Skip to main content
လက္ရွိလုပ္ခေငြ၏ ႏွစ္ဆျဖင့္ ဂါရတ္ေဘးလ္အား ေခၚယူရန္ တ႐ုတ္ကလပ္အသင္းတစ္သင္း ကမ္းလွမ္း
Ads Block

လက္ရွိလုပ္ခေငြ၏ ႏွစ္ဆျဖင့္ ဂါရတ္ေဘးလ္အား ေခၚယူရန္ တ႐ုတ္ကလပ္အသင္းတစ္သင္း ကမ္းလွမ္း

ရီးရဲမက္ဒရစ္အသင္းေတာင္ပံကစားသမား ဂါရတ္ေဘးလ္အား အမည္ေဖာ္ျပျခင္းမရွိသည့္ တ႐ုတ္ကလပ္ အသင္းတစ္သင္းက တစ္ပတ္လုပ္ခေငြ ေပါင္ ၁.၂ သန္းအထိ ေပးေခ်ကာ ေခၚယူရန္ ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေၾကာင္း သတင္းမ်ားတြင္ ေရးသားေဖာ္ျပထားသည္။

လက္ရွိလုပ္ခေငြ၏ ႏွစ္ဆျဖင့္ ဂါရတ္ေဘးလ္အား ေခၚယူရန္ တ႐ုတ္ကလပ္အသင္းတစ္သင္း ကမ္းလွမ္း

ေ၀လကစားသမား ဂါရတ္ေဘးလ္ (၂၉ ႏွစ္) သည္ ရီးရဲတြင္ တစ္ပတ္လုပ္ခေငြအျဖစ္ ေပါင္ ၆၀၀၀၀၀ ရရွိ ေနသူျဖစ္ၿပီး တ႐ုတ္ကလပ္အသင္းမွ ကမ္းလွမ္းမႈသည္ ဂါရတ္ေဘးလ္၏ လက္ရွိလုပ္ခေငြ၏ ႏွစ္ဆျဖစ္သည္။ ဂါရတ္ေဘးလ္အား ေခၚယူရန္ စိတ္၀င္စားေနသည့္ အဆုိပါ တ႐ုတ္ကလပ္အသင္းအေနျဖင့္ ဂါရတ္ေဘးလ္အား ေျပာင္းေရႊ႕ေၾကး ေပးေခ်ျခင္းမျပဳရဘဲ ေခၚယူရန္ ဆႏၵရွိေနၿပီး ရီးရဲမက္ဒရစ္အသင္းကမူ ေျပာင္းေရႊ႕ေၾကးအလြတ္ျဖင့္ လက္လႊတ္ရန္ ဆႏၵမရွိေၾကာင္း သတင္းမ်ားတြင္ ဆက္လက္ေရးသားထားသည္။ ေဆာက္သမ္တန္ႏွင့္ စပါးစ္အသင္း ကစားသမားေဟာင္း ဂါရတ္ေဘးလ္ႏွင့္ ရီးရဲတုိ႔ ခ်ဳပ္ဆုိထားသည့္ စာခ်ဳပ္သက္တမ္းမွာ ၂၀၂၂ ခုႏွစ္တြင္မွ ကုန္ဆံုးမည္ျဖစ္သည္။ ယခုေႏြရာသီေစ်းကြက္ကာလတြင္ ကစားသမားသစ္ေခၚယူေရးအတြက္ ေပါင္သန္း ၃၀၀ အထိ အသံုးျပဳထားၿပီး ျဖစ္သည့္ ရီးရဲသည္ မန္ယူ ကြင္းလယ္ကစားသမား ေပါ့ဂ္ဘာကိုလည္း ေခၚယူႏုိင္ရန္ ဆက္လက္ႀကိဳးစားလ်က္ရွိသည္။ ရီးရဲအသင္းအေနျဖင့္ ျပင္သစ္ကစားသမား ေပါ့ဂ္ဘာအား ေခၚယူေရးကမ္းလွမ္းရာ တြင္ ဂါရတ္ေဘးလ္ သို႔မဟုတ္ အစၥကိုအား အလိုက္ေပးကမ္းလွမ္းသြားရန္ ရည္ရြယ္ထားသည္ဟု သတင္းမ်ား ထြက္ေပၚလ်က္ရွိသည္။ ဂါရတ္ေဘးလ္သည္ ၿပီးခဲ့သည့္ ၂၀၁၈-၁၉ ခုႏွစ္ ေဘာလံုးရာသီတြင္ ရီးရဲအတြက္ စုစုေပါင္း ၄၂ ပြဲ ပါ၀င္ကစားခဲ့ကာ ၁၄ ဂိုး သြင္းယူႏိုင္ခဲ့သူျဖစ္သည္။ ဂါရတ္ေဘးလ္၏ ေအးဂ်င့္ျဖစ္သူ ဂ်ိဳနသန္ဘားနက္က ဂါရတ္ေဘးလ္သည္ မန္ယူအသင္းတြင္ ပါ၀င္ကစားရန္ သင့္ေတာ္မႈရွိသည့္ ကစားသမားျဖစ္သည္ဟု ယံုၾကည္ေၾကာင္း၊ သို႔ေသာ္လည္း မန္ယူသုိ႔ ဂါရတ္ေဘးလ္ ေရာက္ရွိေရးသည္ ျဖစ္ႏုိင္ရန္ အလားအလာ အလြန္နည္းပါးေၾကာင္း ေျပာဆုိခဲ့သည္။ ဂ်ာမနီကလပ္ ဘိုင္ယန္ျမဴးနစ္ အသင္းသည္ ဂါရတ္ေဘးလ္အား ေခၚယူရန္ စိတ္၀င္စားေနေသာ္လည္း အငွားျဖင့္သာ ေခၚယူရန္ စိတ္၀င္စားေနျခင္း ျဖစ္ေသာေၾကာင့္ အေျပာင္းအေရႊ႕ကိစၥျဖစ္ေပၚလာရန္ အခြင့္အလမ္းမရွိဟု ေအးဂ်င့္ ဘားနက္က ေျပာဆုိခဲ့သည္။ ရီးရဲအသင္းတာ၀န္ရွိသူမ်ားက ဂါရတ္ေဘးလ္သည္ အသင္း၏ အနာဂတ္အစီအစဥ္မ်ားတြင္ ပါ၀င္ျခင္းမရွိေတာ့သည့္ ကစားသမားတစ္ဦးဟု သတ္မွတ္ထားေသာ္လည္း ဂါရတ္ေဘးလ္အေနျဖင့္မူ ရီးရဲအသင္းတြင္ ပံုမွန္ ေနရာျပန္လည္ ရရွိေရးအတြက္ ႀကိဳးစားသြားရန္ ဆံုးျဖတ္ထားသည္ဟု ဆုိသည္။

- အကုန္သိ သတင္းဌာန

Unicode Version

 

ရီးရဲမက်ဒရစ်အသင်းတောင်ပံကစားသမား ဂါရတ်ဘေးလ်အား အမည်ဖော်ပြခြင်းမရှိသည့် တရုတ်ကလပ် အသင်းတစ်သင်းက တစ်ပတ်လုပ်ခငွေ ပေါင် ၁.၂ သန်းအထိ ပေးချေကာ ခေါ်ယူရန် ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ ဝေလကစားသမား ဂါရတ်ဘေးလ် (၂၉ နှစ်) သည် ရီးရဲတွင် တစ်ပတ်လုပ်ခငွေအဖြစ် ပေါင် ၆၀၀၀၀၀ ရရှိ နေသူဖြစ်ပြီး တရုတ်ကလပ်အသင်းမှ ကမ်းလှမ်းမှုသည် ဂါရတ်ဘေးလ်၏ လက်ရှိလုပ်ခငွေ၏ နှစ်ဆဖြစ်သည်။ ဂါရတ်ဘေးလ်အား ခေါ်ယူရန် စိတ်ဝင်စားနေသည့် အဆိုပါ တရုတ်ကလပ်အသင်းအနေဖြင့် ဂါရတ်ဘေးလ်အား ပြောင်းရွှေ့ကြေး ပေးချေခြင်းမပြုရဘဲ ခေါ်ယူရန် ဆန္ဒရှိနေပြီး ရီးရဲမက်ဒရစ်အသင်းကမူ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်ရန် ဆန္ဒမရှိကြောင်း သတင်းများတွင် ဆက်လက်ရေးသားထားသည်။ ဆောက်သမ်တန်နှင့် စပါးစ်အသင်း ကစားသမားဟောင်း ဂါရတ်ဘေးလ်နှင့် ရီးရဲတို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ၂၀၂၂ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သည်။ ယခုနွေရာသီဈေးကွက်ကာလတွင် ကစားသမားသစ်ခေါ်ယူရေးအတွက် ပေါင်သန်း ၃၀၀ အထိ အသုံးပြုထားပြီး ဖြစ်သည့် ရီးရဲသည် မန်ယူ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကိုလည်း ခေါ်ယူနိုင်ရန် ဆက်လက်ကြိုးစားလျက်ရှိသည်။ ရီးရဲအသင်းအနေဖြင့် ပြင်သစ်ကစားသမား ပေါ့ဂ်ဘာအား ခေါ်ယူရေးကမ်းလှမ်းရာ တွင် ဂါရတ်ဘေးလ် သို့မဟုတ် အစ္စကိုအား အလိုက်ပေးကမ်းလှမ်းသွားရန် ရည်ရွယ်ထားသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ဂါရတ်ဘေးလ်သည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ခုနှစ် ဘောလုံးရာသီတွင် ရီးရဲအတွက် စုစုပေါင်း ၄၂ ပွဲ ပါဝင်ကစားခဲ့ကာ ၁၄ ဂိုး သွင်းယူနိုင်ခဲ့သူဖြစ်သည်။ ဂါရတ်ဘေးလ်၏ အေးဂျင့်ဖြစ်သူ ဂျိုနသန်ဘားနက်က ဂါရတ်ဘေးလ်သည် မန်ယူအသင်းတွင် ပါဝင်ကစားရန် သင့်တော်မှုရှိသည့် ကစားသမားဖြစ်သည်ဟု ယုံကြည်ကြောင်း၊ သို့သော်လည်း မန်ယူသို့ ဂါရတ်ဘေးလ် ရောက်ရှိရေးသည် ဖြစ်နိုင်ရန် အလားအလာ အလွန်နည်းပါးကြောင်း ပြောဆိုခဲ့သည်။ ဂျာမနီကလပ် ဘိုင်ယန်မြူးနစ် အသင်းသည် ဂါရတ်ဘေးလ်အား ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း အငှားဖြင့်သာ ခေါ်ယူရန် စိတ်ဝင်စားနေခြင်း ဖြစ်သောကြောင့် အပြောင်းအရွှေ့ကိစ္စဖြစ်ပေါ်လာရန် အခွင့်အလမ်းမရှိဟု အေးဂျင့် ဘားနက်က ပြောဆိုခဲ့သည်။ ရီးရဲအသင်းတာဝန်ရှိသူများက ဂါရတ်ဘေးလ်သည် အသင်း၏ အနာဂတ်အစီအစဉ်များတွင် ပါဝင်ခြင်းမရှိတော့သည့် ကစားသမားတစ်ဦးဟု သတ်မှတ်ထားသော်လည်း ဂါရတ်ဘေးလ်အနေဖြင့်မူ ရီးရဲအသင်းတွင် ပုံမှန် နေရာပြန်လည် ရရှိရေးအတွက် ကြိုးစားသွားရန် ဆုံးဖြတ်ထားသည်ဟု ဆိုသည်။

- အကုန်သိ သတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။