Skip to main content
ဘီးလင္းၿမိဳ႕နယ္မွေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ၁ ဦးကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္
Ads Block

ဘီးလင္းၿမိဳ႕နယ္မွေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ၁ ဦးကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္

ဘီးလင္းၿမိဳ႕နယ္၊ ရကၠန္းသည္မေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မြန္ျပည္နယ္၊ သထုံခရိုင္၊ ဘီးလင္းၿမိဳ႕နယ္၊ ရကၠန္းသည္မေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးသည္ ေက်းရြာပိုင္ကြင္း အမွတ္(၁၉)(ခ)ကြင္း ေသာင္ႏုေျမမ်ားကို လယ္သမား(၇)ဦးအား စုစုေပါင္း ေငြက်ပ္ ၄၄၀၀၀၀ဝိ/- ျဖင့္ ေရာင္းခ်ခဲ့ျခင္း၊ ၂၀၁၈ ခုႏွစ္ မိုးရာသီတြင္ ပ်က္စီးဆုံးရႈံးခဲ့ေသာ လယ္ေျမ ၁၇၂၆ ဧကအတြက္ ႏိုင္ငံေတာ္မွ တစ္ဧက လွ်င္ ေငြက်ပ္ ၈၅၀ဝ ႏႈန္းျဖင့္ ေထာက္ပံ့ကူညီေငြမ်ားမွ တစ္ဧကလွ်င္ ၁၀၀ဝိ/- ႏႈန္းျဖင့္ လယ္သမား (၁၃)ဦး ထံမွ စုစုေပါင္းေငြက်ပ္ ၁၄၅၀၀ဝ ေတာင္းခံခဲ့ျခင္းတို႔အား စစ္ေဆးအေရးယူေပးပါရန္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္သို႔ တိုင္ၾကားခဲ့ေၾကာင္း သိရသည္။
တိုင္ၾကားစာအရ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့ရာ မြန္ျပည္နယ္၊ သထုံခရိုင္၊ ဘီးလင္းၿမိဳ႕နယ္၊ ရကၠန္းသည္မေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးသန႔္ဇင္သည္ ေက်းရြာပိုင္ ေသာင္ႏုေျမအတြင္း ေျမပိုမ်ားအား လယ္ေျမရရွိျခင္းမရွိေသာ ရြာသားမ်ားထံေရာင္းခ်ခဲ့ရာတြင္ ရြာသား(၄)ဦးထံမွ စုစုေပါင္း ေငြက်ပ္ ၂၉၅၀၀၀ဝ ရယူ၍လုပ္ကိုင္ခြင့္ျပဳခဲ့ျခင္းႏွင့္ လုပ္ကိုင္ေနေသာ လယ္ေျမကို ဆက္လက္လုပ္ကိုင္ႏိုင္ရန္ ေငြက်ပ္ ၄၀၀၀၀ဝ ေတာင္းခံရယူခဲ့ေၾကာင္း ေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔အျပင္ လယ္ယာေျမလုပ္ကိုင္ခြင့္ျပဳ လက္မွတ္ပုံစံ(၇) ေလၽွာက္ထားရန္ ပုံစံ(၁) ရရွိေရးႏွင့္ လယ္ေျမအေရာင္း အဝယ္စာခ်ဳပ္အသစ္ ခ်ဳပ္ဆိုရန္အတြက္ ေငြက်ပ္ ၆၇၀၀၀ဝ ကို ေတာင္းခံရယူခဲ့ျခင္း၊ လယ္ယာေျမလုပ္ကိုင္ခြင့္ ျပဳ လက္မွတ္ပုံစံ(၇) ေလွ်ာက္ထားရန္အတြက္ ေငြက်ပ္ ၅၅၀၀၀ဝ ကို ေတာင္းခံရယူခဲ့ျခင္းတို႔သည္ ရာထူးတာ ဝန္ကို အလြဲသုံးစားျပဳ၍ အဂတိလိုက္စားမႈက်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္ဟု သိရသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ရကၠန္းသည္မေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးသန႔္ဇင္အေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၆ အရ ဘီးလင္းၿမိဳ႕၊ ေတာင္စြန္းရဲစခန္းတြင္ ဇူလိုင္လ ၁၀ ရက္၌ ပထမသတင္းေပး တိုင္ၾကားခ်က္ဖြင့္လွစ္၍ တရားစြဲဆိုအေရးယူႏိုင္ေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ကျေးရွာပိုင်ကွင်း အမှတ်(၁၉)(ခ)ကွင်း သောင်နုမြေများကို လယ်သမား(၇)ဦးအား စုစုပေါင်း ငွေကျပ် ၄၄၀၀၀၀ဝိ/- ဖြင့် ရောင်းချခဲ့ခြင်း၊ ၂၀၁၈ ခုနှစ် မိုးရာသီတွင် ပျက်စီးဆုံးရှုံးခဲ့သော လယ်မြေ ၁၇၂၆ ဧကအတွက် နိုင်ငံတော်မှ တစ်ဧက လျှင် ငွေကျပ် ၈၅၀ဝ နှုန်းဖြင့် ထောက်ပံ့ကူညီငွေများမှ တစ်ဧကလျှင် ၁၀၀ဝိ/- နှုန်းဖြင့် လယ်သမား (၁၃)ဦး ထံမှ စုစုပေါင်းငွေကျပ် ၁၄၅၀၀ဝ တောင်းခံခဲ့ခြင်းတို့အား စစ်ဆေးအရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်သည် ကျေးရွာပိုင် သောင်နုမြေအတွင်း မြေပိုများအား လယ်မြေရရှိခြင်းမရှိသော ရွာသားများထံရောင်းချခဲ့ရာတွင် ရွာသား(၄)ဦးထံမှ စုစုပေါင်း ငွေကျပ် ၂၉၅၀၀၀ဝ ရယူ၍လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းနှင့် လုပ်ကိုင်နေသော လယ်မြေကို ဆက်လက်လုပ်ကိုင်နိုင်ရန် ငွေကျပ် ၄၀၀၀၀ဝ တောင်းခံရယူခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) လျှောက်ထားရန် ပုံစံ(၁) ရရှိရေးနှင့် လယ်မြေအရောင်း အဝယ်စာချုပ်အသစ် ချုပ်ဆိုရန်အတွက် ငွေကျပ် ၆၇၀၀၀ဝ ကို တောင်းခံရယူခဲ့ခြင်း၊ လယ်ယာမြေလုပ်ကိုင်ခွင့် ပြု လက်မှတ်ပုံစံ(၇) လျှောက်ထားရန်အတွက် ငွေကျပ် ၅၅၀၀၀ဝ ကို တောင်းခံရယူခဲ့ခြင်းတို့သည် ရာထူးတာ ဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရက္ကန်းသည်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ ဘီးလင်းမြို့၊ တောင်စွန်းရဲစခန်းတွင် ဇူလိုင်လ ၁၀ ရက်၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။

- နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။