Skip to main content
ထရမ့်အစိုးရအား အသုံးမကျတဲ့အစိုးရဟု ဝေဖန်သုံးသပ်ထားတဲ့ အစီရင်ခံစာ ပေါက်ကြားသွားမှုအတွက် စိတ်မကောင်းပါကြောင်း ဗြိတိန် တောင်းပန်
Ads Block
ထရမ့်အစိုးရအား အသုံးမကျတဲ့အစိုးရဟု ဝေဖန်သုံးသပ်ထားတဲ့ အစီရင်ခံစာ ပေါက်ကြားသွားမှုအတွက် စိတ်မကောင်းပါကြောင်း ဗြိတိန် တောင်းပန်
ထိုအစီရင်ခံစာဟာ ၂၀၁၇ ခုနှစ်မှ ယခုအချိန်အထိ တင်ပြနေခဲ့တာဖြစ်ပြီး ၄င်းမှာ ထရမ့်အစိုးရဟာ အတွင်းကြိတ် ရန်သတ်၊ အစေးမကပ် ဖြစ်နေကြောင်းနဲ့ ယခင်လတုန်းက အီရန်အား လေကြောင်းမှ တိုက်ခိုက်မည်ဆိုပြီး ထရမ့်က တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ရာ ပစ်ခါနီးကျမှ အမိန့်ပြန်ရုပ်သိမ်း ခဲ့ခြင်းအတွက်လည်း အိမ်ဖြူတော်တွင်း နားမလည်နိုင်ဖြစ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ထရမ့်ကတော့ အမျက်တော်ရှနေရာ ၄င်းသံအမတ် ကိုယ်စားပြုတဲ့ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေကို တွစ်တာမှာ တုံ့ပြန်ဝေဖန်ပြီး သံအမတ်ကိုလည်း အဆက်အဆံဖြတ်တော့မယ်လို့ ဆိုခဲ့ပါတယ်။
လက်ရှိဝန်ကြီးချုပ် ထရီဆာမေဟာ လကုန်ပိုင်းတွင် ရာထူးမှနှုတ်ထွက်တော့မှာဖြစ်ပြီး သူမနေရာကို ဆက်ခံမယ့်သူလို့ တစ်ပြေးနေသူတွေထဲမှ နိုင်ငံခြားရေးဝန်ကြီး ဂျရေမီဟန့်တ်ကတော့ သံအမတ်ရဲ့ ၄င်းသုံးသပ်ချက်ပါ အချက်အလက်တွေကို သဘောမတူပေမဲ့ ထိုသို့ ရိုးရိုးသားသားသုံးသပ်ပိုင်ခွင့်ကို ထောက်ခံတယ်လို့ ပြောပါတယ်။
Unicode Version
ထရမ့်ရဲ့အစိုးရအား “အလုပ်မဖြစ်”၊ “အသုံးမကျ”တဲ့အစိုးရလို့ ဝေဖန်ထားတဲ့ ကြေးနန်းစာ ပေါက်ကြား ခဲ့မှုအတွက် စိတ်မကောင်းပါကြောင်း ဗြိတိန်က ထရမ့်အစိုးရကို ဇူလိုင် ၈ ရက်မှာ တောင်းပန် ခဲ့ပါတယ်။
အမေရိကန်ဆိုင်ရာ ဗြိတိန်သံအမတ် ကင်မ်ဒါးရော့ရဲ့ လန်ဒန်သို့ အစီရင်ခံနေတဲ့ မှတ်စုတွေဟာ ကြေးနန်းအဖြစ်ပို့ခဲ့ရာမှာ ပေါက်ကြားခဲ့တယ်လို့ သိရပါတယ်။ မှတ်စုမှာ သံအမတ်က ထရမ့်အစိုးရကို ဝေဖန်ထားပြီး ၎င်းကို Daily Mail သတင်းဌာနက သတင်းပေါက်ကြားချက်အဖြစ် ဖော်ပြလိုက်ပါတယ်။
ထိုအစီရင်ခံစာဟာ ၂၀၁၇ ခုနှစ်မှ ယခုအချိန်အထိ တင်ပြနေခဲ့တာဖြစ်ပြီး ၎င်းမှာ ထရမ့်အစိုးရဟာ အတွင်းကြိတ် ရန်သတ်၊ အစေးမကပ် ဖြစ်နေကြောင်းနဲ့ ယခင်လတုန်းက အီရန်အား လေကြောင်းမှ တိုက်ခိုက်မည်ဆိုပြီး ထရမ့်က တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ရာ ပစ်ခါနီးကျမှ အမိန့်ပြန်ရုပ်သိမ်း ခဲ့ခြင်းအတွက်လည်း အိမ်ဖြူတော်တွင်း နားမလည်နိုင်ဖြစ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
 “ဒီအစိုးရဟာ သိသိသာသာကြီး မူမှန်လာမယ်၊ အလုပ်မဖြစ်တာတွေ လျော့လာမယ်၊ ခန့်မှန်းရ ခက်လောက်အောင် ထင်ရာစိုင်းတာတွေ လျော့လာမယ်၊ အတွင်းကြိတ် အုပ်စုအကွဲအပြဲတွေ လျော့လာမယ်၊ သံတမန်ရေးမှာလည်း ပရမ်းပတာဖြစ် အသုံးမကျတာတွေ လျော့လာမယ်လို့ ငါတို့တော့ မထင်ပါဘူး”လို့ သံအမတ်က တစ်ဆက်တည်း သုံးသပ်ဝေဖန်ထားပါတယ်။
၎င်းဖြစ်ရပ်အတွက် ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ပြန်ကြားရေးမှုးက ကြေးနန်းစာပေါက်ကြားခြင်းဟာ လက်မခံနိုင်စရာကိစ္စဖြစ်ပြီး မိမိတို့အနေဖြင့် စိတ်မကောင်းပါကြောင်း ပြောခဲ့ပါတယ်။
ထရမ့်ကတော့ အမျက်တော်ရှနေရာ ၎င်းသံအမတ် ကိုယ်စားပြုတဲ့ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေကို တွစ်တာမှာ တုံ့ပြန်ဝေဖန်ပြီး သံအမတ်ကိုလည်း အဆက်အဆံဖြတ်တော့မယ်လို့ ဆိုခဲ့ပါတယ်။
ထရမ့် ထိုသို့ပြောအပြီး နာရီအနည်းငယ်အကြာမှာတော့ ထရီဆာမေရဲ့ ပြန်ကြားရေးမှုးက ဗြိတိန်အနေဖြင့် ယခုပေါက်ကြားမှုဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပေမဲ့ ဝန်ကြီးချုပ်ဟာ သံအမတ် ဒါးရော့ဘက်မှ ရပ်တည်မည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားပါတယ်။
လက်ရှိဝန်ကြီးချုပ် ထရီဆာမေဟာ လကုန်ပိုင်းတွင် ရာထူးမှနှုတ်ထွက်တော့မှာဖြစ်ပြီး သူမနေရာကို ဆက်ခံမယ့်သူလို့ တစ်ပြေးနေသူတွေထဲမှ နိုင်ငံခြားရေးဝန်ကြီး ဂျရေမီဟန့်တ်ကတော့ သံအမတ်ရဲ့ ၎င်းသုံးသပ်ချက်ပါ အချက်အလက်တွေကို သဘောမတူပေမဲ့ ထိုသို့ ရိုးရိုးသားသားသုံးသပ်ပိုင်ခွင့်ကို ထောက်ခံတယ်လို့ ပြောပါတယ်။
ကြေးနန်းစာ ပေါက်ကြားမှုအတွက် ကျူးလွန်သူကို စုံစမ်းဖော်ထုတ်နေပြီး အမှုဟာ ရာဇဝတ်မှုမြောက်နေပါက ရဲတပ်ဖွဲ့ပါ ပါဝင်စုံစမ်းလိမ့်မယ်လို့ သိရပါတယ်။
- ZHO ( အကုန်သိ သတင်းဌာန ) | (Ref : Reuters)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။