Skip to main content
ပါပူအာနယူးဂီနီမွာ လူမ်ဳိးေရး အဓိကရုဏ္းေတြျဖစ္ပြားေနကာ ကုိယ္၀န္သည္ႏွစ္ဦး အပါအ၀င္ ကေလးနဲ ့အမ်ဳိးသမီးမ်ားစြာ အစုလုိက္ အသတ္ခံရ
Ads Block

ပါပူအာနယူးဂီနီမွာ လူမ်ဳိးေရး အဓိကရုဏ္းေတြျဖစ္ပြားေနကာ ကုိယ္၀န္သည္ႏွစ္ဦး အပါအ၀င္ ကေလးနဲ ့အမ်ဳိးသမီးမ်ားစြာ အစုလုိက္ အသတ္ခံရ

ပါပူအာနယူးဂီနီႏုိင္ငံ ကုန္းျမင့္ေဒသေတြမွာ ဥပေဒမဲ့ျဖစ္ေနတဲ့ လူမ်ဳိးေရး အဓိကရုဏ္းေတြေၾကာင့္ ကုိယ္၀န္သည္ႏွစ္ဦးအပါအ၀င္ လူ ၂၄ ဦး ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။ ၀န္ႀကီးခ်ဳပ္ကေတာ့ အခုလုိ ရက္ရက္စက္စက္ သတ္ျဖတ္မႈေတြကုိ လက္တုံ႔ျပန္ အေရးယူသြားမွာျဖစ္ေၾကာင္း ဇူလိုင္ ၁၀ ရက္ေန ့မွာ ကတိျပဳေျပာဆုိခဲ့ပါတယ္။  
ႏုိင္ငံ အေနာက္ပုိင္း ေတာင္ကုန္းေဒသ ဟဲလ္လာျပည္နယ္မွာ ၿပိဳင္ဘက္ လူမ်ဳိးစုႏွစ္ခုအၾကား သုံးရက္ၾကာ အၾကမ္းဖက္တုိက္ခုိက္မႈေတြ ျဖစ္ပြားခဲ့မႈအတြင္း လူ ၂၄ ဦး ထက္မနည္းေသဆုံးခဲ့တယ္လုိ ့ ေဒသဆုိင္ရာ တာ၀န္ရွိသူေတြက ေျပာဆုိပါတယ္။
ပါပူအာနယူးဂီနီမွာ ကုန္းျမင့္ေဒသေန လူမ်ဳိးစုေတြအၾကား ရာစုႏွစ္ခ်ီၿပီး ရန္လုိ တုိက္ခုိက္မႈေတြ ျဖစ္ေနခဲ့တာပါ။ ဒါေပမဲ့လည္း ယင္းေဒသအတြင္း ေမာင္းျပန္ေသနတ္ေတြ စီး၀င္ပ်ံ ့ႏွံ႔လာတဲ့ အခ်ိန္ကစလုိ ့ လူေသဆုံးမ်ားတဲ့ တုိက္ခုိက္မႈေတြျဖစ္လာကာ အၾကမ္းဖက္တုိက္ခုိက္မႈ သံသရာ အရွိန္ျမင့္လာခဲ့ပါတယ္။
“သုံးရက္အတြင္း ၂၄ ေရာက္ေသပါတယ္။ ဒါေပမဲ့ ဒီေန ့ ေသသူ ထပ္တုိးလာႏုိင္ပါတယ္” လုိ ့ ဟဲလ္လာျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး ၀ီလီယမ္ဘန္ဒုိက ဆုိခဲ့ၿပီး အခင္းျဖစ္နယ္ေျမရွိ မိမိတုိ ့ အရာရွိေတြရဲ႕ ဒီေန ့အတြက္ အစီရင္ခံခ်က္ကုိ ေစာင့္ေနေၾကာင္း ေျပာဆုိခဲ့ပါတယ္။ ေဒသဆုိင္ရာ ရဲ၀န္ထမ္း ၄၀ နဲ ့အားျဖည့္ပူးေပါင္းဖုိ ့ ရဲတပ္ဖြဲ႕၀င္ ၁၀၀ ခန္ ့ ခ်ထားေပးဖုိ ့ ဘန္ဒုိက ေတာင္းဆုိထားပါတယ္။
ယခု လူမ်ဳိးေရး အဓိကရုဏ္းေတြေၾကာင့္ မၾကာခင္ကမွ ၀န္ႀကီးခ်ဳပ္အျဖစ္ ခန္ ့အပ္ခံရတဲ့ ဂ်ိမ္းစ္ မာရိတ္နဲ ့ ႏုိင္ငံတ၀န္း တုန္လႈပ္မႈေတြျဖစ္ခဲ့ရပါတယ္။ ၀န္ႀကီးခ်ဳပ္ဟာ အခင္းျဖစ္ျပည္နယ္သားလည္း ျဖစ္ပါတယ္။ လုံၿခဳံေရး ခ်ထားမႈေတြ တုိးျမွင့္သြားမယ္လုိ ့ ၀န္ႀကီးခ်ဳပ္က ကတိျပဳခဲ့ကာ မင္းတုိ ့ေတြ အခ်ိန္ကုန္သြားၿပီလုိ ့အဓိကရုဏ္းမွာ ပါ၀င္ခဲ့သူေတြ သတိေပးခဲ့ပါတယ္။
ဒီေန ့ဟာ မိမိဘ၀မွာ ၀မ္းအနည္းရဆုံး ေန ့ထဲေတြက တစ္ေန ့ျဖစ္ေၾကာင္း မိမိ ေရြးေကာက္ခံခဲ့ရတဲ့ မူနီမာနဲ ့ကာရီဒါ ေက်းရြာေတြက အျပစ္မဲ့ ကေလးငယ္ေတြနဲ ့သားသည္မိခင္ေတြ အသတ္ခံခဲ့ရေၾကာင္း ၀န္ႀကီးခ်ဳပ္က ေျပာဆုိခဲ့ပါတယ္။
ကာရီဒါေက်းရြာ ျဖစ္စဥ္တစ္ခုမွာ မိနစ္ ၃၀ ၾကာ ေဒါသတႀကီး တုိက္ခုိက္မႈအတြင္း အမ်ဳိးသမီး ၆ ဦး၊ ကေလး ၈ ဦးနဲ ့ ကုိယ္၀န္သည္ ၂ ဦးတုိ ့ကုိ လည္လွီး ခုတ္ျဖတ္ သတ္ပစ္ခဲ့ေၾကာင္း တုိက္ခုိက္သူေတြက ေျပာဆုိခဲ့ပါတယ္။ အခ်ဳိ ့အေလာင္းေတြဟာ ဘယ္သူဘယ္၀ါဆုိတာ ခြဲျခားရန္ပင္ ခက္ခဲေၾကာင္း ေဒသဆုိင္ရာ က်န္းမာေရး၀န္ထမ္း ေပးလ္စ္ ကုိလုိက ေျပာဆုိခဲ့ကာ အေလာင္းေတြကုိ ျခင္ေထာင္တစ္ခုနဲ ့ စုထုပ္ထားတဲ့ ပုံေတြကုိ လူမႈကြန္ရက္မွာ ၄င္းက တင္ခဲ့ပါတယ္။
အခု ျဖစ္ရတဲ့ အဓိကရုဏ္းေတြဟာ ဘယ္အခ်က္က စတင္ခဲ့သလဲဆုိတာ ရွင္းရွင္းလင္းလင္း မသိရပါဘူး။ ဒါေပမဲ့ ကာလရွည္ၾကာ ၿပိဳင္ဘက္အုပ္စုေတြအၾကား တုိက္ခုိက္မႈေတြျဖစ္ခဲ့ရာမွာ မုဒိမ္းမႈ၊ ခုိးမႈနဲ ့ နယ္နိမိတ္ အျငင္းပြားမႈေတြကုိ အေျခခံျဖစ္ပြားခဲ့တာမ်ားပါတယ္။

- ကုိလင္း (အကုန္သိ သတင္းဌာန) | Ref : CNA

Unicode Version

 

ပါပူအာနယူးဂီနီနိုင်ငံ ကုန်းမြင့်ဒေသတွေမှာ ဥပဒေမဲ့ဖြစ်နေတဲ့ လူမျိုးရေး အဓိကရုဏ်းတွေကြောင့် ကိုယ်ဝန်သည်နှစ်ဦးအပါအဝင် လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ်ကတော့ အခုလို ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကို လက်တုံ့ပြန် အရေးယူသွားမှာဖြစ်ကြောင်း ဇူလိုင် ၁၀ ရက်နေ့မှာ ကတိပြုပြောဆိုခဲ့ပါတယ်။  
နိုင်ငံ အနောက်ပိုင်း တောင်ကုန်းဒေသ ဟဲလ်လာပြည်နယ်မှာ ပြိုင်ဘက် လူမျိုးစုနှစ်ခုအကြား သုံးရက်ကြာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့မှုအတွင်း လူ ၂၄ ဦး ထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
ပါပူအာနယူးဂီနီမှာ ကုန်းမြင့်ဒေသနေ လူမျိုးစုတွေအကြား ရာစုနှစ်ချီပြီး ရန်လို တိုက်ခိုက်မှုတွေ ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့လည်း ယင်းဒေသအတွင်း မောင်းပြန်သေနတ်တွေ စီးဝင်ပျံ့နှံ့လာတဲ့ အချိန်ကစလို့ လူသေဆုံးများတဲ့ တိုက်ခိုက်မှုတွေဖြစ်လာကာ အကြမ်းဖက်တိုက်ခိုက်မှု သံသရာ အရှိန်မြင့်လာခဲ့ပါတယ်။
“သုံးရက်အတွင်း ၂၄ ရောက်သေပါတယ်။ ဒါပေမဲ့ ဒီနေ့ သေသူ ထပ်တိုးလာနိုင်ပါတယ်” လို့ ဟဲလ်လာပြည်နယ် အုပ်ချုပ်ရေးမှူး ဝီလီယမ်ဘန်ဒိုက ဆိုခဲ့ပြီး အခင်းဖြစ်နယ်မြေရှိ မိမိတို့ အရာရှိတွေရဲ့ ဒီနေ့အတွက် အစီရင်ခံချက်ကို စောင့်နေကြောင်း ပြောဆိုခဲ့ပါတယ်။ ဒေသဆိုင်ရာ ရဲဝန်ထမ်း ၄၀ နဲ့အားဖြည့်ပူးပေါင်းဖို့ ရဲတပ်ဖွဲ့ဝင် ၁၀၀ ခန့် ချထားပေးဖို့ ဘန်ဒိုက တောင်းဆိုထားပါတယ်။
ယခု လူမျိုးရေး အဓိကရုဏ်းတွေကြောင့် မကြာခင်ကမှ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ဂျိမ်းစ် မာရိတ်နဲ့ နိုင်ငံတဝန်း တုန်လှုပ်မှုတွေဖြစ်ခဲ့ရပါတယ်။ ဝန်ကြီးချုပ်ဟာ အခင်းဖြစ်ပြည်နယ်သားလည်း ဖြစ်ပါတယ်။ လုံခြုံရေး ချထားမှုတွေ တိုးမြှင့်သွားမယ်လို့ ဝန်ကြီးချုပ်က ကတိပြုခဲ့ကာ မင်းတို့တွေ အချိန်ကုန်သွားပြီလို့အဓိကရုဏ်းမှာ ပါဝင်ခဲ့သူတွေ သတိပေးခဲ့ပါတယ်။
ဒီနေ့ဟာ မိမိဘဝမှာ ဝမ်းအနည်းရဆုံး နေ့ထဲတွေက တစ်နေ့ဖြစ်ကြောင်း မိမိ ရွေးကောက်ခံခဲ့ရတဲ့ မူနီမာနဲ့ကာရီဒါ ကျေးရွာတွေက အပြစ်မဲ့ ကလေးငယ်တွေနဲ့သားသည်မိခင်တွေ အသတ်ခံခဲ့ရကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။
ကာရီဒါကျေးရွာ ဖြစ်စဉ်တစ်ခုမှာ မိနစ် ၃၀ ကြာ ဒေါသတကြီး တိုက်ခိုက်မှုအတွင်း အမျိုးသမီး ၆ ဦး၊ ကလေး ၈ ဦးနဲ့ ကိုယ်ဝန်သည် ၂ ဦးတို့ကို လည်လှီး ခုတ်ဖြတ် သတ်ပစ်ခဲ့ကြောင်း တိုက်ခိုက်သူတွေက ပြောဆိုခဲ့ပါတယ်။ အချို့အလောင်းတွေဟာ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားရန်ပင် ခက်ခဲကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးဝန်ထမ်း ပေးလ်စ် ကိုလိုက ပြောဆိုခဲ့ကာ အလောင်းတွေကို ခြင်ထောင်တစ်ခုနဲ့ စုထုပ်ထားတဲ့ ပုံတွေကို လူမှုကွန်ရက်မှာ ၎င်းက တင်ခဲ့ပါတယ်။
အခု ဖြစ်ရတဲ့ အဓိကရုဏ်းတွေဟာ ဘယ်အချက်က စတင်ခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒါပေမဲ့ ကာလရှည်ကြာ ပြိုင်ဘက်အုပ်စုတွေအကြား တိုက်ခိုက်မှုတွေဖြစ်ခဲ့ရာမှာ မုဒိမ်းမှု၊ ခိုးမှုနဲ့ နယ်နိမိတ် အငြင်းပွားမှုတွေကို အခြေခံဖြစ်ပွားခဲ့တာများပါတယ်။

- ကိုလင်း (အကုန်သိ သတင်းဌာန) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။