Skip to main content
လူမမည္သားငယ္ကို ဦးေခါင္းခြံကြဲၿပီး ဦးေႏွာက္ထိခိုက္သည္အထိ ညွဥ္းပန္းႏွိပ္စက္ခဲ့သည့္ မိခင္ ေထာင္ ၆ ႏွစ္ေက်ာ္ က်
Ads Block

လူမမည္သားငယ္ကို ဦးေခါင္းခြံကြဲၿပီး ဦးေႏွာက္ထိခိုက္သည္အထိ ညွဥ္းပန္းႏွိပ္စက္ခဲ့သည့္ မိခင္ ေထာင္ ၆ ႏွစ္ေက်ာ္ က်

စင္ကာပူႏိုင္ငံမွာ လူမမည္သားငယ္ကို  ဦးေႏွာက္ထိခိုက္ၿပီး ဦးေႏွာက္ေသသည္အထိ ညွင္းပန္းႏွိပ္စက္ခဲ့တဲ့ ကေလးသံုးေယာက္ မိခင္တစ္ဦးကို ေထာင္ဒဏ္ ၆ ႏွစ္နဲ႔ ၆ လ က်ခံေစဖို႔ ဇူလိုင္ ၈ ရက္ တနလၤာေန႔ က အမိန္႔ခ်မွတ္ခဲ့ပါတယ္။

အမည္ေဖာ္ထုတ္ခြင့္မရွိတဲ့ အသက္ ၂၇ ႏွစ္အရြယ္ အဆိုပါအမ်ိဳးသမီးဟာ ကေလးငယ္ လက္ေမာင္းကို ၾကမ္းၾကမ္းတမ္းတမ္းေဆာင့္ဆြဲခဲ့တာေၾကာင့္ လက္က်ိဳးသြားခဲ့တာေတာင္ ေဆးကုသေပးျခင္း မရွိခဲ့ဘူးလို႔ သိရပါတယ္။
၂ ႏွစ္ေတာင္မျပည့္ေသးတဲ့ ကေလးငယ္ေလးကို စကားနားမေထာင္တဲ့အခါမ်ိဳးေတြမွာ စိတ္ဆိုးၿပီး ရင္ဘက္ကို ငါးခ်က္ထက္မနည္း လက္သီးနဲ ့ထုိးခဲ့တယ္လုိ ့လည္း ဆုိပါတယ္။ ဦးေခါင္းခြံကြဲအက္မႈျဖင့္ အဆိုပါကေလးငယ္ ေဆးရံုကိုေရာက္လာမွသာ မိခင္က ညွင္းပန္းႏွိပ္စက္ခဲ့တာျဖစ္ေၾကာင္းကို သိခဲ့ရတာျဖစ္ပါတယ္။

မိခင္ျဖစ္သူက ကေလးငယ္ကို အားနဲ႔လႊဲရိုက္ခဲ့တဲ့အတြက္ စားပြဲခံုေျခေထာက္နဲ႔ ေခါင္းနဲ႔ေဆာင့္မိခဲ့တဲ့အျပင္ ကေလးရဲ႕ ခႏၶာကိုယ္ကိုလည္း အၾကမ္းပတမ္း လႈပ္ယမ္းခဲ့တာျဖစ္ေသးတယ္။ အဲ့ဒီေနာက္မွာေတာ့ ကေလးငယ္ဟာ အေၾကာဆြဲသလိုျဖစ္လာခဲ့တဲ့အတြက္ ၄င္းရဲ႕ခႏၶာကိုယ္ကို ဆီေတြနဲ႔လိမ္းၿပီး ႏွိပ္နယ္ခဲ့ေပမယ့္ ဘာမွ်တံု႔ျပန္မႈမရွိေတာ့ဘဲ ကိုယ္တစ္ပိုင္းေသသလိုျဖစ္သြားခဲ့တာျဖစ္ပါတယ္။ ဘာမွမသိနားမလည္ေသးတဲ့ ကေလးငယ္တစ္ေယာက္ကို မိခင္အရင္းျဖစ္သူက မလိုအပ္ဘဲ အႀကိမ္ေပါင္းမ်ားစြာ ရိုက္ႏွက္ခဲ့ျခင္းဟာ တမင္ႀကံစည္ႏွိပ္စက္ခဲ့ျခင္းသာ ျဖစ္တာေၾကာင့္ ျပင္းျပင္းထန္ထန္ျပစ္ဒဏ္ခ်မွတ္ဖို႔ တရားရံုးကို တိုက္တြန္း ခဲ့တာဟာ ေနာက္ဆံုးေတာ့ျဖစ္ေျမာက္သြားခဲ့ၿပီလို႔ လက္ေထာက္ ေရွ႕ေနခ်ဳပ္ Grace Chua ကေျပာခဲ့ပါတယ္။
ကေလးငယ္ေလးဟာ အဆိုပါ အမ်ိဳးသမီးရဲ႕ကေလးသံုးေယာက္ထဲမွ ဒုတိယေျမာက္ကေလးျဖစ္ၿပီး မေအတူဖေအကြဲ ကေလးေတြလို႕သိရပါတယ္။

-  ေမ  ( အကုန္သိ သတင္းဌာန ) | Ref : CAN

Unicode Version

 

စင်ကာပူနိုင်ငံမှာ လူမမည်သားငယ်ကို  ဦးနှောက်ထိခိုက်ပြီး ဦးနှောက်သေသည်အထိ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ကလေးသုံးယောက် မိခင်တစ်ဦးကို ထောင်ဒဏ် ၆ နှစ်နဲ့ ၆ လ ကျခံစေဖို့ ဇူလိုင် ၈ ရက် တနင်္လာနေ့ က အမိန့်ချမှတ်ခဲ့ပါတယ်။

အမည်ဖော်ထုတ်ခွင့်မရှိတဲ့ အသက် ၂၇ နှစ်အရွယ် အဆိုပါအမျိုးသမီးဟာ ကလေးငယ် လက်မောင်းကို ကြမ်းကြမ်းတမ်းတမ်းဆောင့်ဆွဲခဲ့တာကြောင့် လက်ကျိုးသွားခဲ့တာတောင် ဆေးကုသပေးခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
၂ နှစ်တောင်မပြည့်သေးတဲ့ ကလေးငယ်လေးကို စကားနားမထောင်တဲ့အခါမျိုးတွေမှာ စိတ်ဆိုးပြီး ရင်ဘက်ကို ငါးချက်ထက်မနည်း လက်သီးနဲ့ထိုးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဦးခေါင်းခွံကွဲအက်မှုဖြင့် အဆိုပါကလေးငယ် ဆေးရုံကိုရောက်လာမှသာ မိခင်က ညှင်းပန်းနှိပ်စက်ခဲ့တာဖြစ်ကြောင်းကို သိခဲ့ရတာဖြစ်ပါတယ်။

မိခင်ဖြစ်သူက ကလေးငယ်ကို အားနဲ့လွှဲရိုက်ခဲ့တဲ့အတွက် စားပွဲခုံခြေထောက်နဲ့ ခေါင်းနဲ့ဆောင့်မိခဲ့တဲ့အပြင် ကလေးရဲ့ ခန္ဓာကိုယ်ကိုလည်း အကြမ်းပတမ်း လှုပ်ယမ်းခဲ့တာဖြစ်သေးတယ်။ အဲ့ဒီနောက်မှာတော့ ကလေးငယ်ဟာ အကြောဆွဲသလိုဖြစ်လာခဲ့တဲ့အတွက် ၎င်းရဲ့ခန္ဓာကိုယ်ကို ဆီတွေနဲ့လိမ်းပြီး နှိပ်နယ်ခဲ့ပေမယ့် ဘာမျှတုံ့ပြန်မှုမရှိတော့ဘဲ ကိုယ်တစ်ပိုင်းသေသလိုဖြစ်သွားခဲ့တာဖြစ်ပါတယ်။ ဘာမှမသိနားမလည်သေးတဲ့ ကလေးငယ်တစ်ယောက်ကို မိခင်အရင်းဖြစ်သူက မလိုအပ်ဘဲ အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့ခြင်းဟာ တမင်ကြံစည်နှိပ်စက်ခဲ့ခြင်းသာ ဖြစ်တာကြောင့် ပြင်းပြင်းထန်ထန်ပြစ်ဒဏ်ချမှတ်ဖို့ တရားရုံးကို တိုက်တွန်း ခဲ့တာဟာ နောက်ဆုံးတော့ဖြစ်မြောက်သွားခဲ့ပြီလို့ လက်ထောက် ရှေ့နေချုပ် Grace Chua ကပြောခဲ့ပါတယ်။
ကလေးငယ်လေးဟာ အဆိုပါ အမျိုးသမီးရဲ့ကလေးသုံးယောက်ထဲမှ ဒုတိယမြောက်ကလေးဖြစ်ပြီး မအေတူဖအေကွဲ ကလေးတွေလို့သိရပါတယ်။

-  မေ  ( အကုန်သိ သတင်းဌာန ) | Ref : CAN

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။