Skip to main content
မိန္းကေလးခ်င္းအ၀တ္အစားခၽြတ္ႏွိပ္စက္ခဲ့သူမ်ားကို ပုဒ္မ ၄ ခုျဖင့္ အမႈဖြင့္ထားၿပီ
Ads Block

မိန္းကေလးခ်င္းအ၀တ္အစားခၽြတ္ႏွိပ္စက္ခဲ့သူမ်ားကို ပုဒ္မ ၄ ခုျဖင့္ အမႈဖြင့္ထားၿပီ

ရွမ္းျပည္နယ္၊ တန္႔ယန္းၿမိဳ႕နယ္တြင္ ၁၄ ႏွစ္အရြယ္မိန္းကေလးအား အ၀တ္အစားခၽြတ္ႏွိပ္စက္ခဲ့ေသာ အမ်ိဳးသမီး ၇ ဦးအဖြဲ႕ကိုအမႈဖြင့္ထားၿပီျဖစ္ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ရွမ္းျပည္နယ္၊ တန္႔ယန္းၿမိဳ႕နယ္တြင္ မ----- ၊ ၁၄ ႏွစ္ႏွင့္ အဆိုပါ အမ်ိဳးသမီး ၇ ဦးတို႔သည္ မည္သည့္ရန္ၿငိဳးရန္စမရွိဘဲ ေက်ာင္းအတြင္းမိန္းမခ်င္းေစာင္းၾကည့္ခဲ့သည့္ကိစၥႏွင့္အစျပဳကာ ေက်ာက္ေတာင္၊ တရုတ္နတ္စင္အနီးသို႔ ခ်ိန္းဆိုခဲ့ေၾကာင္း သိရသည္။
ယင္းေနာက္ ဇူလိုင္လ ၇ ရက္၌ ေက်ာက္ေတာင္၊ တရုတ္နတ္စင္အနီး၌ အဆိုပါအမ်ိဳးသမီး ၇ ဦးက အုပ္စုဖြဲ႕၍ မ----- ၊ ၁၄ ႏွစ္အား အ၀တ္အစားခၽြတ္ႏွိပ္စက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ ကြ်န္ေတာ္တို႔စခန္းကို အုပ္ထိန္းသူမိဘေတြကိုယ္တိုင္ လာေရာက္အပ္ႏွံခဲ့တယ္။ အဲဒါေၾကာင့္ သက္ဆိုင္ရာ ပုဒ္မေတြနဲ႔ အမႈဖြင့္ထားၿပီးပါၿပီ။ ဒါေပမဲ့ ေအးလံုဆိုတဲ့ကေလးမကေတာ့ ေရာက္ရွိလာျခင္း မရွိေသးတဲ့အတြက္ ကြ်န္ေတာ္တို႔ဆက္လက္ေဆာင္ရြက္သြားမွာပါ။ ၿပီးေတာ့ အမႈကအာမခံေပးလို႔ရတဲ့ ပုဒ္မလည္းျဖစ္ေနတယ္။ ကေလးမေလးေတြကလည္း အုပ္ထိန္းမႈေအာက္မွာရွိေနရမယ့္အရြယ္လည္းျဖစ္ေနတဲ့အတြက္ ေျပာဆိုဆံုးမၿပီးေတာ့ အုပ္ထိန္းသူေတြထံအာမခံနဲ႔ျပန္အပ္ႏွံေပးထားပါတယ္” ဟု တန္႔ယန္းၿမိဳ႕မရဲစခန္းမွ အမႈစစ္အရာရွိက အကုန္သိသတင္းဌာနသို႔ ဇူလိုင္လ ၁၀ ရက္တြင္ ေျပာသည္။
အဆိုပါျဖစ္စဥ္တြင္ ပါ၀င္ခဲ့သူမ်ားမွာ နန္းခမ္းေအာင္(၁၁)ႏွစ္၊ နန္းဆမ္းမိုး(၁၃)ႏွစ္၊ နန္းလြန္႔ဖိုင္(၁၅)ႏွစ္၊ အီေတာင္(၁၅)ႏွစ္၊ အီေတာင္(၁၇)ႏွစ္၊ ေအးစိုင္းေထြး(၁၆)ႏွစ္ႏွင့္ ေအးလံု တို႔ျဖစ္ေၾကာင္းရဲမွတ္တမ္းအရ သိရၿပီး မ------၊ ၁၄ ႏွစ္မွာ ႏွိပ္စက္ခံရမႈေၾကာင့္ တစ္ကိုယ္လံုးနာက်င္၊ ဦးေခါင္းမူးေ၀ၿပီး ေအာ့အန္မႈမ်ား ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါအမႈႏွင့္ပတ္သက္၍ တန္႔ယန္းၿမိဳ႕မရဲစခန္း၌ (ပ)၄၁/၂၀၁၉ ၊ ရာဇသတ္ႀကီးပုဒ္မ - ၂၉၄ (စိတ္ၿငိဳျငင္ေစမႈ)၊ ၃၂၅(ျပင္းထန္နာက်င္ေစမႈ)၊ ၃၅၄(ကာယိအိေျႏၵပ်က္စီးေစမႈ)၊ ၁၁၄(ပူးေပါင္းႀကံစည္မႈ)တို႔ျဖင့္ အမႈဖြင့္ကာ တရားစြဲတင္ႏိုင္ေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။
- ဒါးဇ ( အကုန္သိ သတင္းဌာန ) | ဓာတ္ပံု - ပိုးေလး ၿဖိဳးကိုကို

Unicode Version

 

ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်တွင် ၁၄ နှစ်အရွယ်မိန်းကလေးအား အဝတ်အစားချွတ်နှိပ်စက်ခဲ့သော အမျိုးသမီး ၇ ဦးအဖွဲ့ကိုအမှုဖွင့်ထားပြီဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်တွင် မ----- ၊ ၁၄ နှစ်နှင့် အဆိုပါ အမျိုးသမီး ၇ ဦးတို့သည် မည်သည့်ရန်ငြိုးရန်စမရှိဘဲ ကျောင်းအတွင်းမိန်းမချင်းစောင်းကြည့်ခဲ့သည့်ကိစ္စနှင့်အစပြုကာ ကျောက်တောင်၊ တရုတ်နတ်စင်အနီးသို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။
ယင်းနောက် ဇူလိုင်လ ၇ ရက်၌ ကျောက်တောင်၊ တရုတ်နတ်စင်အနီး၌ အဆိုပါအမျိုးသမီး ၇ ဦးက အုပ်စုဖွဲ့၍ မ----- ၊ ၁၄ နှစ်အား အဝတ်အစားချွတ်နှိပ်စက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့စခန်းကို အုပ်ထိန်းသူမိဘတွေကိုယ်တိုင် လာရောက်အပ်နှံခဲ့တယ်။ အဲဒါကြောင့် သက်ဆိုင်ရာ ပုဒ်မတွေနဲ့ အမှုဖွင့်ထားပြီးပါပြီ။ ဒါပေမဲ့ အေးလုံဆိုတဲ့ကလေးမကတော့ ရောက်ရှိလာခြင်း မရှိသေးတဲ့အတွက် ကျွန်တော်တို့ဆက်လက်ဆောင်ရွက်သွားမှာပါ။ ပြီးတော့ အမှုကအာမခံပေးလို့ရတဲ့ ပုဒ်မလည်းဖြစ်နေတယ်။ ကလေးမလေးတွေကလည်း အုပ်ထိန်းမှုအောက်မှာရှိနေရမယ့်အရွယ်လည်းဖြစ်နေတဲ့အတွက် ပြောဆိုဆုံးမပြီးတော့ အုပ်ထိန်းသူတွေထံအာမခံနဲ့ပြန်အပ်နှံပေးထားပါတယ်” ဟု တန့်ယန်းမြို့မရဲစခန်းမှ အမှုစစ်အရာရှိက အကုန်သိသတင်းဌာနသို့ ဇူလိုင်လ ၁၀ ရက်တွင် ပြောသည်။
အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သူများမှာ နန်းခမ်းအောင်(၁၁)နှစ်၊ နန်းဆမ်းမိုး(၁၃)နှစ်၊ နန်းလွန့်ဖိုင်(၁၅)နှစ်၊ အီတောင်(၁၅)နှစ်၊ အီတောင်(၁၇)နှစ်၊ အေးစိုင်းထွေး(၁၆)နှစ်နှင့် အေးလုံ တို့ဖြစ်ကြောင်းရဲမှတ်တမ်းအရ သိရပြီး မ------၊ ၁၄ နှစ်မှာ နှိပ်စက်ခံရမှုကြောင့် တစ်ကိုယ်လုံးနာကျင်၊ ဦးခေါင်းမူးဝေပြီး အော့အန်မှုများ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ တန့်ယန်းမြို့မရဲစခန်း၌ (ပ)၄၁/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ - ၂၉၄ (စိတ်ငြိုငြင်စေမှု)၊ ၃၂၅(ပြင်းထန်နာကျင်စေမှု)၊ ၃၅၄(ကာယိအိန္ဒြေပျက်စီးစေမှု)၊ ၁၁၄(ပူးပေါင်းကြံစည်မှု)တို့ဖြင့် အမှုဖွင့်ကာ တရားစွဲတင်နိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။
- ဒါးဇ ( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ - ပိုးလေး ဖြိုးကိုကို

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။