Skip to main content
ဟုိတယ္ပုိင္ရွင္က သူမကုိ အၾကည့္နဲ ့မုဒိမ္းက်င့္ခဲ့ဟု ေဘာလိ၀ုဒ္ မင္းသမီးတစ္ဦး စြပ္စြဲ
Ads Block

ဟုိတယ္ပုိင္ရွင္က သူမကုိ အၾကည့္နဲ ့မုဒိမ္းက်င့္ခဲ့ဟု ေဘာလိ၀ုဒ္ မင္းသမီးတစ္ဦး စြပ္စြဲ

ေဒလီၿမိဳ႕မွ ဟုိတယ္ပုိင္ရွင္တစ္ဦးက သူမကုိ အၾကည့္နဲ ့မုဒိမ္းက်င့္ခဲ့တယ္လုိ ့ စြပ္စြဲခဲ့တဲ့ ေဘာလိ၀ုဒ္ မင္းသမီး အီရွာ ဂူပတာရဲ႕ စကားေၾကာင့္ အြန္လုိင္းေပၚမွာ အုတ္ေအာ္ေသာင္းတင္း အျငင္းပြားမႈေတြ ျဖစ္ကုန္ပါတယ္။
အဲဒီ ပုဂၢိဳလ္ဟာ သူ ့ကုိ မ်က္လုံးအၾကည့္ေတြနဲ႕ ဧကန္မုဒိမ္းက်င့္ေနခဲ့တာျဖစ္ေၾကာင္း သူမအနားကုိ အေစာင့္ႏွစ္ဦး ေရာက္လာမွသာ ထြက္သြားခဲ့တာျဖစ္ၿပီး ဒီျဖစ္ရပ္ကုိ လုံၿခဳံေရး ကင္မရာေတြနဲ ့ အတည္ျပဳလုိ ့ ရေၾကာင္းနဲ႕ ဒီလူဟာ ေနာင္ မုဒိမ္းေကာင္ျဖစ္လာမယ့္သူမ်ဳိးျဖစ္ေၾကာင္း ဂူပတာက သူမရဲ႕ အင္စတာဂရမ္နဲ ့ တြစ္တာ အေကာင့္တုိ ့မွာ ထုတ္ေဖာ္ေရးသားခဲ့ပါတယ္။
ေနာက္ပုိင္းမွာ ရုိဟစ္ဗစ္လုိ ့ အမည္ထုတ္ေဖာ္သိရတဲ့ ယင္း ပုဂၢဳိလ္ဟာ သူနဲ႕ သူငယ္ခ်င္းေတြ ထုိင္ေနတဲ့ မ်က္ႏွာခ်င္းဆုိင္ စားပြဲမွာ ၀င္ထုိင္ကာ သူမကုိ စတင္စုိက္ၾကည့္ခဲ့ၿပီး တစ္ခ်ိန္လုံး စိတ္မသက္သာ ေလာက္ေအာင္ မ်က္လုံးအစာေကၽြးေတာ့ေၾကာင္း သူမက ေျပာဆုိခဲ့ပါတယ္။ ဒီႏုိင္ငံမွာ မိမိလုိပဲ အမ်ဳိးသမီး တစ္ဦးဟာ အၾကမ္းဖက္ခံရမႈ၊ မလုံၿခဳံမႈေတြ ခံစားေနရေၾကာင္း အနားမွာ လုံၿခဳံေရးႏွစ္ဦးရွိတာေတာင္ မုဒိမ္းက်င့္ခံေနရသလုိျဖစ္ေနကာ ဒီလူဟာ ပုပ္သုိးေဆြးေျမ့သြားရမယ့္ လူမ်ဳိးျဖစ္ေၾကာင္း ဆုိခဲ့ၿပီး ဗစ္ကုိ “၀က္နာ” လုိ ့ သူမက သုံးႏႈန္းသြားခဲ့ပါတယ္။
သူမ တင္ခဲ့တဲ့ ပုိ ့စ္ေတြနဲ ့ပတ္သက္ၿပီး လူမႈကြန္ရက္ေပၚမွာ တုံ႔ျပန္မွတ္ခ်က္ျပဳမ်ားစြာ လုပ္ခဲ့ၾကၿပီး အခ်ဳိ ့က သူမရဲ႕ ေျပာဆုိခ်က္ေတြကုိ ေထာက္ခံခဲ့ၾကပါတယ္။ အခ်ဳိ ့ကလည္း အရြဲ႕တုိက္တဲ့ ပုံစံနဲ ့ “ မင္းတုိ ့ေတြ အီရွာ ဂူပတာ မုဒိမ္းက်င့္ခံလုိက္ရတာ သိၿပီးၾကၿပီလား။ ဒီေလာက္ အေရးႀကီးတဲ့ အမႈအခင္းမ်ဳိးကုိ အေရးမစုိက္ၾကတာ မင္းတုိ ့ ရွက္စရာပဲ” လုိ ့ ေရးခဲ့ၾကပါတယ္။ ဒါ့အျပင္ ေဘာလိ၀ုဒ္ မင္းသမီးဟာ သူ အသစ္ ထြက္ထားတဲ့ “One Day: Justice Delivered” ဇာတ္ကားကုိ ေစ်းကြက္ျမွင့္ဖုိ ့အတြက္ ပရိယာယ္ ညဏ္ဆင္ကာ မ်က္ရည္ခ်ဴေနတယ္ဆုိတဲ့ ေ၀ဖန္သူေတြလည္း ရွိခဲ့ပါတယ္။
တစ္ခ်ိန္တည္းမွာပဲ သူ ့အေပၚ ကာကြယ္ေျပာဆုိသူေတြကလည္း ဇာတ္ကားသစ္ထြက္ခ်ိန္နဲ ့ အၾကည့္မုဒိမ္းက်င့္ခံခဲ့ရတယ္ဆုိတဲ့ ျဖစ္ရပ္တုိ ့ေပၚေပါက္ခဲ့ခ်ိန္ဟာ တုိက္ဆုိင္သြားတာသာျဖစ္ၿပီး အေၾကာင္းအရာ ေတြဟာ လုံး၀ အပ္စပ္တာမဟုတ္ေၾကာင္း ေခ်ပခဲ့ၾကပါတယ္။

- ကုိလင္း (အကုန္သိ သတင္းဌာန) | Ref  : RT

Unicode Version

 

ဒေလီမြို့မှ ဟိုတယ်ပိုင်ရှင်တစ်ဦးက သူမကို အကြည့်နဲ့မုဒိမ်းကျင့်ခဲ့တယ်လို့ စွပ်စွဲခဲ့တဲ့ ဘောလိဝုဒ် မင်းသမီး အီရှာ ဂူပတာရဲ့ စကားကြောင့် အွန်လိုင်းပေါ်မှာ အုတ်အော်သောင်းတင်း အငြင်းပွားမှုတွေ ဖြစ်ကုန်ပါတယ်။
အဲဒီ ပုဂ္ဂိုလ်ဟာ သူ့ကို မျက်လုံးအကြည့်တွေနဲ့ ဧကန်မုဒိမ်းကျင့်နေခဲ့တာဖြစ်ကြောင်း သူမအနားကို အစောင့်နှစ်ဦး ရောက်လာမှသာ ထွက်သွားခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကို လုံခြုံရေး ကင်မရာတွေနဲ့ အတည်ပြုလို့ ရကြောင်းနဲ့ ဒီလူဟာ နောင် မုဒိမ်းကောင်ဖြစ်လာမယ့်သူမျိုးဖြစ်ကြောင်း ဂူပတာက သူမရဲ့ အင်စတာဂရမ်နဲ့ တွစ်တာ အကောင့်တို့မှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။
နောက်ပိုင်းမှာ ရိုဟစ်ဗစ်လို့ အမည်ထုတ်ဖော်သိရတဲ့ ယင်း ပုဂ္ဂိုလ်ဟာ သူနဲ့ သူငယ်ချင်းတွေ ထိုင်နေတဲ့ မျက်နှာချင်းဆိုင် စားပွဲမှာ ဝင်ထိုင်ကာ သူမကို စတင်စိုက်ကြည့်ခဲ့ပြီး တစ်ချိန်လုံး စိတ်မသက်သာ လောက်အောင် မျက်လုံးအစာကျွေးတော့ကြောင်း သူမက ပြောဆိုခဲ့ပါတယ်။ ဒီနိုင်ငံမှာ မိမိလိုပဲ အမျိုးသမီး တစ်ဦးဟာ အကြမ်းဖက်ခံရမှု၊ မလုံခြုံမှုတွေ ခံစားနေရကြောင်း အနားမှာ လုံခြုံရေးနှစ်ဦးရှိတာတောင် မုဒိမ်းကျင့်ခံနေရသလိုဖြစ်နေကာ ဒီလူဟာ ပုပ်သိုးဆွေးမြေ့သွားရမယ့် လူမျိုးဖြစ်ကြောင်း ဆိုခဲ့ပြီး ဗစ်ကို “ဝက်နာ” လို့ သူမက သုံးနှုန်းသွားခဲ့ပါတယ်။
သူမ တင်ခဲ့တဲ့ ပို့စ်တွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ တုံ့ပြန်မှတ်ချက်ပြုများစွာ လုပ်ခဲ့ကြပြီး အချို့က သူမရဲ့ ပြောဆိုချက်တွေကို ထောက်ခံခဲ့ကြပါတယ်။ အချို့ကလည်း အရွဲ့တိုက်တဲ့ ပုံစံနဲ့ “ မင်းတို့တွေ အီရှာ ဂူပတာ မုဒိမ်းကျင့်ခံလိုက်ရတာ သိပြီးကြပြီလား။ ဒီလောက် အရေးကြီးတဲ့ အမှုအခင်းမျိုးကို အရေးမစိုက်ကြတာ မင်းတို့ ရှက်စရာပဲ” လို့ ရေးခဲ့ကြပါတယ်။ ဒါ့အပြင် ဘောလိဝုဒ် မင်းသမီးဟာ သူ အသစ် ထွက်ထားတဲ့ “One Day: Justice Delivered” ဇာတ်ကားကို ဈေးကွက်မြှင့်ဖို့အတွက် ပရိယာယ် ညဏ်ဆင်ကာ မျက်ရည်ချူနေတယ်ဆိုတဲ့ ဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ သူ့အပေါ် ကာကွယ်ပြောဆိုသူတွေကလည်း ဇာတ်ကားသစ်ထွက်ချိန်နဲ့ အကြည့်မုဒိမ်းကျင့်ခံခဲ့ရတယ်ဆိုတဲ့ ဖြစ်ရပ်တို့ပေါ်ပေါက်ခဲ့ချိန်ဟာ တိုက်ဆိုင်သွားတာသာဖြစ်ပြီး အကြောင်းအရာ တွေဟာ လုံး၀ အပ်စပ်တာမဟုတ်ကြောင်း ချေပခဲ့ကြပါတယ်။

- ကိုလင်း (အကုန်သိ သတင်းဌာန)  | Ref  : RT

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။