Skip to main content
vsww
Ads Block

ဗစ္တုိးရီးယားအမႈကူညီေနေသာ သကၠမုိးညိဳအေကာင့္ပိုင္ရွင္ကို က်ပ္သိန္း(၁၀၀)ျဖင့္ အာမခံေပး

ေနျပည္ေတာ္ရွိ Wisdom Hill ေက်ာင္းတြင္တက္ေရာက္ေနသည့္ ၃ ႏွစ္၀န္းက်င္အရြယ္မိန္းကေလး အဓမၼျပဳက်င့္ခံရမႈႏွင့္ပတ္သက္၍ကူညီေပးေနသည့္ သကၠမုိးညိဳ Facebook အေကာင့္ပိုင္ရွင္ျဖစ္သူ ေဒါက္တာဝင္းကိုကိုသိန္းကို က်ပ္သိန္း (၁၀၀)ျဖင့္ အာမခံေပးလုိက္ေၾကာင္းသိရသည္။

etje4

 

ရဲတပ္ဖြဲ႔အားအၾကည္ညိဳပ်က္ေစသည္ဟုဆုိကာ သကၠမုိးညိဳ အေကာင့္ပိုင္ရွင္ျဖစ္သူ ေဒါက္တာ ဝင္းကိုကိုသိန္းကို ဇူလုိင္လ ၉ ရက္တြင္ ပ်ဥ္းမနားၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးကတရားလုိျပဳလုပ္ကာ အီလက္ထေရာနစ္ ဥပေဒ ၃၄(ဃ)ျဖင့္အမႈဖြင့္လွစ္ခဲ့ၿပီး ဇူလုိင္လ ၁၀ ရက္တြင္ ရဲတပ္ဖြဲ႔မွေခၚယူစစ္ေဆးကာ အာမခံေပးလုိက္ျခင္း ျဖစ္သည္။

“ သိန္း ၁၀၀ အာမခံနဲ႔ ကၽြန္ေတာ့္ကို ျပန္လႊတ္လုိက္တာပါ။ ေရွ႕ဆက္ၿပီး ရုံးခ်ိန္းရင္သြားပါ့မယ္။ ကၽြန္ေတာ္ ေရးခဲ့ပါတယ္။ ေရးခဲ့တာေတြကသက္ေသအေထာက္အထားမရွိဘဲေရးခဲ့တာမဟုတ္ဘူး” ဟု သကၠမုိးညိဳ အေကာင့္ပိုင္ရွင္ ေဒါက္တာဝင္းကိုကိုသိန္းက ေနျပည္ေတာ္တြင္သတင္းေထာက္မ်ားအားေျပာသည္။

ၿပီးခဲ့ေသာ ဇူလုိင္လ ၄ ရက္၊ ၅ ရက္ႏွင့္ ၆ ရက္တို႔တြင္သကၠမုိးညိဳအေကာင့္၌ေရးသားထားသည့္ စာသားမ်ားမွာ ရဲတပ္ဖြဲ႔၏ ဂုဏ္သိကၡာက်ဆင္းေစသည့္အတြက္ဟုဆုိကာ အမႈဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း ၎ေျပာျပခ်က္အရ သိရသည္။

လက္ရွိတြင္ ဗစ္တုိးရီးယားအမႈႏွင့္ပတ္သက္ၿပီး ေက်ာင္းႀကီးၾကပ္ေရးမွဴး၏ ယာဥ္ေမာင္းျဖစ္သူ ေအာင္ေက်ာ္မ်ိဳး (ခ)ေအာင္ႀကီးကိုပုဒ္မ- ၃၇၆ ျဖင့္ ဖမ္းဆီးထားၿပီး ဇူလုိင္လ ၁၅ ရက္တြင္ စတင္ရုံးထုတ္မည္ျဖစ္ေၾကာင္း သိရသည္။

 

-

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

 

Unicode Version

ဗစ်တိုးရီးယားအမှုကူညီနေသော သက္ကမိုးညိုအကောင့်ပိုင်ရှင်ကို ကျပ်သိန်း(၁၀၀)ဖြင့် အာမခံပေး

 

 


နေပြည်တော်ရှိ Wisdom Hill ကျောင်းတွင်တက်ရောက်နေသည့် ၃ နှစ်ဝန်းကျင်အရွယ်မိန်းကလေး အဓမ္မပြုကျင့်ခံရမှုနှင့်ပတ်သက်၍ကူညီပေးနေသည့် သက္ကမိုးညို Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ဒေါက်တာဝင်းကိုကိုသိန်းကို ကျပ်သိန်း (၁၀၀)ဖြင့် အာမခံပေးလိုက်ကြောင်းသိရသည်။

ရဲတပ်ဖွဲ့အားအကြည်ညိုပျက်စေသည်ဟုဆိုကာ သက္ကမိုးညို အကောင့်ပိုင်ရှင်ဖြစ်သူ ဒေါက်တာ ဝင်းကိုကိုသိန်းကို ဇူလိုင်လ ၉ ရက်တွင် ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့မှူးကတရားလိုပြုလုပ်ကာ အီလက်ထရောနစ် ဥပဒေ ၃၄(ဃ)ဖြင့်အမှုဖွင့်လှစ်ခဲ့ပြီး ဇူလိုင်လ ၁၀ ရက်တွင် ရဲတပ်ဖွဲ့မှခေါ်ယူစစ်ဆေးကာ အာမခံပေးလိုက်ခြင်း ဖြစ်သည်။

“ သိန်း ၁၀၀ အာမခံနဲ့ ကျွန်တော့်ကို ပြန်လွှတ်လိုက်တာပါ။ ရှေ့ဆက်ပြီး ရုံးချိန်းရင်သွားပါ့မယ်။ ကျွန်တော် ရေးခဲ့ပါတယ်။ ရေးခဲ့တာတွေကသက်သေအထောက်အထားမရှိဘဲရေးခဲ့တာမဟုတ်ဘူး” ဟု သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းက နေပြည်တော်တွင်သတင်းထောက်များအားပြောသည်။

ပြီးခဲ့သော ဇူလိုင်လ ၄ ရက်၊ ၅ ရက်နှင့် ၆ ရက်တို့တွင်သက္ကမိုးညိုအကောင့်၌ရေးသားထားသည့် စာသားများမှာ ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကျဆင်းစေသည့်အတွက်ဟုဆိုကာ အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းပြောပြချက်အရ သိရသည်။

လက်ရှိတွင် ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်ပြီး ကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းဖြစ်သူ အောင်ကျော်မျိုး (ခ)အောင်ကြီးကိုပုဒ်မ- ၃၇၆ ဖြင့် ဖမ်းဆီးထားပြီး ဇူလိုင်လ ၁၅ ရက်တွင် စတင်ရုံးထုတ်မည်ဖြစ်ကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။