Skip to main content
ကိုရီးယားအမျိုးသား အဆိုတော်အဖွဲ့ဝင်တွေကို အနီးကပ်မြင်ချင်တဲ့ fan တွေက ဟိုတယ်မှာ မီးလှန့် မှုလုပ်ခဲ့တာကြောင့် ဘေးလွတ်ရာ ရွှေ့ ပြောင်းခဲ့ရ
Ads Block

ကိုရီးယားအမျိုးသား အဆိုတော်အဖွဲ့ဝင်တွေကို အနီးကပ်မြင်ချင်တဲ့ fan တွေက ဟိုတယ်မှာ မီးလှန့် မှုလုပ်ခဲ့တာကြောင့် ဘေးလွတ်ရာ ရွှေ့ ပြောင်းခဲ့ရ

လန်ဒန်မြို့မှာ ရောက်ရှိနေတဲ့ ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ NCT 127 ကို အနီးကပ် တွေ့မြင်ချင်လို့  လာရောက်စောင့်ဆိုင်းနေတဲ့ ၄င်းတို့ ရဲ့ fan တွေဟာ တနင်္ဂနွေနေ့ က ၄င်းတို့ တည်းခိုရာ ဟိုတယ်မှာ မီးလှန့် မှု လုပ်ခဲ့တာကြောင့် အဆိုတော်တွေကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အဖွဲ့ဝင် ၉ ယောက်နဲ့ ဖွဲ့စည်းထားနဲ့  NCT 127 အဖွဲ့ဟာ ၄င်းတို့တေးအယ်လ်ဘမ် Neo City အတွက် ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်ထဲကတစ်ခုအဖြစ် လန်ဒန်မြို့က Wembley Arena မှာ အရင်ဦးဆုံးလာရောက် ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ ဖျော်ဖြေပွဲပြီးလို့ NCT 127 အဖွဲ့ဝင်တွေ ဟိုတယ်ကို ပြန်ရောက်တဲ့အချိန်မှာ မီးခိုးတွေ ထွက်လာခဲ့တာဖြစ်ပြီး ယင်းအချိန်က ၄င်းတို့ fan တွေလည်း  အဆိုပါ ဟိုတယ်မှာ ရောက်နေခဲ့တာဖြစ်ပါတယ်။
လာမယ့်ဇူလိုင် ၂၀ ရက်နေ့မှာ စင်ကာပူနိုင်ငံမိုးလုံလေလုံကွင်းမှာ  NCT 127 ရဲ့ ဖျော်ဖြေရေးပွဲစဉ်ရှိပြီး လန်ဒန်မှာဖြစ်ပွားခဲ့တဲ့ ကိစ္စမျိုးနောက်ထပ်မဖြစ်ပွားအာင် ၄င်းတို့ ဘွတ်ကင်လုပ်ထားတဲ့ ဟိုတယ်မှာ လုံခြုံရေး ၀န်ထမ်းတွေထားရှိထားမှာဖြစ်ကြောင်း သိရပါတယ်။


Unicode Version

 

လန်ဒန်မြို့မှာ ရောက်ရှိနေတဲ့ ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ NCT 127 ကို အနီးကပ် တွေ့မြင်ချင်လို့ လာရောက်စောင့်ဆိုင်းနေတဲ့ ၎င်းတို့ရဲ့ fan တွေဟာ တနင်္ဂနွေနေ့က ၎င်းတို့တည်းခိုရာ ဟိုတယ်မှာ မီးလှန့်မှု လုပ်ခဲ့တာကြောင့် အဆိုတော်တွေကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အဖွဲ့ဝင် ၉ ယောက်နဲ့ ဖွဲ့စည်းထားနဲ့  NCT 127 အဖွဲ့ဟာ ၎င်းတို့တေးအယ်လ်ဘမ် Neo City အတွက် ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်ထဲကတစ်ခုအဖြစ် လန်ဒန်မြို့က Wembley Arena မှာ အရင်ဦးဆုံးလာရောက် ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ ဖျော်ဖြေပွဲပြီးလို့ NCT 127 အဖွဲ့ဝင်တွေ ဟိုတယ်ကို ပြန်ရောက်တဲ့အချိန်မှာ မီးခိုးတွေ ထွက်လာခဲ့တာဖြစ်ပြီး ယင်းအချိန်က ၎င်းတို့ fan တွေလည်း  အဆိုပါ ဟိုတယ်မှာ ရောက်နေခဲ့တာဖြစ်ပါတယ်။
ထိုကဲ့သို့ မီးလှန့်ပြီးနောက်ပြောင်ကျီစယ်မှုကြောင့် မီးသတိပေးသံ စူးစူးဝါးဝါးထွက်လာခဲ့ပြီး လူတွေလည်း ထိတ်ထိတ်ပျာပျာဖြစ်ခဲ့ရပါတယ်။
တည်းခိုသူဧည်သည့်တစ်ဦးကဆို  ဒါဟာ ရူးနှမ်းလွန်းတဲ့အပြုအမူဖြစ်ပြီး လက်ခံနိုင်စရာအပြုအမူမဟုတ်လို့ ယခုလိုမျိုး စိတ်ကသိကအောက်ဖြစ်စရာလုပ်ရပ်တွေကို မလုပ်ဖို့ online ပေါ်မှာရေးသားထားပါတယ်။
NCT 127 ရဲ့ ဖျော်ဖြေပွဲအပြီး အနားယူဖို့ကို တာဝန်သိစိတ်မရှိဘဲ ယခုလိုနှောင့်ယှက်ခဲ့တဲ့အတွက် တစ်ခြား fan တွေကတော့ အဆိုပါကိစ္စကို အတော်လေး ဒေါသထွက်ခဲ့ကြပါတယ်။
လာမယ့်ဇူလိုင် ၂၀ ရက်နေ့မှာ စင်ကာပူနိုင်ငံမိုးလုံလေလုံကွင်းမှာ  NCT 127 ရဲ့ ဖျော်ဖြေရေးပွဲစဉ်ရှိပြီး လန်ဒန်မှာဖြစ်ပွားခဲ့တဲ့ ကိစ္စမျိုးနောက်ထပ်မဖြစ်ပွားအာင် ၎င်းတို့ ဘွတ်ကင်လုပ်ထားတဲ့ ဟိုတယ်မှာ လုံခြုံရေး ဝန်ထမ်းတွေထားရှိထားမှာဖြစ်ကြောင်း သိရပါတယ်။

- မေ  ( အကုန်သိ သတင်းဌာန )  | Ref : The Straits Times

 

 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။