Skip to main content
ကေလးမ်ားဆုိင္ရာ ပရဟိတသမား ကုလသမဂၢအရာရွိႀကီးတစ္ဦး နီေပါတြင္ သက္ငယ္မုဒိမ္းမႈျဖင့္ ေထာင္က်
Ads Block

ကေလးမ်ားဆုိင္ရာ ပရဟိတသမား ကုလသမဂၢအရာရွိႀကီးတစ္ဦး နီေပါတြင္ သက္ငယ္မုဒိမ္းမႈျဖင့္ ေထာင္က်

နီေပါႏုိင္ငံမွာ သက္ငယ္မုဒိမ္းမႈျဖင့္ ဖမ္းဆီး၊ စီရင္ခ်က္ခ်ခံရတဲ့ ကုလသမဂၢ အရာရွိႀကီးတစ္ဦးကုိ တရား႐ုံးက ေထာင္ဒဏ္က်ခံေစရန္ အမိန္႔ခ်လုိက္ေၾကာင္း သတင္းရရွိပါတယ္။

ကေလးမ်ားဆုိင္ရာ ပရဟိတသမား ကုလသမဂၢအရာရွိႀကီးတစ္ဦး နီေပါတြင္ သက္ငယ္မုဒိမ္းမႈျဖင့္ ေထာင္က်


အသက္ ၆၂ ႏွစ္အ႐ြယ္ရွိ ကေနဒါႏုိင္ငံသား ပီတာ ဂၽြန္ ဒဲလ္ဂလစ္ရွ္ဟာ ကေနဒါရဲ႕ ဒုတိယအျမင့္ဆုံး အရပ္သားဂုဏ္ထူးေဆာင္ဘြဲ႕တံဆိပ္ကုိ ရရွိထားတဲ့ ပရဟိတဝန္ထမ္းႀကီး တစ္ဦးျဖစ္ပါတယ္။ ယမန္ႏွစ္ ဧၿပီလမွာေတာ့ နီေပါၿမိဳ႕ေတာ္ ကတ္သ္မန္ဒူအနီးရွိ ေနအိမ္မွာ ၄င္းကုိ အသက္ ၁၂ ႏွစ္နဲ႔ ၁၄ ႏွစ္အ႐ြယ္ ေယာက်ၤားေလး ၂ ဦးနဲ႔အတူ ဖမ္းမိခဲ့ပါတယ္။
ထုိ႔အတြက္ သက္ငယ္မုဒိမ္းမႈျဖင့္ တရားစီရင္ခဲ့ရာ ၂၀၁၉ ခုႏွစ္ ဇြန္လမွာေတာ့ အျပစ္ရွိေၾကာင္း စီရင္ခ်က္က်ခဲ့ၿပီး ဇူလုိင္ ၈ ရက္မွာေတာ့ ၁၂ ႏွစ္အ႐ြယ္ကေလးငယ္အား အဓမၼျပဳက်င့္မႈအတြက္ ေထာင္ဒဏ္ ၉ ႏွစ္၊ ၁၄ ႏွစ္အ႐ြယ္ကေလးငယ္အား ဗလကၠာယျပဳက်င့္မႈအတြက္ ေထာင္ဒဏ္ ၆ ႏွစ္ အမိန္႔ခ်ခံရပါတယ္။
ကေလးငယ္ ၂ ဦးစလုံးအား ၁ ဦးလွ်င္ နီေပါ႐ူပီး ၅ သိန္း နစ္နာေၾကးေပးရန္လည္း ဒဲလ္ဂလစ္ရွ္ကုိ ခ႐ုိင္တရား႐ုံးက အမိန္႔ခ်ခဲ့တယ္လုိ႔ သိရပါတယ္။ ဒါေပမဲ့ ေထာင္ဒဏ္ႏွစ္ရပ္အား သီးျခား သုိ႔မဟုတ္ တစ္ေပါင္းတည္း က်ခံေစရန္ တရားသူႀကီးက မဆုံးျဖတ္၊ အမိန္႔မခ်ေသးပါဘူး။

ဒဲလ္ဂလစ္ရွ္ ကေလးလုပ္သားေတြ၊ စစ္ေဘးသင့္နဲ႔လမ္းေဘးေရာက္ ကေလးေတြအတြက္ လူသားခ်င္း စာနာေထာက္ထားမႈဆုိင္ရာ အကူအညီေတြ ေပးခဲ့တာေၾကာင့္ ထင္ရွားလာခဲ့ပါတယ္။ ထုိ႔ေနာက္ ၂၀၀၀ ျပည့္ႏွစ္အေစာပုိင္းမွာ အျပည္ျပည္ဆုိင္ရာ အလုပ္သမားအဖြဲ႕ရဲ႕ နီေပါႏုိင္ငံ ကေလးလုပ္သား အစီအစဥ္ရဲ႕ အၾကံေပးအျဖစ္နဲ႔ ၂၀၁၅ ခုႏွစ္မွာ ကုလ အုိးအိမ္ျပန္လည္ထူေထာင္ေရးအစီအစဥ္ရဲ႕ အာဖဂန္ဆုိင္ရာ အႀကီးအကဲအျဖစ္ ခန္႔အပ္ခံခဲ့ရပါတယ္။

အသက္မျပည့္ေသးသူနဲ႔ ကာမဆက္ဆံေၾကာင္း စြဲခ်က္ေတြကုိ ဒဲလ္ဂလစ္ရွ္က ျငင္းဆုိထားၿပီး ၄င္းရဲ႕ေရွ႕ေနေတြကလည္း တရားစီရင္ရာမွာ သက္ေသထြက္ခ်က္ေတြ တစ္သမတ္တည္းမရွိျခင္း စတဲ့ မူမမွန္မႈေတြ ရွိခဲ့တယ္လို႔ ေျပာပါတယ္။ ဒါ့ျပင္ အမႈကုိ အယူခံတင္ဦးမည္ျဖစ္ေၾကာင္းလည္း ၄င္းေရွ႕ေန တစ္ဦးထံမွ သိရပါတယ္။

လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက နီေပါဟာ ၄င္းတုိ႔ဆီေရာက္လာခဲ့တဲ့ သက္ငယ္မုဒိမ္းသမား တုိင္းတစ္ပါးသား ေတြကုိ  ေဖာ္ထုတ္ဖမ္းဆီးခဲ့ရာ ၅ ဦးခန္႔ ဖမ္းမိခဲ့ပါတယ္။ ဖမ္းမိသူေတြအနက္ ဟန္႔စ္ ယာဂန္ ဂူ႕စ္တာ့ဗ္ ဒါးန္ အမည္ရွိ ဂ်ာမန္တစ္ဦးဆုိလွ်င္လည္း ဒဲလ္ဂလစ္ရွ္ကဲ့သုိ႔ ကေလးသူငယ္ေရးရာ ပရဟိတသမား ဟန္ေဆာင္ခဲ့တဲ့ သက္ငယ္မုဒိမ္းသမား ျဖစ္ပါတယ္။

- ZHO ( အကုန္သိ သတင္းဌာန ) | ( Ref : AFP, globalnews, bangkokpost )

Unicode Version

 

နီပေါနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုဖြင့် ဖမ်းဆီး၊ စီရင်ချက်ချခံရတဲ့ ကုလသမဂ္ဂ အရာရှိကြီးတစ်ဦးကို တရားရုံးက ထောင်ဒဏ်ကျခံစေရန် အမိန့်ချလိုက်ကြောင်း သတင်းရရှိပါတယ်။
အသက် ၆၂ နှစ်အရွယ်ရှိ ကနေဒါနိုင်ငံသား ပီတာ ဂျွန် ဒဲလ်ဂလစ်ရှ်ဟာ ကနေဒါရဲ့ ဒုတိယအမြင့်ဆုံး အရပ်သားဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို ရရှိထားတဲ့ ပရဟိတဝန်ထမ်းကြီး တစ်ဦးဖြစ်ပါတယ်။ ယမန်နှစ် ဧပြီလမှာတော့ နီပေါမြို့တော် ကတ်သ်မန်ဒူအနီးရှိ နေအိမ်မှာ ၎င်းကို အသက် ၁၂ နှစ်နဲ့ ၁၄ နှစ်အရွယ် ယောင်္ကျားလေး ၂ ဦးနဲ့အတူ ဖမ်းမိခဲ့ပါတယ်။
ထို့အတွက် သက်ငယ်မုဒိမ်းမှုဖြင့် တရားစီရင်ခဲ့ရာ ၂၀၁၉ ခုနှစ် ဇွန်လမှာတော့ အပြစ်ရှိကြောင်း စီရင်ချက်ကျခဲ့ပြီး ဇူလိုင် ၈ ရက်မှာတော့ ၁၂ နှစ်အရွယ်ကလေးငယ်အား အဓမ္မပြုကျင့်မှုအတွက် ထောင်ဒဏ် ၉ နှစ်၊ ၁၄ နှစ်အရွယ်ကလေးငယ်အား ဗလက္ကာယပြုကျင့်မှုအတွက် ထောင်ဒဏ် ၆ နှစ် အမိန့်ချခံရပါတယ်။
ကလေးငယ် ၂ ဦးစလုံးအား ၁ ဦးလျှင် နီပေါရူပီး ၅ သိန်း နစ်နာကြေးပေးရန်လည်း ဒဲလ်ဂလစ်ရှ်ကို ခရိုင်တရားရုံးက အမိန့်ချခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ထောင်ဒဏ်နှစ်ရပ်အား သီးခြား သို့မဟုတ် တစ်ပေါင်းတည်း ကျခံစေရန် တရားသူကြီးက မဆုံးဖြတ်၊ အမိန့်မချသေးပါဘူး။

ဒဲလ်ဂလစ်ရှ် ကလေးလုပ်သားတွေ၊ စစ်ဘေးသင့်နဲ့လမ်းဘေးရောက် ကလေးတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးခဲ့တာကြောင့် ထင်ရှားလာခဲ့ပါတယ်။ ထို့နောက် ၂၀၀၀ ပြည့်နှစ်အစောပိုင်းမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ရဲ့ နီပေါနိုင်ငံ ကလေးလုပ်သား အစီအစဉ်ရဲ့ အကြံပေးအဖြစ်နဲ့ ၂၀၁၅ ခုနှစ်မှာ ကုလ အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ်ရဲ့ အာဖဂန်ဆိုင်ရာ အကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

အသက်မပြည့်သေးသူနဲ့ ကာမဆက်ဆံကြောင်း စွဲချက်တွေကို ဒဲလ်ဂလစ်ရှ်က ငြင်းဆိုထားပြီး ၎င်းရဲ့ရှေ့နေတွေကလည်း တရားစီရင်ရာမှာ သက်သေထွက်ချက်တွေ တစ်သမတ်တည်းမရှိခြင်း စတဲ့ မူမမှန်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါ့ပြင် အမှုကို အယူခံတင်ဦးမည်ဖြစ်ကြောင်းလည်း ၎င်းရှေ့နေ တစ်ဦးထံမှ သိရပါတယ်။

လွန်ခဲ့တဲ့နှစ်တွေတုန်းက နီပေါဟာ ၎င်းတို့ဆီရောက်လာခဲ့တဲ့ သက်ငယ်မုဒိမ်းသမား တိုင်းတစ်ပါးသား တွေကို  ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၅ ဦးခန့် ဖမ်းမိခဲ့ပါတယ်။ ဖမ်းမိသူတွေအနက် ဟန့်စ် ယာဂန် ဂူ့စ်တာ့ဗ် ဒါးန် အမည်ရှိ ဂျာမန်တစ်ဦးဆိုလျှင်လည်း ဒဲလ်ဂလစ်ရှ်ကဲ့သို့ ကလေးသူငယ်ရေးရာ ပရဟိတသမား ဟန်ဆောင်ခဲ့တဲ့ သက်ငယ်မုဒိမ်းသမား ဖြစ်ပါတယ်။

- ZHO ( အကုန်သိ သတင်းဌာန ) | ( Ref : AFP, globalnews, bangkokpost )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။