Skip to main content
ျပည္တြင္းစစ္ျဖစ္ေနတဲ့ ယီမင္တြင္ ကာလဝမ္းေရာဂါ ျဖစ္ပြားႏႈန္း တုိးလာၿပီး ေသဆုံးသူဦးေရ ယမန္ႏွစ္ထက္ ဆယ္ဆနီးပါး ပုိမ်ား
Ads Block

ျပည္တြင္းစစ္ျဖစ္ေနတဲ့ ယီမင္တြင္ ကာလဝမ္းေရာဂါ ျဖစ္ပြားႏႈန္း တုိးလာၿပီး ေသဆုံးသူဦးေရ ယမန္ႏွစ္ထက္ ဆယ္ဆနီးပါး ပုိမ်ား

စစ္ဒဏ္ေၾကာင့္ ေထာင္းေထာင္းေၾကေနတဲ့ ယီမင္မွာ ကာလဝမ္းေရာဂါျဖစ္ပြားမႈမ်ား သိသိသာသာ ျမင့္တက္ေနရာ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီမွ ဇြန္လကုန္အတြင္း ဝမ္းေရာဂါျဖစ္ပြားမႈေပါင္း ၄၆၀,၀၀၀ ခန္႔ရွိလာေၾကာင္း ဇူလုိင္ ၉ ရက္မွာ သတင္းရရွိပါတယ္။
၄င္းမွာ ၂၀၁၈ ခုႏွစ္ရဲ႕ ကာလဝမ္းေရာဂါျဖစ္ပြားမႈဟာ ၃၈၀,၀၀၀ ခန္႔သာရွိခဲ့တဲ့အတြက္ ၂၀၁၉ ခုႏွစ္ရဲ႕ ပထမေျခာက္လမွာတင္ ၂၀၁၈ ခုႏွစ္ရဲ႕ တစ္ႏွစ္လုံးစာထက္ ရွစ္ေသာင္းနီးပါး ပုိမ်ားေနေၾကာင္း ေတြ႕ရပါတယ္။ ေသဆုံးသူဦးေရကုိ ၾကည့္လွ်င္လည္း ၂၀၁၉ ခုႏွစ္ ပထမေျခာက္လအတြင္း ၇၀၅ ဦး ေသဆုံးေၾကာင္း ေတြ႕ရၿပီး ၂၀၁၈ ခုႏွစ္ရဲ႕ ပထမေျခာက္လမွာေတာ့ ၇၅ ဦးသာ ရွိခဲ့ပါတယ္။

ကာလဝမ္းေရာဂါ ထုိမွ်ပ်ံ႕ပြားေနျခင္းရဲ႕ အေၾကာင္းအရင္းဟာ မိလႅာနဲ႔ေရဆုိးစနစ္မ်ား ထိန္းသိမ္းမႈ ညံ့ဖ်င္းမျပည့္မီျခင္း၊ ေသာက္ေရနဲ႔စုိက္ပ်ိဳးေရမ်ား သန္႔ရွင္းမႈမရွိျခင္းတုိ႔အျပင္ လတ္တေလာျဖစ္ပြား ခဲ့တဲ့ ေရႀကီးမႈတုိ႔ေၾကာင့္ ျဖစ္ပါတယ္။

ကုလသမဂၢနဲ႔ တြဲဖက္အဖြဲ႕အစည္းေတြက ယီမင္မွာ ဝမ္းေရာဂါကုသေရးစင္တာေပါင္း ၁,၂၀၀ ခန္႔ ဖြင့္ထားေပမယ့္ ေထာက္ပံ့ေငြ မလုံေလာက္ျခင္းဟာ ၄င္းစင္တာေတြ လည္ပတ္ေရးအတြက္ အေရးႀကီးျပႆနာ ျဖစ္ေနပါတယ္။ စစ္ဒဏ္သင့္ ယီမင္ျပည္သူ သန္း ၂၀ ေက်ာ္ကုိ ကူညီရန္ ၂၀၁၉ ခုႏွစ္အတြက္ ရန္ပုံေငြ ကန္ေဒၚလာ ၄.၂ ဘီလ်ံ ေတာင္းခံထားေပမဲ့ ၃၂ ရာခုိင္ႏႈန္းပဲ ရရွိပါေသးတယ္။

အီရန္ေထာက္ပံ့ထားတဲ့ ဟူသီသူပုန္ေတြက ယီမင္ၿမိဳ႕ေတာ္ ဆာနာကုိ အစုိးရတပ္လက္ေအာက္မွ ၂၀၁၄ ခုႏွစ္မွာ သိမ္းယူခဲ့ပါတယ္။ ထုိ႔ေနာက္မွာေတာ့ ေဆာ္ဒီဦးေဆာင္တဲ့ တပ္ေပါင္းစုဟာ ယီမင္အစုိးရဘက္မွ စစ္ဝင္တုိက္ေပးလာတဲ့အတြက္ ျပည္တြင္းစစ္ဟာ အရွိန္ျမင့္သြားခဲ့ပါတယ္။

- ZHO ( အကုန္သိ သတင္းဌာန )  | (Ref : AustraliaNews)

Unicode Version

 

စစ်ဒဏ်ကြောင့် ထောင်းထောင်းကြေနေတဲ့ ယီမင်မှာ ကာလဝမ်းရောဂါဖြစ်ပွားမှုများ သိသိသာသာ မြင့်တက်နေရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇွန်လကုန်အတွင်း ဝမ်းရောဂါဖြစ်ပွားမှုပေါင်း ၄၆၀,၀၀၀ ခန့်ရှိလာကြောင်း ဇူလိုင် ၉ ရက်မှာ သတင်းရရှိပါတယ်။
၎င်းမှာ ၂၀၁၈ ခုနှစ်ရဲ့ ကာလဝမ်းရောဂါဖြစ်ပွားမှုဟာ ၃၈၀,၀၀၀ ခန့်သာရှိခဲ့တဲ့အတွက် ၂၀၁၉ ခုနှစ်ရဲ့ ပထမခြောက်လမှာတင် ၂၀၁၈ ခုနှစ်ရဲ့ တစ်နှစ်လုံးစာထက် ရှစ်သောင်းနီးပါး ပိုများနေကြောင်း တွေ့ရပါတယ်။ သေဆုံးသူဦးရေကို ကြည့်လျှင်လည်း ၂၀၁၉ ခုနှစ် ပထမခြောက်လအတွင်း ၇၀၅ ဦး သေဆုံးကြောင်း တွေ့ရပြီး ၂၀၁၈ ခုနှစ်ရဲ့ ပထမခြောက်လမှာတော့ ၇၅ ဦးသာ ရှိခဲ့ပါတယ်။

ကာလဝမ်းရောဂါ ထိုမျှပျံ့ပွားနေခြင်းရဲ့ အကြောင်းအရင်းဟာ မိလ္လာနဲ့ရေဆိုးစနစ်များ ထိန်းသိမ်းမှု ညံ့ဖျင်းမပြည့်မီခြင်း၊ သောက်ရေနဲ့စိုက်ပျိုးရေများ သန့်ရှင်းမှုမရှိခြင်းတို့အပြင် လတ်တလောဖြစ်ပွား ခဲ့တဲ့ ရေကြီးမှုတို့ကြောင့် ဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့ တွဲဖက်အဖွဲ့အစည်းတွေက ယီမင်မှာ ဝမ်းရောဂါကုသရေးစင်တာပေါင်း ၁,၂၀၀ ခန့် ဖွင့်ထားပေမယ့် ထောက်ပံ့ငွေ မလုံလောက်ခြင်းဟာ ၎င်းစင်တာတွေ လည်ပတ်ရေးအတွက် အရေးကြီးပြဿနာ ဖြစ်နေပါတယ်။ စစ်ဒဏ်သင့် ယီမင်ပြည်သူ သန်း ၂၀ ကျော်ကို ကူညီရန် ၂၀၁၉ ခုနှစ်အတွက် ရန်ပုံငွေ ကန်ဒေါ်လာ ၄.၂ ဘီလျံ တောင်းခံထားပေမဲ့ ၃၂ ရာခိုင်နှုန်းပဲ ရရှိပါသေးတယ်။

အီရန်ထောက်ပံ့ထားတဲ့ ဟူသီသူပုန်တွေက ယီမင်မြို့တော် ဆာနာကို အစိုးရတပ်လက်အောက်မှ ၂၀၁၄ ခုနှစ်မှာ သိမ်းယူခဲ့ပါတယ်။ ထို့နောက်မှာတော့ ဆော်ဒီဦးဆောင်တဲ့ တပ်ပေါင်းစုဟာ ယီမင်အစိုးရဘက်မှ စစ်ဝင်တိုက်ပေးလာတဲ့အတွက် ပြည်တွင်းစစ်ဟာ အရှိန်မြင့်သွားခဲ့ပါတယ်။

- ZHO ( အကုန်သိ သတင်းဌာန ) | (Ref : AustraliaNews)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။