Skip to main content
အရက္ေသာက္စားထားေသာသားက မိခင္အရင္းအားေခါင္းအံုးျဖင့္ဖိသတ္မႈျဖစ္ပြား
Ads Block

အရက္ေသာက္စားထားေသာသားက မိခင္အရင္းအားေခါင္းအံုးျဖင့္ဖိသတ္မႈျဖစ္ပြား

ရန္ကုန္ၿမိဳ႕၊ ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္၌ အရက္ေသစာေသာက္စားမူးရစ္ေနသည့္သားက မိခင္အရင္းအား ေခါင္းအံုးျဖင့္ဖိသတ္မႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
ျဖစ္စဥ္မွာ ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္၊ ၆၀ ရပ္ကြက္၌ ဇူလိုင္လ ၈ ရက္၊ ည ၉ နာရီက လူသတ္မႈျဖစ္ပြားသျဖင့္ တာ၀န္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ၾကရာ ေသဆံုးသူမွာေဒၚေထြးၾကည္(၆၄)ႏွစ္ျဖစ္ၿပီး ေနအိမ္အိပ္ခန္းအတြင္း ၀ဲပါး-နား ညိဳမဲ၊ ႏွာေခါင္းေသြးထြက္ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသျဖင့္ အေလာင္းကို သဃၤန္းကြ်န္းစံျပေဆးရံုသို႔ တင္ပို႔ခဲ့သည္။
စစ္ေဆးခ်က္အရ ေဒၚေထြးၾကည္သည္ အရက္ေသာက္စားေနေသာ သားျဖစ္သူ စိုင္းၾကည္ျမင့္(၃၄)ႏွစ္ကို ဆူပူျခင္းေၾကာင့္ သားျဖစ္သူက ေခါင္းအံုးျဖင့္ဖိသတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိခဲ့ရသည္။
“ ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီးအျပည့္အစံုကိုကြ်န္ေတာ္တို႔ ရန္ကုန္တိုင္းရဲတပ္ဖြဲ႔ရဲ႕တရား၀င္စာမ်က္ႏွာျဖစ္တဲ့ Yangon Police စာမ်က္ႏွာမွာထုတ္ျပန္ေပးပါလိမ့္မယ္ခင္ဗ်” ဟုဒဂံုဆိပ္ကမ္းၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ျပစ္မႈက်ဴးလြန္သည့္ စိုင္းၾကည္ျမင့္(၃၄)ႏွစ္ကိုအေရးယူေပးပါရန္ ညီမျဖစ္သူမွတရားလိုအျဖစ္တိုင္ၾကားသျဖင့္ ဒဂံုဆိပ္ကမ္းၿမိဳ႕မရဲစခန္း၌ လူသတ္မႈျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

- ဒါးဇ ( အကုန္သိ သတင္းဌာန )  | Source - AungKyawOo ၊Tin NaingTun

Unicode Version

 

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၌ အရက်သေစာသောက်စားမူးရစ်နေသည့်သားက မိခင်အရင်းအား ခေါင်းအုံးဖြင့်ဖိသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၀ ရပ်ကွက်၌ ဇူလိုင်လ ၈ ရက်၊ ည ၉ နာရီက လူသတ်မှုဖြစ်ပွားသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြရာ သေဆုံးသူမှာဒေါ်ထွေးကြည်(၆၄)နှစ်ဖြစ်ပြီး နေအိမ်အိပ်ခန်းအတွင်း ဝဲပါး-နား ညိုမဲ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေသဖြင့် အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံသို့ တင်ပို့ခဲ့သည်။
စစ်ဆေးချက်အရ ဒေါ်ထွေးကြည်သည် အရက်သောက်စားနေသော သားဖြစ်သူ စိုင်းကြည်မြင့်(၃၄)နှစ်ကို ဆူပူခြင်းကြောင့် သားဖြစ်သူက ခေါင်းအုံးဖြင့်ဖိသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။
“ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးအပြည့်အစုံကိုကျွန်တော်တို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့တရားဝင်စာမျက်နှာဖြစ်တဲ့ Yangon Police စာမျက်နှာမှာထုတ်ပြန်ပေးပါလိမ့်မယ်ခင်ဗျ” ဟုဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သည့် စိုင်းကြည်မြင့်(၃၄)နှစ်ကိုအရေးယူပေးပါရန် ညီမဖြစ်သူမှတရားလိုအဖြစ်တိုင်ကြားသဖြင့် ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း၌ လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

- ဒါးဇ ( အကုန်သိ သတင်းဌာန ) | Source - AungKyawOo ၊Tin NaingTun

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။