Skip to main content
တရုတ္အစုိးရအရာရွိေတြ မလုပ္ မရႈပ္ မျပဳတ္ လမ္းစဥ္လုိက္ေနၾကဟု သမၼတ ရွီ ျပစ္တင္ မာန္မဲ
Ads Block

တရုတ္အစုိးရအရာရွိေတြ မလုပ္ မရႈပ္ မျပဳတ္ လမ္းစဥ္လုိက္ေနၾကဟု သမၼတ ရွီ ျပစ္တင္ မာန္မဲ

တရုတ္အစုိးရ အရာရွိေတြဟာ အက်င့္ပ်က္ျခစားမႈကုိ တုိက္ဖ်က္ဖုိ ့ မလုပ္ၾကဘဲ မလုပ္ မရႈပ္ မျပဳတ္ လမ္းစဥ္က်င့္သုံးကာ တစ္ေနကုန္ စားလုိက္ ေသာက္လုိက္လုပ္ၿပီး အခ်ိန္ေတြျဖဳန္းေနၾကေၾကာင္း ဇူလုိင္ ၉ ရက္ေန ့က ျပဳလုပ္တဲ့ ကြန္ျမဴနစ္ပါတီ ထိပ္တန္းေခါင္းေဆာင္ေတြနဲ ့အစည္းအေ၀းအတြင္း သမၼတ ရွီက်င္ပင္းက ျပစ္တင္ေျပာဆုိလုိက္ပါတယ္။
၂၀၁၂ ခုႏွစ္ သမၼတတာ၀န္ ရယူခဲ့ၿပီးေနာက္ ရွီဟာ လာဘ္ေပးလာဘ္ယူမႈေတြကုိ စတင္ တုိက္ဖ်က္လာခဲ့တာျဖစ္ၿပီး အစုိးရအရာရွိမ်ားစြာဟာ အလုပ္ေတြ မလုပ္ၾကဘဲ ဒါမွမဟုတ္ ဆုံးျဖတ္ ေျဖရွင္းမႈေတြမလုပ္ေတာ့ဘဲ အလုပ္တာ၀န္ေသးေသးမႊားမႊားပဲယူကာ အေရးယူအျပစ္ေပးခံရမႈမွ ေရွာင္ရွားႏုိင္တဲ့ နည္းအျဖစ္ က်င့္သုံးေနၾကေၾကာင္း ကြန္ျမဴနစ္ပါတီနဲ ့အစုိးရက အႀကိမ္ႀကိမ္ ဆူပူႀကိမ္းေမာင္းခဲ့ရပါတယ္။
အျပစ္ကင္းျခင္းနဲ ့တာ၀န္ရွိျခင္းအၾကား ဆက္စပ္မႈကုိ မွန္မွန္ကန္ကန္ သုံးသပ္ကုိင္တြယ္ႏုိင္ဖုိ ့ အေရးႀကီးေၾကာင္း အစည္းအေ၀းမွာ ရွီက ေျပာဆုိခဲ့တယ္လုိ ့ ဆင္ဟြာသတင္းက ေဖာ္ျပပါတယ္။ ဘာမွမလုပ္ဘဲ သုိ႔မဟုတ္ တာ၀န္ယူ တာ၀န္ခံမႈမလုပ္ဘဲ ေနတာကုိ အက်င့္ပ်က္ျခစားမႈ တုိက္ဖ်က္ျခင္း အေၾကာင္းျပခ်က္ေကာင္းအျဖစ္ လုံး၀ယူဆလုိ ့မရေၾကာင္း ရွီက ေျပာဆုိခဲ့ပါတယ္။ “တာ၀န္ႀကီးေတြကုိ စီမံကုိင္တြယ္ဖုိ ့၊ အခြံမာသီးေတြကုိ ရုိက္ခြဲဖုိ ့၊ အားလူးပူပူေတြကုိ ကုိင္တြယ္ရဲဖုိ ့ ရဲရင့္စမ္းပါ” လုိ ့ ၄င္းက ဆုိခဲ့ပါတယ္။ ႏုိင္ငံေရး ခံစားမႈကင္းၿပီး စိတ္မပါဘဲ အလုပ္ေတြလုပ္ေနတဲ့ ေယာင္ခ်ာခ်ာ အရာရွိေတြ ျဖစ္လုိ ့မရေၾကာင္း ၊ တစ္ေနကုန္ စားေသာက္ၿပီး အခ်ိန္ေတြျဖဳန္းေနတဲ့ ငပ်င္းအရာရွိေတြ ျဖစ္လုိ ့မရေၾကာင္း ရွီက မာန္မဲခဲ့ပါတယ္။
သူ ့ရဲ႕ အက်င့္ပ်က္ျခစားမႈ တုိက္ပြဲမွာ က်ားေတြနဲ ့ယင္ေတြ ႏွစ္မ်ဳိးႏွစ္စားလုံးကုိ ပစ္မွတ္ ထားသြားမွာျဖစ္ေၾကာင္း ေရေပၚစီ အထက္လႊာ အရာရွိေတြနဲ႕ အက်င့္မေျပာင္း လမ္းရုိးလုိက္ ဗ်ဴယုိကရက္ေတြကုိ ရည္ညႊန္းကာ ရွီက အခုိင္အမာေျပာဆုိခဲ့ပါတယ္။
ရွီရဲ႕ အက်င့္ပ်က္ ျခစားမႈ တုိက္ဖ်က္ေရးအတြင္း ေထာင္နဲ ့ခ်ီတဲ့ အရာရွိေတြ ေထာင္က်ျခင္း၊ အျပစ္ေပးအေရးယူခံရျခင္းေတြ ရွိခဲ့သလုိ အမ်ားစု ေၾကာက္ရြံရတဲ့ ျပည္တြင္းလုံၿခဳံေရး အႀကီးအကဲ က်ဳိးေယာင္ကန္အပါအ၀င္ စစ္ဘက္နဲ ့ ပါတီ ထိပ္တန္းအရာရွိ ဒါဇင္ခ်ီၿပီး ရာထူးျဖဳတ္ခ်ခံခဲ့ရပါတယ္။
အက်င့္ပ်က္ျခစားမႈတုိက္ဖ်က္ေရး အေရးယူေဆာင္ရြက္မႈေတြဟာ လာဘ္ေပးမႈ၊ အမ်ားျပည္သူ ဘ႑ာေငြေတြကုိ မေလ်ာ္မကန္ အသုံးခ်မႈေတြ တုိက္ဖ်က္ေရးအတြက္ ရည္ရြယ္ယုံသာမကဘဲ ပါတီ ေပၚလစီေတြအေပၚ သံသယစိတ္နဲ ့ထုတ္ေဖာ္ေျပာဆုိ၊ ေပါက္ၾကားေစတဲ့ ႏုိင္ငံေရး သစၥာခံေတြကုိ ေဖာ္ထုတ္အေရးယူဖုိ ့လည္း ရည္ရြယ္ပါတယ္။

- ကုိလင္း (အကုန္သိ သတင္းဌာန) | Ref : CNA

Unicode Version

 

တရုတ်အစိုးရ အရာရှိတွေဟာ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ မလုပ်ကြဘဲ မလုပ် မရှုပ် မပြုတ် လမ်းစဉ်ကျင့်သုံးကာ တစ်နေကုန် စားလိုက် သောက်လိုက်လုပ်ပြီး အချိန်တွေဖြုန်းနေကြကြောင်း ဇူလိုင် ၉ ရက်နေ့က ပြုလုပ်တဲ့ ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်တွေနဲ့အစည်းအဝေးအတွင်း သမ္မတ ရှီကျင်ပင်းက ပြစ်တင်ပြောဆိုလိုက်ပါတယ်။
၂၀၁၂ ခုနှစ် သမ္မတတာဝန် ရယူခဲ့ပြီးနောက် ရှီဟာ လာဘ်ပေးလာဘ်ယူမှုတွေကို စတင် တိုက်ဖျက်လာခဲ့တာဖြစ်ပြီး အစိုးရအရာရှိများစွာဟာ အလုပ်တွေ မလုပ်ကြဘဲ ဒါမှမဟုတ် ဆုံးဖြတ် ဖြေရှင်းမှုတွေမလုပ်တော့ဘဲ အလုပ်တာဝန်သေးသေးမွှားမွှားပဲယူကာ အရေးယူအပြစ်ပေးခံရမှုမှ ရှောင်ရှားနိုင်တဲ့ နည်းအဖြစ် ကျင့်သုံးနေကြကြောင်း ကွန်မြူနစ်ပါတီနဲ့အစိုးရက အကြိမ်ကြိမ် ဆူပူကြိမ်းမောင်းခဲ့ရပါတယ်။
အပြစ်ကင်းခြင်းနဲ့တာဝန်ရှိခြင်းအကြား ဆက်စပ်မှုကို မှန်မှန်ကန်ကန် သုံးသပ်ကိုင်တွယ်နိုင်ဖို့ အရေးကြီးကြောင်း အစည်းအဝေးမှာ ရှီက ပြောဆိုခဲ့တယ်လို့ ဆင်ဟွာသတင်းက ဖော်ပြပါတယ်။ ဘာမှမလုပ်ဘဲ သို့မဟုတ် တာဝန်ယူ တာဝန်ခံမှုမလုပ်ဘဲ နေတာကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း အကြောင်းပြချက်ကောင်းအဖြစ် လုံးဝယူဆလို့မရကြောင်း ရှီက ပြောဆိုခဲ့ပါတယ်။ “တာဝန်ကြီးတွေကို စီမံကိုင်တွယ်ဖို့၊ အခွံမာသီးတွေကို ရိုက်ခွဲဖို့၊ အားလူးပူပူတွေကို ကိုင်တွယ်ရဲဖို့ ရဲရင့်စမ်းပါ” လို့ ၎င်းက ဆိုခဲ့ပါတယ်။ နိုင်ငံရေး ခံစားမှုကင်းပြီး စိတ်မပါဘဲ အလုပ်တွေလုပ်နေတဲ့ ယောင်ချာချာ အရာရှိတွေ ဖြစ်လို့မရကြောင်း ၊ တစ်နေကုန် စားသောက်ပြီး အချိန်တွေဖြုန်းနေတဲ့ ငပျင်းအရာရှိတွေ ဖြစ်လို့မရကြောင်း ရှီက မာန်မဲခဲ့ပါတယ်။
သူ့ရဲ့ အကျင့်ပျက်ခြစားမှု တိုက်ပွဲမှာ ကျားတွေနဲ့ယင်တွေ နှစ်မျိုးနှစ်စားလုံးကို ပစ်မှတ် ထားသွားမှာဖြစ်ကြောင်း ရေပေါ်စီ အထက်လွှာ အရာရှိတွေနဲ့ အကျင့်မပြောင်း လမ်းရိုးလိုက် ဗျူယိုကရက်တွေကို ရည်ညွှန်းကာ ရှီက အခိုင်အမာပြောဆိုခဲ့ပါတယ်။
ရှီရဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးအတွင်း ထောင်နဲ့ချီတဲ့ အရာရှိတွေ ထောင်ကျခြင်း၊ အပြစ်ပေးအရေးယူခံရခြင်းတွေ ရှိခဲ့သလို အများစု ကြောက်ရွံရတဲ့ ပြည်တွင်းလုံခြုံရေး အကြီးအကဲ ကျိုးယောင်ကန်အပါအဝင် စစ်ဘက်နဲ့ ပါတီ ထိပ်တန်းအရာရှိ ဒါဇင်ချီပြီး ရာထူးဖြုတ်ချခံခဲ့ရပါတယ်။
အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အရေးယူဆောင်ရွက်မှုတွေဟာ လာဘ်ပေးမှု၊ အများပြည်သူ ဘဏ္ဍာငွေတွေကို မလျော်မကန် အသုံးချမှုတွေ တိုက်ဖျက်ရေးအတွက် ရည်ရွယ်ယုံသာမကဘဲ ပါတီ ပေါ်လစီတွေအပေါ် သံသယစိတ်နဲ့ထုတ်ဖော်ပြောဆို၊ ပေါက်ကြားစေတဲ့ နိုင်ငံရေး သစ္စာခံတွေကို ဖော်ထုတ်အရေးယူဖို့လည်း ရည်ရွယ်ပါတယ်။

- ကိုလင်း (အကုန်သိ သတင်းဌာန) | Ref : CNA

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။