Skip to main content
ဘားအံၿမိဳ႕အတြင္း ၃ တန္အထက္ယာဥ္မ်ား ေမာင္းႏွင္ခြင့္မျပဳေတာ့ဟု ထုတ္ျပန္
Ads Block

ဘားအံၿမိဳ႕အတြင္း ၃ တန္အထက္ယာဥ္မ်ား ေမာင္းႏွင္ခြင့္မျပဳေတာ့ဟု ထုတ္ျပန္

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္အတြင္း ၃ တန္အထက္ယာဥ္မ်ားေမာင္းႏွင္ခြင့္မျပဳေတာ့ဘဲ ကုန္စည္တင္၊ခ် ျပဳလုပ္မည့္ယာဥ္မ်ားကိုသာ အခ်ိန္အကန္႔အသတ္ျဖင့္ ၀င္ေရာက္ခြင့္ျပဳေတာ့မည္ဟု ကရင္ျပည္နယ္ ကုန္းလမ္းသယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ား ေဒသဆိုင္ရာႀကီးၾကပ္ကြပ္ကဲေရးအဖြဲ႕ထံမွ သိရသည္။
ထုတ္ျပန္ခ်က္အရ ျမဝတီၿမိဳ႕မွလာေသာ တြဲကားႀကီးမ်ားႏွင့္ ၁၂ ဘီးယာဥ္ႀကီးမွာ ဘားအံၿမိဳ႕တြင္းသို႔မဝင္ဘဲ ေနာင္လံုလမ္းဆံုမွတစ္ဆင့္ ေနာင္လံုေတာင္ၾကားလမ္းအတိုင္း ေမာင္းႏွင္ၿပီး သံလြင္တံတားသို႔ ျဖတ္သန္းသြားရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ ရန္ကုန္ဘက္မွ ျမဝတီ၊ ေကာ့ကရိတ္ၿမိဳ႕သို႔သြားမည့္ တြဲကားႀကီးမ်ားႏွင့္(၁၂) ဘီးယာဥ္ႀကီးမ်ား အေနျဖင့္လည္း ဘားအံၿမိဳ႕တြင္းသို႔မ၀င္ဘဲ သံလြင္တံတားအဆင္း ၃ ေျမႇာင့္လမ္းဆံုမွတစ္ဆင့္ ေနာင္လံုေတာင္ၾကားလမ္းသို႔ ျဖတ္သန္းသြားရန္၊ လိႈင္းဘြဲ႕ၿမိဳ႕မွ ေဂၚဒန္တင္ေဆာင္လာေသာ ယာဥ္ႀကီးမ်ားမွာ ဘားအံၿမိဳ႕၊ လိႈင္းဘြဲ႕လမ္းဆံု လမ္းဂြမီးပြိဳင့္မွတစ္ဆင့္ ေနာင္လံုလမ္းေတာင္ၾကားလမ္းမွ သံလြင္တံတား ျဖတ္သန္းရန္ႏွင့္ ေဂၚဒန္မ်ား ျပန္လည္သယ္ယူရန္ လိႈင္းဘြဲ႕ၿမိဳ႕သို႔ သြားရာတြင္လည္း ဘားအံၿမိဳ႕တြင္းသို႔ မဝင္ဘဲ လမ္းၫြန္လမ္းေႀကာင္းအတိုင္းသြားၾကရန္ႏွင့္ စည္းကမ္းခ်က္မ်ား မလိုက္နာပါက တည္ဆဲဥပေဒအရ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
 “ ကုန္ကားသြားတဲ့ ေနာင္လုံေတာင္ၾကားလမ္းမွာ BGF ဂိတ္/ရဲကင္းဂိတ္ လုံျခံဳေရးအဖြဲ႕ေတြက တရားမဝင္ ဂိတ္ေၾကးေကာက္တာမွာ ၃ ေသာင္းကေန ၅ ေသာင္းအထိရွိေနေတာ့ ဂိတ္ေၾကးေရွာင္ေမာင္းတဲ့အေနနဲ႔ ဘားအံၿမိဳ႕ထဲက သံလြင္တံတားကိုျဖတ္ေမာင္းၾကေတာ့ ၿမိဳ႕တြင္းမွာ လမ္းေတြပိတ္ကုန္ၿပီး ဆိုင္ကယ္ေတြ၊ ကားေတြတိုက္မိ၊ ခ်ိတ္မိတယ္။ လူေသတာေတြ ထိခိုက္ဒဏ္ရာရတာေတြ ရွိလာတယ္” ဟု ဘားအံၿမိဳ႕ စည္ပင္သာယာေရး ေကာ္မတီဥကၠ႒ ဦးခင္ေမာင္လြင္က ေျပာသည္။
ယင္းကဲ့သို႔ ဘားအံၿမိဳ႕အတြင္းသို႔ ၃ တန္အထက္ယာဥ္မ်ားမ၀င္ရန္ အစိုးရတာဝန္ရွိသူမ်ားမွ အစည္းအေဝး တစ္ရပ္က်င္းပကာ ကရင္ျပည္နယ္ ကုန္းလမ္းသယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ားေဒသဆိုင္ရာ ႀကီးၾကပ္ကြပ္ကဲေရးအဖြဲ႕ ဖြဲ႕စည္း၍ ကုန္ကားမ်ားအား ၿမိဳ႕တြင္းဝင္ေရာက္ကုန္ခ်ခြင့္ႏွင့္ ျဖတ္သန္းေမာင္းႏွင္ခြင့္ကို ၂၀၁၉ ခုႏွစ္၊ ဇြန္လ ၂၀ ရက္၊ ည ၇ နာရီမွစတင္ကန္႔သတ္လိုက္ျခင္း ျဖစ္သည္။

- ေစာေဘာသုိလ္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ၃ တန်အထက်ယာဉ်များမောင်းနှင်ခွင့်မပြုတော့ဘဲ ကုန်စည်တင်၊ချ ပြုလုပ်မည့်ယာဉ်များကိုသာ အချိန်အကန့်အသတ်ဖြင့် ဝင်ရောက်ခွင့်ပြုတော့မည်ဟု ကရင်ပြည်နယ် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဒေသဆိုင်ရာကြီးကြပ်ကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။
ထုတ်ပြန်ချက်အရ မြဝတီမြို့မှလာသော တွဲကားကြီးများနှင့် ၁၂ ဘီးယာဉ်ကြီးမှာ ဘားအံမြို့တွင်းသို့မဝင်ဘဲ နောင်လုံလမ်းဆုံမှတစ်ဆင့် နောင်လုံတောင်ကြားလမ်းအတိုင်း မောင်းနှင်ပြီး သံလွင်တံတားသို့ ဖြတ်သန်းသွားရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်ဘက်မှ မြဝတီ၊ ကော့ကရိတ်မြို့သို့သွားမည့် တွဲကားကြီးများနှင့်(၁၂) ဘီးယာဉ်ကြီးများ အနေဖြင့်လည်း ဘားအံမြို့တွင်းသို့မဝင်ဘဲ သံလွင်တံတားအဆင်း ၃ မြှောင့်လမ်းဆုံမှတစ်ဆင့် နောင်လုံတောင်ကြားလမ်းသို့ ဖြတ်သန်းသွားရန်၊ လှိုင်းဘွဲ့မြို့မှ ဂေါ်ဒန်တင်ဆောင်လာသော ယာဉ်ကြီးများမှာ ဘားအံမြို့၊ လှိုင်းဘွဲ့လမ်းဆုံ လမ်းဂွမီးပွိုင့်မှတစ်ဆင့် နောင်လုံလမ်းတောင်ကြားလမ်းမှ သံလွင်တံတား ဖြတ်သန်းရန်နှင့် ဂေါ်ဒန်များ ပြန်လည်သယ်ယူရန် လှိုင်းဘွဲ့မြို့သို့ သွားရာတွင်လည်း ဘားအံမြို့တွင်းသို့ မဝင်ဘဲ လမ်းညွန်လမ်းကြောင်းအတိုင်းသွားကြရန်နှင့် စည်းကမ်းချက်များ မလိုက်နာပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
 “ ကုန်ကားသွားတဲ့ နောင်လုံတောင်ကြားလမ်းမှာ BGF ဂိတ်/ရဲကင်းဂိတ် လုံခြုံရေးအဖွဲ့တွေက တရားမဝင် ဂိတ်ကြေးကောက်တာမှာ ၃ သောင်းကနေ ၅ သောင်းအထိရှိနေတော့ ဂိတ်ကြေးရှောင်မောင်းတဲ့အနေနဲ့ ဘားအံမြို့ထဲက သံလွင်တံတားကိုဖြတ်မောင်းကြတော့ မြို့တွင်းမှာ လမ်းတွေပိတ်ကုန်ပြီး ဆိုင်ကယ်တွေ၊ ကားတွေတိုက်မိ၊ ချိတ်မိတယ်။ လူသေတာတွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိလာတယ်” ဟု ဘားအံမြို့ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်က ပြောသည်။
ယင်းကဲ့သို့ ဘားအံမြို့အတွင်းသို့ ၃ တန်အထက်ယာဉ်များမဝင်ရန် အစိုးရတာဝန်ရှိသူများမှ အစည်းအဝေး တစ်ရပ်ကျင်းပကာ ကရင်ပြည်နယ် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဒေသဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်း၍ ကုန်ကားများအား မြို့တွင်းဝင်ရောက်ကုန်ချခွင့်နှင့် ဖြတ်သန်းမောင်းနှင်ခွင့်ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၀ ရက်၊ ည ၇ နာရီမှစတင်ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

- စောဘောသိုလ် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။