Skip to main content
တာခ်ီလိတ္ၿမိဳ႕ရွိ ေရႊဆိုင္ကို ေသနတ္ျဖင့္အႏုၾကမ္းဝင္စီးသြားသူ ၂ ဦးကိုဖမ္းဆီးရမိေရး စုံစမ္းေနဆဲဟုဆို
Ads Block

တာခ်ီလိတ္ၿမိဳ႕ရွိ ေရႊဆိုင္ကို ေသနတ္ျဖင့္အႏုၾကမ္းဝင္စီးသြားသူ ၂ ဦးကိုဖမ္းဆီးရမိေရး စုံစမ္းေနဆဲဟုဆို

တာခ်ီလိတ္ၿမိဳ႕ရွိ ေရႊဆိုင္တစ္ဆိုင္ကို ေသနတ္ျဖင့္အႏုၾကမ္းဝင္စီး၍ ေရႊထည္ပစၥည္းမ်ား ယူေဆာင္သြားသူ အမ်ဳိးသား ၂ ဦးကို ရဲတပ္ဖြဲ႔မွစုံစမ္းေနဆဲျဖစ္ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ရွမ္းျပည္နယ္၊ တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ ဝမ္ေကာင္းရပ္ကြက္၊ ဝမ္းေကာင္းေစ်းေရွ႕၊ စစ္မႈထမ္းေဟာင္းရုံးအနီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေပၚတြင္ ဖြင့္လွစ္ထားေသာ ရွင္းမန္ရွင္းဒါ(၂) ေရႊဆိုင္ကို ဇူလိုင္လ ၈ ရက္၊ နံနက္ ၈ နာရီခန္႔က အမည္မသိအမ်ဳိးသား ၂ ဦးက ေသနတ္ကိုင္ေဆာင္၍ အႏုၾကမ္းဝင္စီးသြားျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။
“လက္ရွိအခ်ိန္ထိေတာ့ တရားခံကိုလိုက္လံစုံစမ္းေနစမ္းပဲရွိပါေသးတယ္။ သူတို႔ကို ပုဒ္မ-၃၉၂ နဲ႔ အမႈဖြင့္ထားပါတယ္။ ယူေဆာင္သြားတဲ့ေရႊထည္ပစၥည္းေတြရဲ႕တန္ဖိုးက သိန္း ၄၀၀ ေက်ာ္ေလာက္ရွိပါတယ္” ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
အဆိုပါအမ်ဳိးသား ၂ ဦးသည္ ဆိုင္ဖြင့္ရန္ျပင္ဆင္ေနခ်ိန္၌ ဆိုင္ကယ္တစ္စီးျဖင့္ေရာက္ရွိလာၿပီး ဆိုင္အတြင္းသို႔ ဝင္ေရာက္၍ ေရႊဘယက္ ၂ ကုံးႏွင့္ Iphone 7 တစ္လုံး စုစုေပါင္းခန္႔မွန္း ေငြက်ပ္သိန္း ၄၀၀ ေက်ာ္ ယူေဆာင္သြားေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ၄င္းတို႔ ၂ ဦးကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၌ (ပ)၃၆၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၉၂ ျဖင့္ အမႈဖြင့္စုံစမ္းေနေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ယခု ၂၀၁၉ ခုႏွစ္၊ ၅ လတာအတြင္း အႏုႀကမ္းဝင္စီးခံရသည့္ေရႊဆိုင္မ်ားမွာ ရွင္းမန္ရွင္းဒါ(၂)ေရႊဆိုင္ႏွင့္ နန္းနန္းဘြန္းေက်ာက္ေရႊဆိုင္ ၂ ဆိုင္တို႔ျဖစ္ေၾကာင္း သိရသည္။
- ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန )  | ဓာတ္ပုံ- တာခ်ီလိတ္ခ႐ိုင္ေထြအုပ္

Unicode Version

 

တာချီလိတ်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်ကို သေနတ်ဖြင့်အနုကြမ်းဝင်စီး၍ ရွှေထည်ပစ္စည်းများ ယူဆောင်သွားသူ အမျိုးသား ၂ ဦးကို ရဲတပ်ဖွဲ့မှစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းရပ်ကွက်၊ ဝမ်းကောင်းဈေးရှေ့၊ စစ်မှုထမ်းဟောင်းရုံးအနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသော ရှင်းမန်ရှင်းဒါ(၂) ရွှေဆိုင်ကို ဇူလိုင်လ ၈ ရက်၊ နံနက် ၈ နာရီခန့်က အမည်မသိအမျိုးသား ၂ ဦးက သေနတ်ကိုင်ဆောင်၍ အနုကြမ်းဝင်စီးသွားခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
“လက်ရှိအချိန်ထိတော့ တရားခံကိုလိုက်လံစုံစမ်းနေစမ်းပဲရှိပါသေးတယ်။ သူတို့ကို ပုဒ်မ-၃၉၂ နဲ့ အမှုဖွင့်ထားပါတယ်။ ယူဆောင်သွားတဲ့ရွှေထည်ပစ္စည်းတွေရဲ့တန်ဖိုးက သိန်း ၄၀၀ ကျော်လောက်ရှိပါတယ်” ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
အဆိုပါအမျိုးသား ၂ ဦးသည် ဆိုင်ဖွင့်ရန်ပြင်ဆင်နေချိန်၌ ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ ဝင်ရောက်၍ ရွှေဘယက် ၂ ကုံးနှင့် Iphone 7 တစ်လုံး စုစုပေါင်းခန့်မှန်း ငွေကျပ်သိန်း ၄၀၀ ကျော် ယူဆောင်သွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့ ၂ ဦးကို တာချီလိတ်မြို့မရဲစခန်း၌ (ပ)၃၆၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၉၂ ဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း သိရသည်။
တာချီလိတ်မြို့နယ်တွင် ယခု ၂၀၁၉ ခုနှစ်၊ ၅ လတာအတွင်း အနုကြမ်းဝင်စီးခံရသည့်ရွှေဆိုင်များမှာ ရှင်းမန်ရှင်းဒါ(၂)ရွှေဆိုင်နှင့် နန်းနန်းဘွန်းကျောက်ရွှေဆိုင် ၂ ဆိုင်တို့ဖြစ်ကြောင်း သိရသည်။
- နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ- တာချီလိတ်ခရိုင်ထွေအုပ်

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။