Skip to main content
မကၠဆီကုိက အေမရိကန္နဲ ့နယ္စပ္မွာ X-ray စက္ႀကီးေတြသုံးၿပီး ထရပ္ကားေတြေပၚ ပုန္းခုိလုိက္လာတဲ့ ေရႊ ့ေျပာင္းေတြကုိ ေဖာ္ထုတ္ ဖမ္းဆီးေန
Ads Block

မကၠဆီကုိက အေမရိကန္နဲ ့နယ္စပ္မွာ X-ray စက္ႀကီးေတြသုံးၿပီး ထရပ္ကားေတြေပၚ ပုန္းခုိလုိက္လာတဲ့ ေရႊ ့ေျပာင္းေတြကုိ ေဖာ္ထုတ္ ဖမ္းဆီးေန

အေမရိကန္ရဲ႕ ဖိအားေပးမႈအရ ေရႊ ့ေျပာင္း၀င္ေရာက္သူ ႏွိမ္နင္းေရး အရွိန္ျမွင့္လုပ္ေဆာင္ေနတဲ့ မကၠဆီကုိ အာဏာပုိင္ေတြဟာ နယ္စပ္ေဒသမွာ ၿပီးခဲ့တဲ့ႏွစ္ရက္အတြင္း ေရႊ ့ေျပာင္း၀င္ေရာက္သူ ၂၀၀ ေက်ာ္ကုိ ဖမ္းဆီးရမိခဲ့ၿပီး ဖမ္းဆီးခံခဲ့ရသူေတြထဲက ဒါဇင္မ်ားစြာဟာ ထရပ္ကားေတြရဲ႕ လွ်ဳိ ့၀ွက္အခန္းေတြ အတြင္း ပုန္းခုိလုိက္ပါခဲ့သူေတြျဖစ္ကာ ၄င္းတုိ ့ကုိ X-ray ေရာင္ျခည္စက္ႀကီးေတြသုံးၿပီး ေဖာ္ထုတ္ဖမ္းဆီး ႏုိင္ခဲ့တာျဖစ္ပါတယ္။
တနဂၤေႏြေန ့က X-ray ေရာင္ျခည္ျဖတ္ထားတဲ့ တေစၦထရပ္ကားသ႑ာန္ ပုံရိပ္ကုိ ထုတ္ေဖာ္ျပသ ခဲ့ၿပီး ကားေပၚက လွ်ဳိ႕၀ွက္ အဆင့္ႏွစ္ခုမွာ အခ်ဳိ ့ထုိင္လ်က္၊ အခ်ဳိ ့လဲေလ်ာင္းလ်က္ လုိက္ပါလာတဲ့ ေရႊ ့ေျပာင္းေတြရဲ႕ အလင္းပုံရိပ္ေတြကုိ ေတြရပါတယ္။ ထပ္မံၿပီး တနလၤာေန ့က မကၠဆီကုိ ေတာင္ပုိင္း ခ်ီယာပတ္စ္ၿမိဳ႕မွာ အခ်ဳိရည္ ထရပ္ကားတစ္စီးေပၚ ပုန္းခုိလုိက္ပါလာတဲ့ ေရႊ ့ေျပာင္း ၂၂၈ ဦးကုိ ေတြ ့ရွိ ဖမ္းဆီးခဲ့ေၾကာင္း မကၠဆီကုိလုံၿခဳံေရး ၀န္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။
အလုပ္တာ၀န္ေတြကုိ မာမာထန္ထန္ ကိုင္တြယ္ေလ့ရွိတဲ့ အက်ဥ္းေထာင္ ဦးစီးခ်ဳပ္ေဟာင္း ဖရန္စၥကုိ ဂါဒူႏုိ အား မကၠဆီကုိ လ၀က အာဏာပုိင္အဖြဲ႕ ေခါင္းေဆာင္သစ္အျဖစ္ ခန္ ့အပ္ၿပီးေနာက္ သီတင္းပတ္ေတြ အၾကာမွာ အခုလုိ ဖမ္းဆီးရမိမႈေတြ ရွိခဲ့တာျဖစ္ေၾကာင္း အမ်ဳိးသား ေရႊ႕ေျပာင္း ၀င္ေရာက္သူမ်ားေရးရာဌာန(INM) က ေျပာဆုိပါတယ္။ ဂါဒူႏုိ တာ၀န္ထမ္းေဆာင္ကာလအတြင္း လုပ္ငန္းသုံးယာဥ္ေတြနဲ ့ခုိးသြင္းလာတဲ့ ေရႊ ့ေျပာင္း၀င္ေရာက္သူ ဖမ္းဆီးရမိမႈ ျမင့္တင့္လာခဲ့ပါတယ္။ ဂါဒူႏုိ တာ၀န္ယူခဲ့ၿပီး သီတင္းပတ္ကုန္အတြင္း INM တာ၀န္ရွိသူေတြဟာ ႏုိင္ငံအေရွ ့ပုိင္း ဗာရာခရုဇ္ျပည္နယ္မွာ ထရပ္ကားေလးစီးေပၚက ေရႊ ့ေျပာင္းဦးေရ ၈၀၀ ကုိ စစ္ေဆးေတြ ့ရွိခဲ့ပါတယ္။
အေမရိကန္ သမၼတ ေဒၚနယ္ထရန္ ့က အခြန္စည္းၾကပ္မႈေတြ လုပ္သြားမယ္ဆုိတဲ့ ၿခိမ္းေျခာက္မႈကုိ ေရွာင္လႊဲႏုိင္ဖုိ ့အတြက္ မကၠဆီကုိ အာဏာပုိင္ေတြဟာ အေမရိကန္ျပည္ေထာင္စုကုိ ၀င္ေရာက္ဖုိ ့ ႀကိဳးစား ေနတဲ့ ဂြါတီမာလာ၊ ဟြန္ဒူးရပ္၊ အယ္ဆာေဗးဒုိးႏုိင္ငံတုိ ့မွ ေရႊ႕ေျပာင္းလူအုပ္ေတြ စီး၀င္မႈကုိ ရပ္တန္ ့ပစ္ဖုိ ့ အရွိန္ျမွင့္လုပ္ေဆာင္ေနခဲ့သလုိ အေထာက္အထားမဲ့ ေရႊ ့ေျပာင္းေတြကုိ ဟန္ ့တားဖုိ ့အတြက္ လုံၿခဳံေရး တပ္ဖြဲ႕ေတြ အသုံးျပဳသြားမယ္လုိ ့ ကတိျပဳထားခဲ့ပါတယ္။

- ကုိလင္း (အကုန္သိ သတင္းဌာန) | Ref : Reuters

Unicode Version

 

အမေရိကန်ရဲ့ ဖိအားပေးမှုအရ ရွှေ့ပြောင်းဝင်ရောက်သူ နှိမ်နင်းရေး အရှိန်မြှင့်လုပ်ဆောင်နေတဲ့ မက္ကဆီကို အာဏာပိုင်တွေဟာ နယ်စပ်ဒေသမှာ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ရွှေ့ပြောင်းဝင်ရောက်သူ ၂၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးခံခဲ့ရသူတွေထဲက ဒါဇင်များစွာဟာ ထရပ်ကားတွေရဲ့ လျှို့ဝှက်အခန်းတွေ အတွင်း ပုန်းခိုလိုက်ပါခဲ့သူတွေဖြစ်ကာ ၎င်းတို့ကို X-ray ရောင်ခြည်စက်ကြီးတွေသုံးပြီး ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့တာဖြစ်ပါတယ်။
တနင်္ဂနွေနေ့က X-ray ရောင်ခြည်ဖြတ်ထားတဲ့ တစ္ဆေထရပ်ကားသဏ္ဍာန် ပုံရိပ်ကို ထုတ်ဖော်ပြသ ခဲ့ပြီး ကားပေါ်က လျှို့ဝှက် အဆင့်နှစ်ခုမှာ အချို့ထိုင်လျက်၊ အချို့လဲလျောင်းလျက် လိုက်ပါလာတဲ့ ရွှေ့ပြောင်းတွေရဲ့ အလင်းပုံရိပ်တွေကို တွေရပါတယ်။ ထပ်မံပြီး တနင်္လာနေ့က မက္ကဆီကို တောင်ပိုင်း ချီယာပတ်စ်မြို့မှာ အချိုရည် ထရပ်ကားတစ်စီးပေါ် ပုန်းခိုလိုက်ပါလာတဲ့ ရွှေ့ပြောင်း ၂၂၈ ဦးကို တွေ့ရှိ ဖမ်းဆီးခဲ့ကြောင်း မက္ကဆီကိုလုံခြုံရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အလုပ်တာဝန်တွေကို မာမာထန်ထန် ကိုင်တွယ်လေ့ရှိတဲ့ အကျဉ်းထောင် ဦးစီးချုပ်ဟောင်း ဖရန်စ္စကို ဂါဒူနို အား မက္ကဆီကို လဝက အာဏာပိုင်အဖွဲ့ ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ပြီးနောက် သီတင်းပတ်တွေ အကြာမှာ အခုလို ဖမ်းဆီးရမိမှုတွေ ရှိခဲ့တာဖြစ်ကြောင်း အမျိုးသား ရွှေ့ပြောင်း ဝင်ရောက်သူများရေးရာဌာန(INM) က ပြောဆိုပါတယ်။ ဂါဒူနို တာဝန်ထမ်းဆောင်ကာလအတွင်း လုပ်ငန်းသုံးယာဉ်တွေနဲ့ခိုးသွင်းလာတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ဖမ်းဆီးရမိမှု မြင့်တင့်လာခဲ့ပါတယ်။ ဂါဒူနို တာဝန်ယူခဲ့ပြီး သီတင်းပတ်ကုန်အတွင်း INM တာဝန်ရှိသူတွေဟာ နိုင်ငံအရှေ့ပိုင်း ဗာရာခရုဇ်ပြည်နယ်မှာ ထရပ်ကားလေးစီးပေါ်က ရွှေ့ပြောင်းဦးရေ ၈၀၀ ကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က အခွန်စည်းကြပ်မှုတွေ လုပ်သွားမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို ရှောင်လွှဲနိုင်ဖို့အတွက် မက္ကဆီကို အာဏာပိုင်တွေဟာ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ဖို့ ကြိုးစား နေတဲ့ ဂွါတီမာလာ၊ ဟွန်ဒူးရပ်၊ အယ်ဆာဗေးဒိုးနိုင်ငံတို့မှ ရွှေ့ပြောင်းလူအုပ်တွေ စီးဝင်မှုကို ရပ်တန့်ပစ်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေခဲ့သလို အထောက်အထားမဲ့ ရွှေ့ပြောင်းတွေကို ဟန့်တားဖို့အတွက် လုံခြုံရေး တပ်ဖွဲ့တွေ အသုံးပြုသွားမယ်လို့ ကတိပြုထားခဲ့ပါတယ်။

- ကိုလင်း (အကုန်သိ သတင်းဌာန) | Ref : Reuters

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။