Skip to main content
Ads Block

မြစ်ကမ်းပါးပြိုမှုပိုများလာပြီး အရေးပေါ်မြစ်ကမ်းပါးထိန်းနံရံတွေ ဆောင်ရွက်နေရ (ရုပ်သံ)

 

Unicode version

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ညောင်ဇောက်ကျေးရွာအုပ်စု ပေါက်တောကြီးကျေးရွာမှာ ဇွန်လပိုင်းလောက်ထဲက မြစ်ကမ်းပါးပြိုမှုတွေ စဖြစ်လာနေရာက ဆက်တိုက် ကမ်းပြိုမှုများလာပြီး အရေးပေါ် မြစ်ကမ်းပါးထိန်းနံရံများ ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။ မြစ်ကမ်းဘေးကပ်ပြီး သဲနဲ့ ကျောက်စုတ်တဲ့ လုပ်ငန်းတွေကြောင့် ကမ်းပိုပြိုကျလာတာ ဖြစ်တယ်လို့လည်း ပေါက်တောကြီးကျေးရွာအုပ်ချုပ်ရေးမှူးက ပြောခဲ့ပါတယ်။
 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။