Skip to main content
အမေရိကန် မရိန်းတပ်သားနှစ်ဦး လူမှောင်ခိုသွင်းမှုနဲ့  အဖမ်းခံရ
Ads Block
အမေရိကန် မရိန်းတပ်သားနှစ်ဦး လူမှောင်ခိုသွင်းမှုနဲ့  အဖမ်းခံရ
အမေရိကန် မရိန်းတပ်သားနှစ်ဦး လူမှောင်ခိုသွင်းမှုနဲ့  အဖမ်းခံရ
မက္ကဆီကို သုံးဦးဟာ မရိန်းတပ်သားတွေရဲ့ ယာဉ်နောက်မှာ ထိုင်လိုက်လာခဲ့တာဖြစ်ပြီး ၄င်းတို့ ကို အမေရိကန်အတွင်း မှောင်ခိုသွင်းပေးဖို့ အတွက် ဒေါ်လာ ၈၀၀၀ ပေးချေဖို့  ပြင်ဆင်ထားခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့လည်း တပ်သားနှစ်ဦးကို ၄င်းတို့  ငွေပေးချေပြီးသွားပြီလားဆိုတာတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။
မရိန်းတပ်သားနှစ်ဦးဟာ ဆန်တီယာဂိုမြို့အနီးက Camp Pendleton စခန်းမှာ တာဝန်ကျနေသူ တွေဖြစ်ပြီး ၄င်းတို့ နှစ်ဦးဟာ ရွှေ့ ပြောင်းတွေမှန်းသိသိနဲ့  ကိုယ်ကျိုးအတွက်အလို့ငှာ နိုင်ငံအတွင်း ခေါ်သွင်းခဲ့တာဖြစ်ကြောင်း တရားရုံး မှတ်တမ်းမှာ စွပ်စွဲထားခဲ့ပါတယ်။
Unicode Version
အထောက်အထားမဲ့ မက္ကဆီကို ရွှေ့ပြောင်းတွေကို အခကြေးငွေရယူကာ အမေရိကန်နိုင်ငံထဲ ခိုးသွင်းပေးခဲ့မှုနဲ့ အမေရိကန် မရိန်းတပ်သားနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း တရားရုံး ပြစ်မှုမှတ်တမ်းတစ်ခုအရ သိရပါတယ်။
မရိန်းတပ်သားတွေဖြစ်တဲ့ ဘိုင်ယွန် ဒါနဲလ်လောနဲ့ဒေးဗစ် ဂျာဗီယာ ဆလာဇာ ကွင်တီရို တို့ကို ဇူလိုင် ၃ ရက်နေ့က ကယ်လီဖိုးနီးယားနဲ့မက္ကဆီကို ဂျာကမ်ဘာ နယ်စပ်မှာ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ယင်း မှတ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။ အထောက်အထားမဲ့ ရွှေ့ပြောင်း သုံးဦးကို နယ်စပ်ကနေ ၁၀ ကီလိုမီတာ အတွင်းထိ ခေါ်သွင်းလာခဲ့မှုနဲ့ ၎င်းတို့နှစ်ဦးကို စွဲချက်တင်ခဲ့တယ်လို့ ဆိုပါတယ်။
မက္ကဆီကို သုံးဦးဟာ မရိန်းတပ်သားတွေရဲ့ ယာဉ်နောက်မှာ ထိုင်လိုက်လာခဲ့တာဖြစ်ပြီး ၎င်းတို့ကို အမေရိကန်အတွင်း မှောင်ခိုသွင်းပေးဖို့အတွက် ဒေါ်လာ ၈၀၀၀ ပေးချေဖို့ ပြင်ဆင်ထားခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့လည်း တပ်သားနှစ်ဦးကို ၎င်းတို့ ငွေပေးချေပြီးသွားပြီလားဆိုတာတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။
မရိန်းတပ်သားနှစ်ဦးဟာ ဆန်တီယာဂိုမြို့အနီးက Camp Pendleton စခန်းမှာ တာဝန်ကျနေသူ တွေဖြစ်ပြီး ၎င်းတို့နှစ်ဦးဟာ ရွှေ့ပြောင်းတွေမှန်းသိသိနဲ့ ကိုယ်ကျိုးအတွက်အလို့ငှာ နိုင်ငံအတွင်း ခေါ်သွင်းခဲ့တာဖြစ်ကြောင်း တရားရုံး မှတ်တမ်းမှာ စွပ်စွဲထားခဲ့ပါတယ်။
- ကိုလင်း (အကုန်သိ သတင်းဌာန) | Ref : CNA
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။