Skip to main content
ခင္ပြန္းျဖစ္သူက အိပ္ေပ်ာ္ေနသည့္ဇနီးအား ဓားမျဖင့္ခုတ္သတ္
Ads Block

ခင္ပြန္းျဖစ္သူက အိပ္ေပ်ာ္ေနသည့္ဇနီးအား ဓားမျဖင့္ခုတ္သတ္

စဥ့္ကူးၿမိဳ႕နယ္တြင္ လင္ငယ္ေနသည္ဟုစြပ္စြဲေျပာဆိုမႈျဖင့္လင္မယားခ်င္းစကားမ်ားရန္ျဖစ္ၿပီးေနာက္ အိပ္ေပ်ာ္ေနသည့္ဇနီးအား ခင္ပြန္းျဖစ္သူက ဓားမျဖင့္ခုတ္သတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မႏၱေလးတိုင္းေဒသႀကီး၊ စဥ့္ကူးၿမိဳ႕နယ္၊ ႐ြာသာေက်း႐ြာေန မလဲ့လဲ့ဝင္း၊ (၃၅) ႏွစ္သည္ ဇူလိုင္လ ၉ ရက္၊ နံနက္ ၆ နာရီ ၅၀ မိနစ္ခန္႔က ၎၏ေနအိမ္၌ ဓားဒဏ္ရာမ်ားျဖင့္ ေသဆုံးေနေၾကာင္း ဆင္ေသေက်း႐ြာ အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္သန္း(စိစစ္ဆဲ)က ထုံးႀကီးနယ္ေျမရဲစခန္းသို႔ ဖုန္းဆက္အေၾကာင္းၾကားခဲ့သည္ဟု ရဲတပ္ဖြဲ႔၏ထုတ္ျပန္ခ်က္အရ သိရသည္။
အခင္းျဖစ္ေနရာအား သက္ဆိုင္ရာရဲတပ္ဖြဲ႔ဝင္မ်ားမွ သြားေရာက္စစ္ေဆးခဲ့ရာ မလဲ့လဲ့ဝင္းအား ၎ေနအိမ္၌ လည္ပင္းျပတ္လ်က္ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ၿပီး ျဖစ္စဥ္အားေမးျမန္းရာ အခင္းျဖစ္ညက ခင္ပြန္းျဖစ္သူ မႈိင္းေဝ၊ (၃၆)ႏွစ္သည္ မလဲ့လဲ့ဝင္းအား လင္ငယ္ေနသည္ဟု စြပ္စြဲေျပာဆိုစကားမ်ားရန္ျဖစ္ၿပီးေနာက္ အိပ္ရာ ဝင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ မလဲ့လဲ့ဝင္းမွာ အိပ္ေပ်ာ္စဥ္ အ႐ိုး/အသြား ၁၉ လက္မခန္႔ရွိ ဓားမျဖင့္ခုတ္သတ္ျခင္းျဖစ္ေၾကာင္း သိရွိရသျဖင့္ မႈိင္းေဝ(ဖမ္းမိ)ကို ထုံးႀကီးၿမိဳ႕မရဲစခန္း၌ (ပ)၃၀/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ- ၃၀၂ (လူသတ္မႈ)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္( အကုန္သိ သတင္းဌာန )

Unicode Version

 

စဉ့်ကူးမြို့နယ်တွင် လင်ငယ်နေသည်ဟုစွပ်စွဲပြောဆိုမှုဖြင့်လင်မယားချင်းစကားများရန်ဖြစ်ပြီးနောက် အိပ်ပျော်နေသည့်ဇနီးအား ခင်ပွန်းဖြစ်သူက ဓားမဖြင့်ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရွာသာကျေးရွာနေ မလဲ့လဲ့ဝင်း၊ (၃၅) နှစ်သည် ဇူလိုင်လ ၉ ရက်၊ နံနက် ၆ နာရီ ၅၀ မိနစ်ခန့်က ၎င်း၏နေအိမ်၌ ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဆင်သေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်သန်း(စိစစ်ဆဲ)က ထုံးကြီးနယ်မြေရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟု ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
အခင်းဖြစ်နေရာအား သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ မလဲ့လဲ့ဝင်းအား ၎င်းနေအိမ်၌ လည်ပင်းပြတ်လျက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး ဖြစ်စဉ်အားမေးမြန်းရာ အခင်းဖြစ်ညက ခင်ပွန်းဖြစ်သူ မှိုင်းဝေ၊ (၃၆)နှစ်သည် မလဲ့လဲ့ဝင်းအား လင်ငယ်နေသည်ဟု စွပ်စွဲပြောဆိုစကားများရန်ဖြစ်ပြီးနောက် အိပ်ရာ ဝင်ခဲ့ကြောင်း သိရသည်။
ထို့နောက် မလဲ့လဲ့ဝင်းမှာ အိပ်ပျော်စဉ် အရိုး/အသွား ၁၉ လက်မခန့်ရှိ ဓားမဖြင့်ခုတ်သတ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မှိုင်းဝေ(ဖမ်းမိ)ကို ထုံးကြီးမြို့မရဲစခန်း၌ (ပ)၃၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

- နိုင်မင်းလွင်( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။