)ရပ္ကြက္ ၊ ခ်စ္ၾကည္ေရးလမ္း၊ သံတံတား အနီးတြင္ ျမဝတီ ဘက္သို႔ တရားဝင္ ဝင္ေရာက္လည္ပတ္ခြင့္ အေထာက္အထားမပါ႐ွိသည့္ ထိုင္းႏိုင္ငံသား ခ်က္သတီ (၃၀)ႏွစ္၊ အမွတ္ (၃၆၆)၊ (၃)လမ္း၊ ၾကယ္လီခြပ္ရပ္ကြက္၊ မဲေဆာက္ၿမိဳ႕၊ ႏိုင္ပဆစ္(၂၆)ႏွစ္၊ အမွတ္(၂) ၊ (၁၀)လမ္း၊ ၾကယ္လီခြပ္ရပ္ကြက္၊ မဲေဆာက္ၿမိဳ႕၊ ဗီလရြတ္(၃၁)ႏွစ္၊ ဝမ္ေက်ာက္လမ္း၊ ဝမ္တန္ဘူရပ္ကြက္၊ မဲေဆာက္ၿမိဳ႕ႏွင့္ ႏိုင္ခ်ိဳင္း(၄၄)ႏွစ္၊ ဝမ္တန္ဘူရပ္ကြက္၊ မဲေဆာက္ၿမိဳ႕ေနသူမ်ားျဖစ္ၿပီး အမွတ္(၅)ရပ္ကြက္၊ ခ်စ္ၾကည္ေရးလမ္း႐ွိ၊ ငါးဂိမ္းေလာင္းကစားရံုတြင္ ကစားၿပီးေနာက္ ဗိုက္ဆာသျဖင့္ ခ်စ္ ၾကည္ေရးလမ္း႐ွိ စားေသာက္ဆိုင္႐ွာေဖြစဥ္ ခ်စ္ၾကည္ေရးလမ္း သံတံတားအနီးအေရာက္တြင္ ျမဝတီၿမိဳ႕မရဲစခန္းမွ နယ္ေျမ လံုၿခံဳေရး ေဆာင္ရြက္ေနေသာအဖြဲ႔မွ ေတြ႔႐ွိ၍ ျမဝတီၿမိဳ႕မ ရဲစခန္းတြင္ ထိန္းသိမ္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ထိုင္းႏိုင္ငံသား(၄) ဦးသည္ ဇူလိုင္ ၁၀ ရက္ ည(၈)နာရီအခ်ိန္ခန္႔က မဲေဆာက္ဘက္ျခမ္းမွ ျမဝတီဘက္ျခမ္းသို႔ ကူးတို႔ေလွျဖင့္ ေသာင္းရင္းျမစ္ကို ျဖတ္ကူးကာ ၀င္ေရာက္လာျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ထိုင္းႏိုင္ငံသား(၄) ဦးသည္ အျခားအဖ်က္အေမွာင့္ တရားမဝင္ လက္နက္ကိုင္အဖြဲ႔အစည္းမ်ားႏွင့္ ပတ္သက္မႈ၊ အျခား အစြန္းေရာက္အဖြဲ႔မ်ားႏွင့္ ပတ္သက္မႈမ႐ွိေၾကာင္း စိစစ္ေတြ႔႐ွိရသျဖင့္ ဇူလိုင္ ၁၁ ရက္ နံနက္ ၇နာရီခြဲအခ်ိန္တြင္ ျမ၀တီၿမိဳ႕နယ္လဝကမွဴး ေအာင္ေဇာ္မင္းပါအဖြဲ႔မွ လဝက ဥပေဒႏွင့္အညီ ဆက္လက္စစ္ေဆး ေဆာင္ရြက္လ်က္႐ွိေၾကာင္း သိရသည္။

- ကိုကိုႀကီး(အကုန္သိသတင္းဌာန)

Unicode Version

လောင်းကစားလုပ်ရန် အထောက်အထားမဲ့ ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသား (၄)ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီး

ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြဝတီမြို့ဘက်ခြမ်းသို့ ကာစီနိုဂိမ်း ကစားရန် ကူးတို့လှေဖြင့် သောင်းရင်းမြစ်ကို တရားမဝင် ဖြတ်ကူး လာသည့် ထိုင်းနိုင်ငံသား (၄) ဦးကို မြဝတီ မြို့မရဲစခန်းမှ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ဇူလိုင် ၁၁ ရက် နံနက် ၄ နာရီ ချိန်ခန့်တွင် မြဝတီမြို့ အမှတ် (၅)ရပ်ကွက် ၊ ချစ်ကြည်ရေးလမ်း၊ သံတံတား အနီးတွင် မြဝတီ ဘက်သို့ တရားဝင် ဝင်ရောက်လည်ပတ်ခွင့် အထောက်အထားမပါရှိသည့် ထိုင်းနိုင်ငံသား ချက်သတီ (၃၀)နှစ်၊ အမှတ် (၃၆၆)၊ (၃)လမ်း၊ ကြယ်လီခွပ်ရပ်ကွက်၊ မဲဆောက်မြို့၊ နိုင်ပဆစ်(၂၆)နှစ်၊ အမှတ်(၂) ၊ (၁၀)လမ်း၊ ကြယ်လီခွပ်ရပ်ကွက်၊ မဲဆောက်မြို့၊ ဗီလရွတ်(၃၁)နှစ်၊ ဝမ်ကျောက်လမ်း၊ ဝမ်တန်ဘူရပ်ကွက်၊ မဲဆောက်မြို့နှင့် နိုင်ချိုင်း(၄၄)နှစ်၊ ဝမ်တန်ဘူရပ်ကွက်၊ မဲဆောက်မြို့နေသူများဖြစ်ပြီး အမှတ်(၅)ရပ်ကွက်၊ ချစ်ကြည်ရေးလမ်းရှိ၊ ငါးဂိမ်းလောင်းကစားရုံတွင် ကစားပြီးနောက် ဗိုက်ဆာသဖြင့် ချစ် ကြည်ရေးလမ်းရှိ စားသောက်ဆိုင်ရှာဖွေစဉ် ချစ်ကြည်ရေးလမ်း သံတံတားအနီးအရောက်တွင် မြဝတီမြို့မရဲစခန်းမှ နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသောအဖွဲ့မှ တွေ့ရှိ၍ မြဝတီမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသား(၄) ဦးသည် ဇူလိုင် ၁၀ ရက် ည(၈)နာရီအချိန်ခန့်က မဲဆောက်ဘက်ခြမ်းမှ မြဝတီဘက်ခြမ်းသို့ ကူးတို့လှေဖြင့် သောင်းရင်းမြစ်ကို ဖြတ်ကူးကာ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသား(၄) ဦးသည် အခြားအဖျက်အမှောင့် တရားမဝင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်မှု၊ အခြား အစွန်းရောက်အဖွဲ့များနှင့် ပတ်သက်မှုမရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် ဇူလိုင် ၁၁ ရက် နံနက် ၇နာရီခွဲအချိန်တွင် မြဝတီမြို့နယ်လဝကမှူး အောင်ဇော်မင်းပါအဖွဲ့မှ လဝက ဥပဒေနှင့်အညီ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

- ကိုကိုကြီး(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။