Skip to main content
လီဗာပူးခံစစ္မွဴးေဟာင္း မိုရီႏို စပိန္ႏုိင္ငံသို႔ ျပန္လည္ေျပာင္းေရႊ႕
Ads Block

လီဗာပူးခံစစ္မွဴးေဟာင္း မိုရီႏို စပိန္ႏုိင္ငံသို႔ ျပန္လည္ေျပာင္းေရႊ႕

၂၀၁၈-၁၉ ခုႏွစ္ေဘာလံုးရာသီအကုန္တြင္ လီဗာပူးအသင္းႏွင့္ လမ္းခြဲခဲ့သူ ဘယ္ေတာင္ပံခံစစ္မွဴး မိုရီႏိုသည္ ၿပီးခဲ့သည့္ ဇူလိုင္လ ၉ ရက္တြင္ စပိန္ကလပ္ ဗီလာရီးရဲအသင္းသုိ႔ ေျပာင္းေရႊ႕ေၾကးအလြတ္ျဖင့္ ေျပာင္းေရႊ႕ကာ ၅ ႏွစ္သက္တမ္းရွိ စာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆုိလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။ ၂၀၁၄ ခုႏွစ္ ေႏြရာသီေစ်းကြက္တြင္ ဆီဗီးလ္အသင္းမွ လီဗာပူးအသင္းသုိ႔ ေျပာင္းေရႊ႕လာသူ စပိန္ကစား သမား မိုရီႏို (၂၇ ႏွစ္) သည္ လီဗာပူး အတြက္ စုစုေပါင္း ၁၄၁ ပြဲ ပါ၀င္ကစားခဲ့ကာ ၃ ဂိုးသြင္းယူႏုိင္ခဲ့သူျဖစ္သည္။ သူသည္ လီဗာပူးအသင္းမန္ေနဂ်ာ ဘရီဒန္ေရာ္ဂ်ာ၏ လက္ေအာက္တြင္ ပံုမွန္ကစားခြင့္ ရရွိခဲ့ေသာ္လည္း ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလ အေစာပုိင္းတြင္ လီဗာပူးအသင္းမန္ေနဂ်ာအျဖစ္ တာ၀န္ယူခဲ့သူ ဂ်ာဂ်င္ကေလာ့၏ လက္ေအာက္တြင္မူ ပံုမွန္ကစားခြင့္ ဆံုး႐ံႈးခဲ့ရကာ မန္ေနဂ်ာ ဂ်ာဂ်င္ကေလာ့သည္ ၂၀၁၇ ခုႏွစ္ ေႏြရာသီအတြင္း ဟားလ္စီးတီး အသင္းမွ ဘယ္ေတာင္ပံခံစစ္မွဴး အန္ဒ႐ူးေရာ္ဘတ္ဆင္အား မေခၚယူမီတြင္ ဘယ္ေတာင္ပံခံစစ္ေနရာ၌ ကြင္းလယ္ ကစားသမားတစ္ဦးျဖစ္သူ ဂ်ိမ္းစ္မီလ္နာကို ပိုမိုအသံုးျပဳခဲ့သည္။ လီဗာပူးသည္ ဘယ္ေတာင္ပံခံစစ္မွဴး မိုရီႏိုႏွင့္ လမ္းခြဲခဲ့ၿပီးေနာက္ အသင္းအကယ္ဒမီမွ အဒမ္လီ၀စ္အား ပထမအသင္းသုိ႔ ေခၚယူကာ မုိရီႏို၏ ေနရာတြင္ အစားထုိး ဖြယ္ရွိေနေၾကာင္း သတင္းမ်ားတြင္ ဆက္လက္ေရးသားထားသည္။ ၂၀၁၈-၁၉ ခုႏွစ္ ေဘာလံုးရာသီတြင္ ခ်န္ပီယံလိဂ္ ဆုဖလား ရယူႏုိင္ခဲ့သည့္ လီဗာပူးအသင္းသည္ ယခုေႏြရာသီအတြင္း ကစားသမားသစ္ေခၚယူမႈအျဖစ္ ေဟာ္လန္ကလပ္ ဇို၀ိုလီအသင္းမွ ေဟာ္လန္လူငယ္ခံစစ္မွဴး ဗန္ဒန္ဘတ္ (၁၇ ႏွစ္) အား ေျပာင္းေရႊ႕ေၾကး ေပါင္ ၁.၃ သန္းျဖင့္ ေခၚယူထားသည္။ အာဆင္နယ္အသင္းသည္ မိုရီႏိုအား ေခၚယူ ရန္ ႀကိဳးစားခဲ့ေသာ္လည္း သူ၏ ဇာတိႏုိင္ငံျဖစ္သည့္ စပိန္ႏုိင္ငံသုိ႔သာ ျပန္ရန္ ေရြးခ်ယ္ဆံုးျဖတ္ခဲ့ျခင္းျဖစ္သည္။ မိုရီႏိုသည္ ၂၀၁၂ ခုႏွစ္မွ ၂၀၁၄ ခုႏွစ္အထိ ဆီဗီးလ္အသင္းတြင္ ပါ၀င္ကစားခဲ့စဥ္အတြင္း လက္ရွိ အာဆင္နယ္ အသင္းမန္ေနဂ်ာ အမ္မရီ၏ လက္ေအာက္ကစားခဲ့ဖူးသူျဖစ္သည္။ အာဆင္နယ္အသင္း၏ ဘယ္ေတာင္ပံ ခံစစ္ကစားသမားမ်ားျဖစ္သည့္ နာခ်ိဳမြန္ရီးရဲႏွင့္ ကိုလာစီနက္စ္တုိ႔၏ အာဆင္နယ္ ကစားသမားဘ၀ အနာဂတ္မွာ မေရမရာျဖစ္ေနျခင္းေၾကာင့္ အာဆင္နယ္အသင္းအေနျဖင့္ ယခုေႏြရာသီတြင္ ဘယ္ေတာင္ပံခံစစ္မွဴးတစ္ဦး ေခၚယူရန္ ရွာေဖြလ်က္ရွိသည္။ မန္ေနဂ်ာ အမ္မရီအေနျဖင့္ ဆဲလ္တစ္အသင္းမွ စေကာ့ တလန္ ဘယ္ေတာင္ပံခံစစ္မွဴး ကီရန္တိုင္ေနး (၂၂ ႏွစ္) အား ေခၚယူရန္ ပစ္မွတ္ထားေနေသာ္လည္း ဆဲလ္တစ္အသင္း က ခံစစ္မွဴး တိုင္ေနး၏ ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္ ၂၅ သန္း သတ္မွတ္ထားျခင္းသည္ အာဆင္နယ္အတြက္ အတားအဆီးတစ္ရပ္ျဖစ္ေနသည္ဟု ဆုိသည္။ ခံစစ္မွဴး တုိင္ေနးအား အီတလီကလပ္ နာပိုလီအသင္းကလည္း ေခၚယူရန္ ပစ္မွတ္ထားေနသည္။

- အကုန္သိ သတင္းဌာန

Unicode Version

 

၂၀၁၈-၁၉ ခုနှစ်ဘောလုံးရာသီအကုန်တွင် လီဗာပူးအသင်းနှင့် လမ်းခွဲခဲ့သူ ဘယ်တောင်ပံခံစစ်မှူး မိုရီနိုသည် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်တွင် စပိန်ကလပ် ဗီလာရီးရဲအသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ကာ ၅ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ် နွေရာသီဈေးကွက်တွင် ဆီဗီးလ်အသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့လာသူ စပိန်ကစား သမား မိုရီနို (၂၇ နှစ်) သည် လီဗာပူး အတွက် စုစုပေါင်း ၁၄၁ ပွဲ ပါဝင်ကစားခဲ့ကာ ၃ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်သည်။ သူသည် လီဗာပူးအသင်းမန်နေဂျာ ဘရီဒန်ရော်ဂျာ၏ လက်အောက်တွင် ပုံမှန်ကစားခွင့် ရရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ် အောက်တိုဘာလ အစောပိုင်းတွင် လီဗာပူးအသင်းမန်နေဂျာအဖြစ် တာဝန်ယူခဲ့သူ ဂျာဂျင်ကလော့၏ လက်အောက်တွင်မူ ပုံမှန်ကစားခွင့် ဆုံးရှုံးခဲ့ရကာ မန်နေဂျာ ဂျာဂျင်ကလော့သည် ၂၀၁၇ ခုနှစ် နွေရာသီအတွင်း ဟားလ်စီးတီး အသင်းမှ ဘယ်တောင်ပံခံစစ်မှူး အန်ဒရူးရော်ဘတ်ဆင်အား မခေါ်ယူမီတွင် ဘယ်တောင်ပံခံစစ်နေရာ၌ ကွင်းလယ် ကစားသမားတစ်ဦးဖြစ်သူ ဂျိမ်းစ်မီလ်နာကို ပိုမိုအသုံးပြုခဲ့သည်။ လီဗာပူးသည် ဘယ်တောင်ပံခံစစ်မှူး မိုရီနိုနှင့် လမ်းခွဲခဲ့ပြီးနောက် အသင်းအကယ်ဒမီမှ အဒမ်လီဝစ်အား ပထမအသင်းသို့ ခေါ်ယူကာ မိုရီနို၏ နေရာတွင် အစားထိုး ဖွယ်ရှိနေကြောင်း သတင်းများတွင် ဆက်လက်ရေးသားထားသည်။ ၂၀၁၈-၁၉ ခုနှစ် ဘောလုံးရာသီတွင် ချန်ပီယံလိဂ် ဆုဖလား ရယူနိုင်ခဲ့သည့် လီဗာပူးအသင်းသည် ယခုနွေရာသီအတွင်း ကစားသမားသစ်ခေါ်ယူမှုအဖြစ် ဟော်လန်ကလပ် ဇိုဝိုလီအသင်းမှ ဟော်လန်လူငယ်ခံစစ်မှူး ဗန်ဒန်ဘတ် (၁၇ နှစ်) အား ပြောင်းရွှေ့ကြေး ပေါင် ၁.၃ သန်းဖြင့် ခေါ်ယူထားသည်။ အာဆင်နယ်အသင်းသည် မိုရီနိုအား ခေါ်ယူ ရန် ကြိုးစားခဲ့သော်လည်း သူ၏ ဇာတိနိုင်ငံဖြစ်သည့် စပိန်နိုင်ငံသို့သာ ပြန်ရန် ရွေးချယ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ မိုရီနိုသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဆီဗီးလ်အသင်းတွင် ပါဝင်ကစားခဲ့စဉ်အတွင်း လက်ရှိ အာဆင်နယ် အသင်းမန်နေဂျာ အမ်မရီ၏ လက်အောက်ကစားခဲ့ဖူးသူဖြစ်သည်။ အာဆင်နယ်အသင်း၏ ဘယ်တောင်ပံ ခံစစ်ကစားသမားများဖြစ်သည့် နာချိုမွန်ရီးရဲနှင့် ကိုလာစီနက်စ်တို့၏ အာဆင်နယ် ကစားသမားဘ၀ အနာဂတ်မှာ မရေမရာဖြစ်နေခြင်းကြောင့် အာဆင်နယ်အသင်းအနေဖြင့် ယခုနွေရာသီတွင် ဘယ်တောင်ပံခံစစ်မှူးတစ်ဦး ခေါ်ယူရန် ရှာဖွေလျက်ရှိသည်။ မန်နေဂျာ အမ်မရီအနေဖြင့် ဆဲလ်တစ်အသင်းမှ စကော့ တလန် ဘယ်တောင်ပံခံစစ်မှူး ကီရန်တိုင်နေး (၂၂ နှစ်) အား ခေါ်ယူရန် ပစ်မှတ်ထားနေသော်လည်း ဆဲလ်တစ်အသင်း က ခံစစ်မှူး တိုင်နေး၏ ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၂၅ သန်း သတ်မှတ်ထားခြင်းသည် အာဆင်နယ်အတွက် အတားအဆီးတစ်ရပ်ဖြစ်နေသည်ဟု ဆိုသည်။ ခံစစ်မှူး တိုင်နေးအား အီတလီကလပ် နာပိုလီအသင်းကလည်း ခေါ်ယူရန် ပစ်မှတ်ထားနေသည်။

- အကုန်သိ သတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။