Skip to main content
ငါးခုိးဖမ္း ေရယာဥ္ေတြကုိ ေရျမွဳပ္ဖ်က္ဆီးပစ္ခဲ့မႈနဲ ့ လူသိမ်ားတဲ့ အင္ဒို၀န္ႀကီးက ဇူကာဘတ္ကုိ ေလွေလွာ္ၿပိဳင္ဖုိ ့ စိန္ေခၚ
Ads Block

ငါးခုိးဖမ္း ေရယာဥ္ေတြကုိ ေရျမွဳပ္ဖ်က္ဆီးပစ္ခဲ့မႈနဲ ့ လူသိမ်ားတဲ့ အင္ဒို၀န္ႀကီးက ဇူကာဘတ္ကုိ ေလွေလွာ္ၿပိဳင္ဖုိ ့ စိန္ေခၚ

ႏုိင္ငံရပ္ျခားက ငါးခုိးဖမ္း ေရယာဥ္ေတြကုိ ေရျမွဳပ္ဖ်က္ဆီးပစ္ဖုိ ့ အမိန္ ့ေပးခဲ့သူအျဖစ္ လူသိမ်ားတဲ့ အင္ဒုိနီးရွား အမ်ဳိးသမီး၀န္ႀကီးတစ္ဦးက ေဖ့စ္ဘုတ္တည္ေထာင္သူ မာ့ခ္ဇူကာဘတ္ကုိ ေလွေလွာ္ၿပိဳင္ဖုိ ့ စိန္ေခၚစကားဆုိခဲ့ပါတယ္။ Lake Tahoe ေရကန္ႀကီးမွာ ေလွေလွာ္ေနတဲ့ ပုံကုိ ဇူကာဘတ္က လူမႈကြန္ရက္မွာ တင္ခဲ့ၿပီးေနာက္ သူမက အခုလုိ စိန္ေခၚလုိက္တာျဖစ္ပါတယ္။
ဇူကာဘတ္က ေန၀င္ခ်ိန္ေနာက္ခံနဲ ့ ေရကန္ႀကီးထဲ တက္တစ္ေခ်ာင္းေလးနဲ ့ေလွာ္ခတ္ေနတဲ့ ပုံကုိ အင္စတာဂရမ္မွာ တင္ခဲ့မႈကုိ အင္ဒုိနီးရွား ေရေၾကာင္းနဲ႕ ငါးလုပ္ငန္း၀န္ႀကီး ဆူစီပူဒီဂ်ာစတူတီ က တုံ႔ျပန္မွတ္ခ်က္ေပးရင္း စိန္ေခၚစကားဆုိခဲ့တာျဖစ္ပါတယ္။
“ဇူကာဘတ္ကုိ ေလွေလွာ္ၿပိဳင္ဖုိ ့ စိန္ေခၚၿပီး ေဖ့စ္ဘုတ္ရဲ႕ ရွယ္ယာ ၁၀ ရာခုိင္ႏႈန္း ဆုေၾကးအႏုိင္ရခဲ့ရင္ က်မ သိပ္ေပ်ာ္မိမွာပဲ” လုိ ့ ၀န္ႀကီးက ေရးသားခဲ့ပါတယ္။ ဒါ့အျပင္ အႏုိင္ရတဲ့ ရွယ္ယာေတြကုိ ထုတ္ေရာင္းၿပီး အင္ဒုိ ေရျပင္ပုိင္နက္မွာ တရားမ၀င္ ငါးခုိးဖမ္းမႈေတြကုိ ကာကြယ္ဖုိ ့ အေတာ္အသင့္ႀကီးတဲ့ ကင္းလွည့္ေရယာဥ္ေတြ မိမိ ၀ယ္မွာျဖစ္ေၾကာင္းလည္း သူမက ဆုိခဲ့ပါတယ္။ တဖန္ အင္ဒုိတံငါသည္ေတြ ငါးေတြပုိရဖုိ ့နဲ ့လုပ္ငန္းကုိင္ငန္း ပုိေကာင္းဖုိ ့ သူတုိ ့အတြက္ ငါးဖမ္းေရယာဥ္အသစ္ ေထာင္နဲ ့ခ်ီ ၀ယ္ေပးမွာျဖစ္ေၾကာင္းလည္း သူမက ေရးခဲ့ကာ ေရးသားမႈကုိ လူ ၅၀၀၀ ေက်ာ္က တုံ႔ျပန္မွတ္ခ်က္ ေပးမႈေတြ လုပ္ခဲ့တာေတြ ့ရပါတယ္။
သူ အႏုိင္ရမယ့္ ရွယ္ယာေတြကုိ ဇူကာဘတ္ထံ ျပန္ေရာင္းမွာလုိ ့လည္း ၀န္ႀကီးက ဆုိပါတယ္။
၀န္ႀကီးရဲ႕ စိန္ေခၚမႈကုိ ေဖ့စ္ဘုတ္ကုမၸဏီနဲ ့ ဇူကာဘတ္တုိ ့က တုံ႔ျပန္မွတ္ခ်က္ေပးခဲ့ျခင္း မရွိေပမယ့္ လူမႈကြန္ရက္အသုံးျပဳသူမ်ားစြာက ဒီစိန္ေခၚမႈကုိ လက္ခံလုိက္ဖုိ ့ ေဖ့စ္ဘုတ္ အမႈေဆာင္ခ်ဳပ္ကုိ တုိက္တြန္းေနၾကေၾကာင္း ဂ်ကာတာပုိ ့စ္က ထုတ္ေဖာ္ေရးသားခဲ့ပါတယ္။

- ကုိလင္း (အကုန္သိ သတင္းဌာန) | Ref : ဘန္ေကာက္ပုိ ့စ္

Unicode Version

 

နိုင်ငံရပ်ခြားက ငါးခိုးဖမ်း ရေယာဉ်တွေကို ရေမြှုပ်ဖျက်ဆီးပစ်ဖို့ အမိန့်ပေးခဲ့သူအဖြစ် လူသိများတဲ့ အင်ဒိုနီးရှား အမျိုးသမီးဝန်ကြီးတစ်ဦးက ဖေ့စ်ဘုတ်တည်ထောင်သူ မာ့ခ်ဇူကာဘတ်ကို လှေလှော်ပြိုင်ဖို့ စိန်ခေါ်စကားဆိုခဲ့ပါတယ်။ Lake Tahoe ရေကန်ကြီးမှာ လှေလှော်နေတဲ့ ပုံကို ဇူကာဘတ်က လူမှုကွန်ရက်မှာ တင်ခဲ့ပြီးနောက် သူမက အခုလို စိန်ခေါ်လိုက်တာဖြစ်ပါတယ်။
ဇူကာဘတ်က နေဝင်ချိန်နောက်ခံနဲ့ ရေကန်ကြီးထဲ တက်တစ်ချောင်းလေးနဲ့လှော်ခတ်နေတဲ့ ပုံကို အင်စတာဂရမ်မှာ တင်ခဲ့မှုကို အင်ဒိုနီးရှား ရေကြောင်းနဲ့ ငါးလုပ်ငန်းဝန်ကြီး ဆူစီပူဒီဂျာစတူတီ က တုံ့ပြန်မှတ်ချက်ပေးရင်း စိန်ခေါ်စကားဆိုခဲ့တာဖြစ်ပါတယ်။
“ဇူကာဘတ်ကို လှေလှော်ပြိုင်ဖို့ စိန်ခေါ်ပြီး ဖေ့စ်ဘုတ်ရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်း ဆုကြေးအနိုင်ရခဲ့ရင် ကျမ သိပ်ပျော်မိမှာပဲ” လို့ ဝန်ကြီးက ရေးသားခဲ့ပါတယ်။ ဒါ့အပြင် အနိုင်ရတဲ့ ရှယ်ယာတွေကို ထုတ်ရောင်းပြီး အင်ဒို ရေပြင်ပိုင်နက်မှာ တရားမဝင် ငါးခိုးဖမ်းမှုတွေကို ကာကွယ်ဖို့ အတော်အသင့်ကြီးတဲ့ ကင်းလှည့်ရေယာဉ်တွေ မိမိ ဝယ်မှာဖြစ်ကြောင်းလည်း သူမက ဆိုခဲ့ပါတယ်။ တဖန် အင်ဒိုတံငါသည်တွေ ငါးတွေပိုရဖို့နဲ့လုပ်ငန်းကိုင်ငန်း ပိုကောင်းဖို့ သူတို့အတွက် ငါးဖမ်းရေယာဉ်အသစ် ထောင်နဲ့ချီ ဝယ်ပေးမှာဖြစ်ကြောင်းလည်း သူမက ရေးခဲ့ကာ ရေးသားမှုကို လူ ၅၀၀၀ ကျော်က တုံ့ပြန်မှတ်ချက် ပေးမှုတွေ လုပ်ခဲ့တာတွေ့ရပါတယ်။
သူ အနိုင်ရမယ့် ရှယ်ယာတွေကို ဇူကာဘတ်ထံ ပြန်ရောင်းမှာလို့လည်း ဝန်ကြီးက ဆိုပါတယ်။
ဝန်ကြီးရဲ့ စိန်ခေါ်မှုကို ဖေ့စ်ဘုတ်ကုမ္ပဏီနဲ့ ဇူကာဘတ်တို့က တုံ့ပြန်မှတ်ချက်ပေးခဲ့ခြင်း မရှိပေမယ့် လူမှုကွန်ရက်အသုံးပြုသူများစွာက ဒီစိန်ခေါ်မှုကို လက်ခံလိုက်ဖို့ ဖေ့စ်ဘုတ် အမှုဆောင်ချုပ်ကို တိုက်တွန်းနေကြကြောင်း ဂျကာတာပို့စ်က ထုတ်ဖော်ရေးသားခဲ့ပါတယ်။

- ကိုလင်း (အကုန်သိ သတင်းဌာန) | Ref : ဘန်ကောက်ပို့စ်

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။