Skip to main content
လုံျခဳံေရးတပ္ေတြ စိတ္ဓာတ္ပ်က္ေစမယ့္ သတင္းမ်ိဳးအား ျပင္းျပင္းထန္ထန္အေရးယူမယ့္ ဥပေဒမူၾကမ္းကုိ ပယ္ခ်ေပးရန္ ဘာကီနားဖာဆုိ သမၼတ တုိက္တြန္းခံရ
Ads Block

လုံျခဳံေရးတပ္ေတြ စိတ္ဓာတ္ပ်က္ေစမယ့္ သတင္းမ်ိဳးအား ျပင္းျပင္းထန္ထန္အေရးယူမယ့္ ဥပေဒမူၾကမ္းကုိ ပယ္ခ်ေပးရန္ ဘာကီနားဖာဆုိ သမၼတ တုိက္တြန္းခံရ

ဘာကီနာဖာဆုိ ႏုိင္ငံမွာ လုံျခဳံေရးတပ္ဖြဲ႕ဝင္ေတြ စိတ္ဓာတ္ပ်က္ျပားေစမယ့္ သတင္းမ်ိဳး ေဖာ္ျပ တင္ဆက္တဲ့ သတင္းဌာနေတြအား ေထာင္ဒဏ္နဲ႔ေငြဒဏ္ ျပင္းျပင္းထန္ထန္ခ်မွတ္မယ့္ ဥပေဒမူၾကမ္း အသက္ဝင္လာႏုိင္ဖြယ္ရွိေနရာ ၄င္းကုိ သမၼတဗီတုိျဖင့္ ပယ္ခ်ေပးရန္ အေမရိကန္အေျခစုိက္ ဂ်ာနယ္လစ္အခြင့္အေရးဆုိင္ရာအဖြဲ႕က တုိက္တြန္းလုိက္ပါတယ္။

ဘာကီနာဖာဆုိမွာ ဂ်ီဟာ့ဒ္ဝါဒီသူပုန္ေတြ အင္အားေကာင္းလာေနၿပီး ယခုႏွစ္ထဲမွာေတာ့ ထုိစစ္ေသြးႂကြေတြက စစ္တပ္နဲ႔အရပ္သားေတြကုိ အႀကိမ္ႀကိမ္ တုိက္ခုိက္ေနပါတယ္။ ဒါ့ျပင္ လူမ်ိဳးစုအခ်င္းခ်င္းနဲ႔ လူနည္းစု ခရစ္ယာန္ေတြအေပၚ အၾကမ္းဖက္သတ္ျဖတ္မႈေတြလည္း ျဖစ္ပြားေနရာ လူ ရာနဲ႔ခ်ီ ေသဆုံးခဲ့ပါတယ္။

ထုိျပႆနာေတြကုိ ကုိင္တြယ္ေျဖရွင္းတဲ့ လုံျခဳံေရးတပ္ဖြဲ႕ဝင္ေတြဟာလည္း အင္အားအလြန္အမင္း သုံးတယ္လုိ႔ စြပ္စြဲခံေနရၿပီး တစ္ခ်ိဳ႕ျဖစ္ရပ္ေတြမွာဆုိလွ်င္ စစ္ေသြးႂကြအျဖစ္ သံသယရွိခံရသူေတြကုိ အေမးအျမန္းမရွိ ခ်က္ခ်င္းကြပ္မ်က္တယ္လို႔ ဆုိၾကပါတယ္။

၄င္းမွာ လႊတ္ေတာ္ကေတာ့ “ကာကြယ္ေရးနဲ႔လုံျခဳံေရး တပ္ဖြဲ႕ဝင္ေတြ စိတ္ဓာတ္ပ်က္ျပားေစရန္ ဦးေဆာင္ျပဳလုပ္ရာမွာ ပါဝင္တဲ့သူေတြကုိ ေထာင္ဒဏ္ဆယ္ႏွစ္အထိနဲ႔ ဒဏ္ေငြ CFA ဖရန္႔ ၂ သန္း(ကန္ေဒၚလာ ၃,၄၅၇) ခ်မွတ္ေရး” အဆုိျပဳထားတဲ့ ဥပေဒမူၾကမ္းကုိ ဇြန္ ၂၁ ရက္မွာ အတည္ျပဳေပးလုိက္ပါတယ္။

ဒါ့ျပင္ လုံျခဳံေရးဆုိင္ရာစစ္ဆင္ေရးေတြ ပ်က္ျပားေစမယ့္ သတင္းေတြ၊ စစ္တပ္က လူ႕အခြင့္အေရး ခ်ိဳးေဖာက္ေနၿပီး ျပည့္သူပုိင္ဆိုင္မႈေတြကုိလည္း ဖ်က္ဆီးေၾကာင္း “သတင္းအမွား”ေတြ၊ အၾကမ္းဖက္မႈျဖစ္ရပ္ အသံနဲ႔႐ုပ္ သတင္းေတြကုိ ေဖာ္ျပပါက ထုိဥပေဒအရ ေထာင္ ၅ ႏွစ္အထိနဲ႔ ဒဏ္ေငြ CFA ဖရန္႔ ၁၀ သန္း ခ်ႏုိင္ပါတယ္။

ထုိ႔အတြက္  နယူးေယာက္အေျခစုိက္ ဂ်ာနယ္လစ္မ်ားအား ကာကြယ္ေရး ေကာ္မတီ (CPJ) ရဲ႕ အာဖရိကေရးရာ အစီအစဥ္ၫွိႏႈိင္းေရးမႈး အန္ဂ်လာကြင္တယ္လ္က သမၼတနဲ႔ ဖြဲ႕စည္းပုံဥပေဒျပဳ ေကာင္စီတုိ႔ဟာ ၄င္းျပစ္မႈဆုိင္ရာဥပေဒျပင္ဆင္ခ်က္ကုိ ပယ္ခ်ေပးသင့္ေၾကာင္း ၊ ဂ်ာနယ္လစ္ေတြ ကုိယ့္အလုပ္ကုိယ္လုပ္တဲ့အတြက္ ေထာင္က်၊ ဒဏ္ေငြ႐ုိက္ခံရတာမ်ိဳး မျဖစ္သင့္ေၾကာင္း တုိက္တြန္း ေျပာၾကားလုိက္ပါတယ္။

လက္ရွိမွာေတာ့ ယင္းဥပေဒကုိ လႊတ္ေတာ္က အတည္ျပဳေပးခဲ့ေပမယ့္ သမၼတ ကာဘုိရီကေတာ့ အတည္မျပဳရေသးေၾကာင္း သိရပါတယ္။

 - ZHO ( အကုန္သိ သတင္းဌာန )| (Ref : Reuters)

Unicode Version

 

ဘာကီနာဖာဆို နိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်ပျက်ပြားစေမယ့် သတင်းမျိုး ဖော်ပြ တင်ဆက်တဲ့ သတင်းဌာနတွေအား ထောင်ဒဏ်နဲ့ငွေဒဏ် ပြင်းပြင်းထန်ထန်ချမှတ်မယ့် ဥပဒေမူကြမ်း အသက်ဝင်လာနိုင်ဖွယ်ရှိနေရာ ၎င်းကို သမ္မတဗီတိုဖြင့် ပယ်ချပေးရန် အမေရိကန်အခြေစိုက် ဂျာနယ်လစ်အခွင့်အရေးဆိုင်ရာအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ဘာကီနာဖာဆိုမှာ ဂျီဟာ့ဒ်ဝါဒီသူပုန်တွေ အင်အားကောင်းလာနေပြီး ယခုနှစ်ထဲမှာတော့ ထိုစစ်သွေးကြွတွေက စစ်တပ်နဲ့အရပ်သားတွေကို အကြိမ်ကြိမ် တိုက်ခိုက်နေပါတယ်။ ဒါ့ပြင် လူမျိုးစုအချင်းချင်းနဲ့ လူနည်းစု ခရစ်ယာန်တွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေလည်း ဖြစ်ပွားနေရာ လူ ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။

ထိုပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာလည်း အင်အားအလွန်အမင်း သုံးတယ်လို့ စွပ်စွဲခံနေရပြီး တစ်ချို့ဖြစ်ရပ်တွေမှာဆိုလျှင် စစ်သွေးကြွအဖြစ် သံသယရှိခံရသူတွေကို အမေးအမြန်းမရှိ ချက်ချင်းကွပ်မျက်တယ်လို့ ဆိုကြပါတယ်။

၎င်းမှာ လွှတ်တော်ကတော့ “ကာကွယ်ရေးနဲ့လုံခြုံရေး တပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်ပျက်ပြားစေရန် ဦးဆောင်ပြုလုပ်ရာမှာ ပါဝင်တဲ့သူတွေကို ထောင်ဒဏ်ဆယ်နှစ်အထိနဲ့ ဒဏ်ငွေ CFA ဖရန့် ၂ သန်း(ကန်ဒေါ်လာ ၃,၄၅၇) ချမှတ်ရေး” အဆိုပြုထားတဲ့ ဥပဒေမူကြမ်းကို ဇွန် ၂၁ ရက်မှာ အတည်ပြုပေးလိုက်ပါတယ်။

ဒါ့ပြင် လုံခြုံရေးဆိုင်ရာစစ်ဆင်ရေးတွေ ပျက်ပြားစေမယ့် သတင်းတွေ၊ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်နေပြီး ပြည့်သူပိုင်ဆိုင်မှုတွေကိုလည်း ဖျက်ဆီးကြောင်း “သတင်းအမှား”တွေ၊ အကြမ်းဖက်မှုဖြစ်ရပ် အသံနဲ့ရုပ် သတင်းတွေကို ဖော်ပြပါက ထိုဥပဒေအရ ထောင် ၅ နှစ်အထိနဲ့ ဒဏ်ငွေ CFA ဖရန့် ၁၀ သန်း ချနိုင်ပါတယ်။

ထို့အတွက်  နယူးယောက်အခြေစိုက် ဂျာနယ်လစ်များအား ကာကွယ်ရေး ကော်မတီ (CPJ) ရဲ့ အာဖရိကရေးရာ အစီအစဉ်ညှိနှိုင်းရေးမှုး အန်ဂျလာကွင်တယ်လ်က သမ္မတနဲ့ ဖွဲ့စည်းပုံဥပဒေပြု ကောင်စီတို့ဟာ ၎င်းပြစ်မှုဆိုင်ရာဥပဒေပြင်ဆင်ချက်ကို ပယ်ချပေးသင့်ကြောင်း ၊ ဂျာနယ်လစ်တွေ ကိုယ့်အလုပ်ကိုယ်လုပ်တဲ့အတွက် ထောင်ကျ၊ ဒဏ်ငွေရိုက်ခံရတာမျိုး မဖြစ်သင့်ကြောင်း တိုက်တွန်း ပြောကြားလိုက်ပါတယ်။

လက်ရှိမှာတော့ ယင်းဥပဒေကို လွှတ်တော်က အတည်ပြုပေးခဲ့ပေမယ့် သမ္မတ ကာဘိုရီကတော့ အတည်မပြုရသေးကြောင်း သိရပါတယ်။

- ZHO ( အကုန်သိ သတင်းဌာန ) | (Ref : Reuters)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။