Skip to main content
လုပ္ငန္းရွင္ ၂ ဦးက လယ္ယာေျမလမ္းကို ပိတ္ဆို႔ထားျခင္းေၾကာင့္ဟုဆိုကာ သတင္းစာရွင္းလင္း
Ads Block

လုပ္ငန္းရွင္ ၂ ဦးက လယ္ယာေျမလမ္းကို ပိတ္ဆို႔ထားျခင္းေၾကာင့္ဟုဆိုကာ သတင္းစာရွင္းလင္း

ပဲခူးတိုင္းေဒသႀကီး၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕၊ ဥကၠံေက်းရြာအုပ္စု၊ မက်ီးကုန္းေက်းရြာ၏ လယ္ယာေျမ ထြက္ေပါက္လမ္းကို လုပ္ငန္းရွင္ ၂ ဦးက ကန္တူးၿပီးပိတ္ထားသည့္အတြက္ဟုဆိုကာ ေတာင္သူ ၂ ဦးက သတင္းစာရွင္းလင္းခဲ့ၾကသည္။

လုပ္ငန္းရွင္ ၂ ဦးက လယ္ယာေျမလမ္းကို ပိတ္ဆို႔ထားျခင္းေၾကာင့္ဟုဆိုကာ သတင္းစာရွင္းလင္း


ရန္ကုန္ၿမိဳ႕ရွိ Myanmar Press Freedom Center တြင္ ဇူလုိင္လ ၁၀ ရက္က ယခုကဲ့သို႔ လာေရာက္ သတင္းစာရွင္းလင္းခဲ့ျခင္းျဖစ္သည္။
“ ဒီလမ္းကေနရြာရဲ႕လယ္ယာထြက္ကုန္ေတြျဖစ္တဲ့ပစၥည္းေတြကိုသယ္ယူရတဲ့အေနအထားပါ။ အခုလုပ္ငန္းရွင္ ၂ ဦးျဖစ္တဲ့ ဦးေဇာ္သိန္းနဲ႔ဦးေဇာ္ထြန္းတို႔က လယ္ယာေျမအသံုးျပဳခြင့္ေလွ်ာက္ထားတယ္ဆိုၿပီး အဲဒီမွာ လမ္းပိတ္ၿပီးမလုပ္ဘူး။ ဒီလုပ္ပိုင္ခြင့္ကိုအရပ္ေလးမ်က္ႏွာက ေတာင္သူေတြကိုလိမ္ၿပီးလက္မွတ္ထိုးခိုင္းၿပီး အခုက်ေတာ့လမ္းကိုပိတ္ထားတယ္။ လမ္းကို ကန္လိုတူးထားတာ။ အဲဒါေၾကာင့္ လယ္ေျမထဲကိုသြားမယ့္ ထြန္းစက္ေတြ၊ လယ္ယာထြက္ကုန္ေတြကိုသယ္ထုတ္တဲ့ေနရာမွာလူအင္အားေတြသံုးရတဲ့အတြက္ စရိတ္စကေတြႀကီးတဲ့အတြက္ အခုဆိုရင္ လယ္ဧက ၁၀၀ ေက်ာ္ေလာက္က မလုပ္ႏုိင္တဲ့အတြက္ စြန္႔လႊတ္ရေတာ့မယ္အေျခအေနျဖစ္ေနပါၿပီ။”ဟု ေတာင္သူတစ္ဦးျဖစ္သူ ဦးေအာင္ျမင့္ဦးက ေျပာသည္။
အဆိုပါ လယ္ယာေျမလမ္းအား ျပန္လည္ဖြင့္ေပးရန္ ၿပီးခဲ့သည့္ မတ္လ ၂၂ရက္က ပဲခူးတိုင္းေဒသႀကီးအစိုးရထံ စာတင္ၿပီး ေတာင္းဆိုတိုင္ၾကားထားေသာ္လည္းယခုအခ်ိန္တိုင္ ေျဖရွင္းေပးျခင္းမရွိေသးေၾကာင္း ၄င္းေျပာျပခ်က္အရ သိရသည္။
အဆိုပါလမ္းမွာလြန္ခဲ့ေသာ ႏွစ္ (၅၀)ေက်ာ္ကတည္းကအသံုးျပဳခဲ့ေသာတစ္ခုတည္းေသာလမ္းျဖစ္ၿပီး ၿပီးခဲ့သည့္ ၂၀၁၅ခုႏွစ္မွစတင္ကာ ယခုကဲ့သို႔ ပိတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

- ထက္ေ၀လင္း( အကုန္သိ သတင္းဌာန )

Unicode Version

 

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့၊ ဥက္ကံကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာ၏ လယ်ယာမြေ ထွက်ပေါက်လမ်းကို လုပ်ငန်းရှင် ၂ ဦးက ကန်တူးပြီးပိတ်ထားသည့်အတွက်ဟုဆိုကာ တောင်သူ ၂ ဦးက သတင်းစာရှင်းလင်းခဲ့ကြသည်။
ရန်ကုန်မြို့ရှိ Myanmar Press Freedom Center တွင် ဇူလိုင်လ ၁၀ ရက်က ယခုကဲ့သို့ လာရောက် သတင်းစာရှင်းလင်းခဲ့ခြင်းဖြစ်သည်။
“ ဒီလမ်းကနေရွာရဲ့လယ်ယာထွက်ကုန်တွေဖြစ်တဲ့ပစ္စည်းတွေကိုသယ်ယူရတဲ့အနေအထားပါ။ အခုလုပ်ငန်းရှင် ၂ ဦးဖြစ်တဲ့ ဦးဇော်သိန်းနဲ့ဦးဇော်ထွန်းတို့က လယ်ယာမြေအသုံးပြုခွင့်လျှောက်ထားတယ်ဆိုပြီး အဲဒီမှာ လမ်းပိတ်ပြီးမလုပ်ဘူး။ ဒီလုပ်ပိုင်ခွင့်ကိုအရပ်လေးမျက်နှာက တောင်သူတွေကိုလိမ်ပြီးလက်မှတ်ထိုးခိုင်းပြီး အခုကျတော့လမ်းကိုပိတ်ထားတယ်။ လမ်းကို ကန်လိုတူးထားတာ။ အဲဒါကြောင့် လယ်မြေထဲကိုသွားမယ့် ထွန်းစက်တွေ၊ လယ်ယာထွက်ကုန်တွေကိုသယ်ထုတ်တဲ့နေရာမှာလူအင်အားတွေသုံးရတဲ့အတွက် စရိတ်စကတွေကြီးတဲ့အတွက် အခုဆိုရင် လယ်ဧက ၁၀၀ ကျော်လောက်က မလုပ်နိုင်တဲ့အတွက် စွန့်လွှတ်ရတော့မယ်အခြေအနေဖြစ်နေပါပြီ။”ဟု တောင်သူတစ်ဦးဖြစ်သူ ဦးအောင်မြင့်ဦးက ပြောသည်။
အဆိုပါ လယ်ယာမြေလမ်းအား ပြန်လည်ဖွင့်ပေးရန် ပြီးခဲ့သည့် မတ်လ ၂၂ရက်က ပဲခူးတိုင်းဒေသကြီးအစိုးရထံ စာတင်ပြီး တောင်းဆိုတိုင်ကြားထားသော်လည်းယခုအချိန်တိုင် ဖြေရှင်းပေးခြင်းမရှိသေးကြောင်း ၎င်းပြောပြချက်အရ သိရသည်။
အဆိုပါလမ်းမှာလွန်ခဲ့သော နှစ် (၅၀)ကျော်ကတည်းကအသုံးပြုခဲ့သောတစ်ခုတည်းသောလမ်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ခုနှစ်မှစတင်ကာ ယခုကဲ့သို့ ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

- ထက်ဝေလင်း( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။