Skip to main content
အိမ္ယာမဲ့မ်ားအတြက္ မက္ဆီပိုင္ဆုိင္သည့္ စားေသာက္ဆုိင္မွ စားေသာက္ဖြယ္မ်ား လွဴဒါန္းေန
Ads Block

အိမ္ယာမဲ့မ်ားအတြက္ မက္ဆီပိုင္ဆုိင္သည့္ စားေသာက္ဆုိင္မွ စားေသာက္ဖြယ္မ်ား လွဴဒါန္းေန

ဘာစီလိုနာႏွင့္ အာဂ်င္တီးနားကစားသမား လီယြန္နယ္မက္ဆီသည္ အာဂ်င္တီးနားႏုိင္ငံ၌ အေအးလိႈင္း ျဖတ္သန္းမႈ ျဖစ္ေပၚေနစဥ္အတြင္း မက္ဆီ ဖြင့္လွစ္ထားသည့္ စားေသာက္ဆုိင္မွ အိမ္ယာမဲ့မ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားကို အခမဲ့လွဴဒါန္းလ်က္ရွိေၾကာင္း သိရသည္။

အိမ္ယာမဲ့မ်ားအတြက္ မက္ဆီပိုင္ဆုိင္သည့္ စားေသာက္ဆုိင္မွ စားေသာက္ဖြယ္မ်ား လွဴဒါန္းေန

မက္ဆီသည္ ၎၏ ဇာတိၿမိဳ႕ျဖစ္သည့္ ႐ိုဆာရီယိုၿမိဳ႕တြင္ Bar VIP ဟူေသာ ဘားႏွင့္ စားေသာက္ဆိုင္ကို ဖြင့္လွစ္ထားသူျဖစ္သည္။ အေအးလိ္ႈင္းျဖတ္မႈျဖစ္ပြားစဥ္အတြင္း မက္ဆီပိုင္ဆုိင္သည့္ VIP စားေသာက္ဆုိင္မွ အိမ္ယာမဲ့မ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားကို ၿပီးခဲ့သည့္ ေသာၾကာေန႔မွစတင္ကာ လွဴဒါန္းေနျခင္းျဖစ္ၿပီး လာမည့္ သီတင္းပတ္ ႏွစ္ပတ္အထိ ဆက္လက္လွဴဒါန္းသြားမည္ျဖစ္သည္ဟု ဆိုသည္။ ၿပီးခဲ့သည့္ ၾကာသပေတးေန႔တြင္ အာဂ်င္တီးနားႏုိင္ငံ၌ စတင္ျဖစ္ပြားသည့္ အေအးလိႈင္းျဖတ္သန္းမႈျဖစ္စဥ္ေၾကာင့္ လူ ၅ ဦးအထိ ေသဆံုး ခဲ့ရၿပီးျဖစ္သည္။ အာဂ်င္တီးနားႏုိင္ငံ၏ စီးပြားေရးက်ဆင္းမႈအေျခအေနေၾကာင့္ လမ္္းမ်ားေပၚတြင္ အိပ္စက္ ရသည့္ အိမ္ယာမဲ့မ်ား၏ ဘ၀အတြက္ စုိးရိမ္ဖြယ္ရာမ်ားျဖစ္ေနရေၾကာင္း သတင္းမ်ားတြင္ ဆက္လက္ ေရးသားထား သည္။ VIP စားေသာက္ဆုိင္၏ ဘားမန္ေနဂ်ာျဖစ္သူ အာရီရယ္အယ္လ္မာဒါ က “ကၽြန္ေတာ္တုိ႔ဟာ အိမ္ယာမဲ့ေတြအတြက္ အစားအစာ၊ ေကာ္ဖီ၊ အခ်ိဳရည္ေတြကို လွဴဒါန္းေနသလို အခ်ိဳ႕ကို ဆိုရင္ ၀ိုင္အခ်ိဳ႕ကိုေတာင္ ေပးလွဴေနပါတယ္။ ကၽြန္ေတာ္တို႔ လွဴဒါန္းတဲ့ စားေသာက္ဖြယ္ရာေတြကို လာေရာက္ ယူေဆာင္သူအမ်ားႀကီး ရွိပါတယ္။ VIP စားေသာက္ဆုိင္ အေနနဲ႔ ေနာက္ထပ္ ၁၅ ရက္ ၾကာတဲ့အထိ ဆက္လက္ လွဴဒါန္းသြားမွာျဖစ္ၿပီး အဲဒီကာလအတြင္း ညစဥ္ညတိုင္း ည ၇ နာရီ ကေန ၉ နာရီအတြင္း လာေရာက္ ယူေဆာင္ ႏုိင္ပါတယ္” ဟု ေျပာဆုိခဲ့သည္။ မက္ဆီသည္ လွဴဒါန္းမႈ မ်ားစြာျပဳလုပ္ေလ့ရွိသူျဖစ္ၿပီး ယခုႏွစ္ အေစာပိုင္း ကလည္း ကုလသမဂၢႏွင့္ မိတ္ဖက္အျဖစ္ ဖြဲ႕စည္းထားသည့္ ၎၏ ေဖာင္ေဒးရွင္းမွ ကင္ညာႏိုင္ငံတြင္ ေရစုပ္စက္ အသစ္မ်ား တပ္ဆင္အသံုးျပဳရန္ ႏွင့္ စားေသာက္ဖြယ္ရာမ်ား လွဴဒါန္းရန္အတြက္ ေပါင္ ၁၈၀၀၀၀ လွဴဒါန္း ခဲ့သည္။ အာဂ်င္တီးနားႏုိင္ငံတြင္ အေအးလိႈင္းျဖတ္သန္းမႈျဖစ္ပြားစဥ္အတြင္း အိမ္ယာမဲ့မ်ား ညအိပ္ႏုိင္ရန္ အတြက္ နာမည္ေက်ာ္ အာဂ်င္တီးနားကလပ္အသင္းတစ္သင္းျဖစ္သည့္ ေရးဗားပလိတ္အသင္းသည္ အသင္း၏ အိမ္ကြင္းအား ဖြင့္လွစ္ေပး ထားသည္ဟု ဆုိသည္။ ကူညီေရးအဖြဲ႕တစ္ခုျဖစ္သည့္ Red Solidaria အဖြဲ႕သည္ ေရးဗားပလိတ္အသင္း၏ အိမ္ကြင္း၌ အိမ္ယာမဲ့မ်ား ညအိပ္စက္ႏုိင္ေရးအတြက္ ကူညီပ့ံပိုးမႈမ်ား ျပဳလုပ္ခဲ့သကဲ့သုိ႔ ၎တို႔ ၀တ္ဆင္ရန္အတြက္ အေႏြးအက်ၤီမ်ား ကိုလည္း ေရးဗားပလိတ္အသင္း၏ အိမ္ကြင္းအတြင္း၌ ထားရွိ လွဴဒါန္းေပးခဲ့သည္။

- အကုန္သိ သတင္းဌာန

Unicode Version

 

ဘာစီလိုနာနှင့် အာဂျင်တီးနားကစားသမား လီယွန်နယ်မက်ဆီသည် အာဂျင်တီးနားနိုင်ငံ၌ အအေးလှိုင်း ဖြတ်သန်းမှု ဖြစ်ပေါ်နေစဉ်အတွင်း မက်ဆီ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်မှ အိမ်ယာမဲ့များအတွက် စားသောက်ဖွယ်ရာများကို အခမဲ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။ မက်ဆီသည် ၎င်း၏ ဇာတိမြို့ဖြစ်သည့် ရိုဆာရီယိုမြို့တွင် Bar VIP ဟူသော ဘားနှင့် စားသောက်ဆိုင်ကို ဖွင့်လှစ်ထားသူဖြစ်သည်။ အအေးလိှုင်းဖြတ်မှုဖြစ်ပွားစဉ်အတွင်း မက်ဆီပိုင်ဆိုင်သည့် VIP စားသောက်ဆိုင်မှ အိမ်ယာမဲ့များအတွက် စားသောက်ဖွယ်ရာများကို ပြီးခဲ့သည့် သောကြာနေ့မှစတင်ကာ လှူဒါန်းနေခြင်းဖြစ်ပြီး လာမည့် သီတင်းပတ် နှစ်ပတ်အထိ ဆက်လက်လှူဒါန်းသွားမည်ဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် ကြာသပတေးနေ့တွင် အာဂျင်တီးနားနိုင်ငံ၌ စတင်ဖြစ်ပွားသည့် အအေးလှိုင်းဖြတ်သန်းမှုဖြစ်စဉ်ကြောင့် လူ ၅ ဦးအထိ သေဆုံး ခဲ့ရပြီးဖြစ်သည်။ အာဂျင်တီးနားနိုင်ငံ၏ စီးပွားရေးကျဆင်းမှုအခြေအနေကြောင့် လမ်းများပေါ်တွင် အိပ်စက် ရသည့် အိမ်ယာမဲ့များ၏ ဘဝအတွက် စိုးရိမ်ဖွယ်ရာများဖြစ်နေရကြောင်း သတင်းများတွင် ဆက်လက် ရေးသားထား သည်။ VIP စားသောက်ဆိုင်၏ ဘားမန်နေဂျာဖြစ်သူ အာရီရယ်အယ်လ်မာဒါ က “ကျွန်တော်တို့ဟာ အိမ်ယာမဲ့တွေအတွက် အစားအစာ၊ ကော်ဖီ၊ အချိုရည်တွေကို လှူဒါန်းနေသလို အချို့ကို ဆိုရင် ဝိုင်အချို့ကိုတောင် ပေးလှူနေပါတယ်။ ကျွန်တော်တို့ လှူဒါန်းတဲ့ စားသောက်ဖွယ်ရာတွေကို လာရောက် ယူဆောင်သူအများကြီး ရှိပါတယ်။ VIP စားသောက်ဆိုင် အနေနဲ့ နောက်ထပ် ၁၅ ရက် ကြာတဲ့အထိ ဆက်လက် လှူဒါန်းသွားမှာဖြစ်ပြီး အဲဒီကာလအတွင်း ညစဉ်ညတိုင်း ည ၇ နာရီ ကနေ ၉ နာရီအတွင်း လာရောက် ယူဆောင် နိုင်ပါတယ်” ဟု ပြောဆိုခဲ့သည်။ မက်ဆီသည် လှူဒါန်းမှု များစွာပြုလုပ်လေ့ရှိသူဖြစ်ပြီး ယခုနှစ် အစောပိုင်း ကလည်း ကုလသမဂ္ဂနှင့် မိတ်ဖက်အဖြစ် ဖွဲ့စည်းထားသည့် ၎င်း၏ ဖောင်ဒေးရှင်းမှ ကင်ညာနိုင်ငံတွင် ရေစုပ်စက် အသစ်များ တပ်ဆင်အသုံးပြုရန် နှင့် စားသောက်ဖွယ်ရာများ လှူဒါန်းရန်အတွက် ပေါင် ၁၈၀၀၀၀ လှူဒါန်း ခဲ့သည်။ အာဂျင်တီးနားနိုင်ငံတွင် အအေးလှိုင်းဖြတ်သန်းမှုဖြစ်ပွားစဉ်အတွင်း အိမ်ယာမဲ့များ ညအိပ်နိုင်ရန် အတွက် နာမည်ကျော် အာဂျင်တီးနားကလပ်အသင်းတစ်သင်းဖြစ်သည့် ရေးဗားပလိတ်အသင်းသည် အသင်း၏ အိမ်ကွင်းအား ဖွင့်လှစ်ပေး ထားသည်ဟု ဆိုသည်။ ကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် Red Solidaria အဖွဲ့သည် ရေးဗားပလိတ်အသင်း၏ အိမ်ကွင်း၌ အိမ်ယာမဲ့များ ညအိပ်စက်နိုင်ရေးအတွက် ကူညီပံ့ပိုးမှုများ ပြုလုပ်ခဲ့သကဲ့သို့ ၎င်းတို့ ဝတ်ဆင်ရန်အတွက် အနွေးအင်္ကျီများ ကိုလည်း ရေးဗားပလိတ်အသင်း၏ အိမ်ကွင်းအတွင်း၌ ထားရှိ လှူဒါန်းပေးခဲ့သည်။

- အကုန်သိ သတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။