Skip to main content
ထုိင္းမွာ ဝန္ႀကီးခ်ဳပ္ ထပ္လုပ္ေနတဲ့ ကာခ်ဳပ္ေဟာင္းက စစ္အုပ္ခ်ဳပ္ေရး႐ုပ္သိမ္းမိန္႔ ေပးေပမယ့္ အာဏာကုိ အခုိင္အမာဆုပ္ကုိင္ထားဆဲ ျဖစ္
Ads Block

ထုိင္းမွာ ဝန္ႀကီးခ်ဳပ္ ထပ္လုပ္ေနတဲ့ ကာခ်ဳပ္ေဟာင္းက စစ္အုပ္ခ်ဳပ္ေရး႐ုပ္သိမ္းမိန္႔ ေပးေပမယ့္ အာဏာကုိ အခုိင္အမာဆုပ္ကုိင္ထားဆဲ ျဖစ္

ထုိင္းႏုိင္ငံရဲ႕ကာခ်ဳပ္ေဟာင္း ဝန္ႀကီးခ်ဳပ္ ပရာယြတ္ဟာ ၄င္းတုိ႔အာဏာသိမ္းၿပီးကတည္းက ျပ႒ာန္း ထားခဲ့တဲ့ စစ္အုပ္ခ်ဳပ္ေရးကုိ ႐ုပ္သိမ္းေပးေတာ့မည္ျဖစ္ေၾကာင္း လာမယ့္အစုိးရသစ္ က်မ္းသစၥာ မက်ိန္ဆုိခင္ ဇူလုိင္ ၉ ရက္မွာ အမိန္႔ေပး၊ ေျပာၾကားလုိက္ပါတယ္။

ထုိင္းမွာ ဝန္ႀကီးခ်ဳပ္ ထပ္လုပ္ေနတဲ့ ကာခ်ဳပ္ေဟာင္းက စစ္အုပ္ခ်ဳပ္ေရး႐ုပ္သိမ္းမိန္႔ ေပးေပမယ့္ အာဏာကုိ အခုိင္အမာဆုပ္ကုိင္ထားဆဲ ျဖစ္

 “ပရာယြတ္နဲ႔အေပါင္းအပါမ်ား” အာဏာသိမ္းစစ္အစုိးရဟာ ထုိင္းႏုိင္ငံရဲ႕ ပုဒ္မ ၄၄ ကုိ ၂၀၁၄ ခုႏွစ္မွာ စတင္ထုတ္ျပန္ခဲ့ၾကၿပီး အမိန္႔ေပါင္း ၅၀၀ ေက်ာ္ ေပးခဲ့ပါတယ္။ ၄င္းပုဒ္မဟာ ႏုိုင္ငံေတာ္ၿငိမ္းခ်မ္းေရး နဲ႔ၿငိမ္ဝပ္ပိျပားေရးေကာင္စီထံ အထူးလုပ္ပုိင္ခြင့္အာဏာမ်ား အပ္ႏွင္းလုိက္တာေၾကာင့္ “အာဏာရွင္ ဥပေဒ” လုိ႔ ေဝဖန္သူေတြက အမည္ေပးထားၾကပါတယ္။

အာဏာသိမ္းပြဲအၿပီးကတည္းက ယူနီေဖာင္းခၽြတ္ၿပီး ဝန္ႀကီးခ်ဳပ္တာဝန္ ယူခဲ့တဲ့ ပရာယြတ္ဟာ ၂၀၁၉ ခုႏွစ္ မတ္လ ေ႐ြးေကာက္ပြဲမွာလည္း ၄င္းရာထူးအတြက္ ဝင္အေ႐ြးခံပါတယ္။ စစ္အစုိးရက ထုိေ႐ြးေကာက္ပြဲမွာ အထက္လႊတ္ေတာ္အမတ္ေတြကုိ စိတ္ႀကိဳက္ေ႐ြးခ်ယ္ခဲ့ၿပီး ေအာက္လႊတ္ေတာ္ မွာလည္း အေလးသာေစရန္ ေ႐ြးေကာက္ပြဲစည္းကမ္းကုိ လုိသလုိျပဳျပင္ခဲ့ပါတယ္။

ထုိဘက္ေတာ္သားေတြရဲ႕ ေထာက္ခံမဲျဖင့္ ဝန္ႀကီးခ်ဳပ္ထပ္ျဖစ္လာတဲ့ ပရာယြတ္ဟာ အဂၤါေန႔မွာေတာ့ စစ္အုပ္ခ်ဳပ္ေရး႐ုပ္သိမ္းမိန္႔ကုိ ေပးလုိက္ပါတယ္။ ၄င္းအမိန္႔အရ မီဒီယာလြတ္လပ္ခြင့္ေတြကုိ ျပန္ျဖည္ေလ်ာ့ေပးၿပီး အရပ္သားအမႈအခင္းေတြကုိလည္း စစ္ဘက္တရား႐ုံးအစား အရပ္သားတရား႐ုံး ေတြမွာ ျပန္လည္စီရင္ေစမယ္လုိ႔ ဆုိပါတယ္။

 “ပုဒ္မ ၄၄ ကုိ ႐ုပ္သိမ္းပါတယ္။ အဲ့ဒီတုန္းက ခ်မွတ္ခဲ့တဲ့ အမိန္႔ေတြဟာ ျပႆနာဖန္တီးဖုိ႔မဟုတ္ဘဲ ေျဖရွင္းဖုိ႔သာ ျဖစ္တယ္”လုိ႔ ဘန္ေကာက္ၿမိဳ႕ အစုိးရအိမ္ေတာ္မွာ သတင္းေထာက္ေတြကုိ ေျပာခဲ့ ပါတယ္။

ဒါေပမဲ့ စစ္အစုိးရခ်မွတ္ခဲ့တဲ့ အမိန္႔ေတြအနက္မွ တစ္ခ်ိဳ႕ကုိေတာ့ မ႐ုပ္သိမ္းေသးဘူးလုိ႔ လက္ရွိ အစုိးရထံမွ သိရပါတယ္။ အထူးသျဖင့္ ႏုိင္ငံ့လုံျခဳံေရးအတြက္ သံသယရွိပါက မည္သူမဆုိကုိ ရဲတပ္ဖြဲ႕နဲ႔စစ္တပ္က အလုိရွိသလုိ ရွာေဖြ၊ ဆင့္ေခၚ၊ ၇ ရက္အထိ ဖမ္းဆီးထိန္းသိမ္းထားႏုိင္တယ္ ဆုိတဲ့ လုပ္ပုိင္ခြင့္ႀကီးတဲ့အမိန္႔မ်ိဳးလည္း က်န္ေနေသးတယ္လုိ႔ ဆုိပါတယ္။

၄င္းနဲ႔ပတ္သက္ၿပီး ဒုဝန္ႀကီးခ်ဳပ္ကေတာ့ ထုိအမိန္႔တစ္ခ်ိဳ႕ဟာ ႏုိင္ငံအတြက္ လုိအပ္ေနေသး တာေၾကာင့္ ဆက္လက္တည္ေနဦးမယ္လုိ႔ အတည္ျပဳခဲ့ေပမယ့္ လႊတ္ေတာ္က ျပင္ဆင္ႏုိင္တယ္လုိ႔ လည္း ရွင္းျပခဲ့ပါတယ္။
ထုိင္းစစ္အစုိးရဟာ ႏုိင္ငံေရးကန္႔သတ္ခ်ဳပ္ခ်ယ္ခ်က္ေတြကုိ ယမန္ႏွစ္ကစၿပီး တျဖည္းျဖည္း ျဖည္ေလွ်ာ့လာခဲ့ပါတယ္။

- ZHO ( အကုန္သိ သတင္းဌာန ) | ( Ref : Reuters )

Unicode Version

 

ထိုင်းနိုင်ငံရဲ့ကာချုပ်ဟောင်း ဝန်ကြီးချုပ် ပရာယွတ်ဟာ ၎င်းတို့အာဏာသိမ်းပြီးကတည်းက ပြဋ္ဌာန်း ထားခဲ့တဲ့ စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းပေးတော့မည်ဖြစ်ကြောင်း လာမယ့်အစိုးရသစ် ကျမ်းသစ္စာ မကျိန်ဆိုခင် ဇူလိုင် ၉ ရက်မှာ အမိန့်ပေး၊ ပြောကြားလိုက်ပါတယ်။

 “ပရာယွတ်နဲ့အပေါင်းအပါများ” အာဏာသိမ်းစစ်အစိုးရဟာ ထိုင်းနိုင်ငံရဲ့ ပုဒ်မ ၄၄ ကို ၂၀၁၄ ခုနှစ်မှာ စတင်ထုတ်ပြန်ခဲ့ကြပြီး အမိန့်ပေါင်း ၅၀၀ ကျော် ပေးခဲ့ပါတယ်။ ၎င်းပုဒ်မဟာ နိုင်ငံတော်ငြိမ်းချမ်းရေး နဲ့ငြိမ်ဝပ်ပိပြားရေးကောင်စီထံ အထူးလုပ်ပိုင်ခွင့်အာဏာများ အပ်နှင်းလိုက်တာကြောင့် “အာဏာရှင် ဥပဒေ” လို့ ဝေဖန်သူတွေက အမည်ပေးထားကြပါတယ်။

အာဏာသိမ်းပွဲအပြီးကတည်းက ယူနီဖောင်းချွတ်ပြီး ဝန်ကြီးချုပ်တာဝန် ယူခဲ့တဲ့ ပရာယွတ်ဟာ ၂၀၁၉ ခုနှစ် မတ်လ ရွေးကောက်ပွဲမှာလည်း ၎င်းရာထူးအတွက် ဝင်အရွေးခံပါတယ်။ စစ်အစိုးရက ထိုရွေးကောက်ပွဲမှာ အထက်လွှတ်တော်အမတ်တွေကို စိတ်ကြိုက်ရွေးချယ်ခဲ့ပြီး အောက်လွှတ်တော် မှာလည်း အလေးသာစေရန် ရွေးကောက်ပွဲစည်းကမ်းကို လိုသလိုပြုပြင်ခဲ့ပါတယ်။

ထိုဘက်တော်သားတွေရဲ့ ထောက်ခံမဲဖြင့် ဝန်ကြီးချုပ်ထပ်ဖြစ်လာတဲ့ ပရာယွတ်ဟာ အင်္ဂါနေ့မှာတော့ စစ်အုပ်ချုပ်ရေးရုပ်သိမ်းမိန့်ကို ပေးလိုက်ပါတယ်။ ၎င်းအမိန့်အရ မီဒီယာလွတ်လပ်ခွင့်တွေကို ပြန်ဖြည်လျော့ပေးပြီး အရပ်သားအမှုအခင်းတွေကိုလည်း စစ်ဘက်တရားရုံးအစား အရပ်သားတရားရုံး တွေမှာ ပြန်လည်စီရင်စေမယ်လို့ ဆိုပါတယ်။

 “ပုဒ်မ ၄၄ ကို ရုပ်သိမ်းပါတယ်။ အဲ့ဒီတုန်းက ချမှတ်ခဲ့တဲ့ အမိန့်တွေဟာ ပြဿနာဖန်တီးဖို့မဟုတ်ဘဲ ဖြေရှင်းဖို့သာ ဖြစ်တယ်”လို့ ဘန်ကောက်မြို့ အစိုးရအိမ်တော်မှာ သတင်းထောက်တွေကို ပြောခဲ့ ပါတယ်။

ဒါပေမဲ့ စစ်အစိုးရချမှတ်ခဲ့တဲ့ အမိန့်တွေအနက်မှ တစ်ချို့ကိုတော့ မရုပ်သိမ်းသေးဘူးလို့ လက်ရှိ အစိုးရထံမှ သိရပါတယ်။ အထူးသဖြင့် နိုင်ငံ့လုံခြုံရေးအတွက် သံသယရှိပါက မည်သူမဆိုကို ရဲတပ်ဖွဲ့နဲ့စစ်တပ်က အလိုရှိသလို ရှာဖွေ၊ ဆင့်ခေါ်၊ ၇ ရက်အထိ ဖမ်းဆီးထိန်းသိမ်းထားနိုင်တယ် ဆိုတဲ့ လုပ်ပိုင်ခွင့်ကြီးတဲ့အမိန့်မျိုးလည်း ကျန်နေသေးတယ်လို့ ဆိုပါတယ်။

၎င်းနဲ့ပတ်သက်ပြီး ဒုဝန်ကြီးချုပ်ကတော့ ထိုအမိန့်တစ်ချို့ဟာ နိုင်ငံအတွက် လိုအပ်နေသေး တာကြောင့် ဆက်လက်တည်နေဦးမယ်လို့ အတည်ပြုခဲ့ပေမယ့် လွှတ်တော်က ပြင်ဆင်နိုင်တယ်လို့ လည်း ရှင်းပြခဲ့ပါတယ်။
ထိုင်းစစ်အစိုးရဟာ နိုင်ငံရေးကန့်သတ်ချုပ်ချယ်ချက်တွေကို ယမန်နှစ်ကစပြီး တဖြည်းဖြည်း ဖြည်လျှော့လာခဲ့ပါတယ်။

- ZHO ( အကုန်သိ သတင်းဌာန ) | ( Ref : Reuters )

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။