Skip to main content
KG ေက်ာင္းသူတစ္ဦး ေက်ာင္းေနာက္ေဖး၌ အဓမၼျပဳက်င့္ခံရမႈျဖစ္ပြား
Ads Block

KG ေက်ာင္းသူတစ္ဦး ေက်ာင္းေနာက္ေဖး၌ အဓမၼျပဳက်င့္ခံရမႈျဖစ္ပြား

ဧရာ၀တီတုိင္းေဒသႀကီး၊ မအူပင္ၿမိဳ႕နယ္၌ ၁၅ ႏွစ္အရြယ္အမ်ိဳးသားက တစ္ရြာတည္းေန ၅ ႏွစ္အရြယ္ မိန္းကေလးအား ေက်ာင္းေနာက္ေဖး၌ အဓမၼျပဳက်င့္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မအူပင္ၿမိဳ႕နယ္၊ ေအာင္ဟိ္တ္ေက်း႐ြာအုပ္စု ၊ စံလင္းေဒါင့္ေက်းရြာ၌ရွိေသာ စာသင္ေက်ာင္း၌ သူငယ္တန္းတက္ေရာက္ေနသည့္ ၅ ႏွစ္အရြယ္ မ---- မွာ ဇူလိုင္လ ၈ ရက္၊ ေန႔လယ္ပိုင္း၌ အဓမၼျပဳက်င့္ခံရသျဖင့္အေရးယူေပးပါရန္ မ------၏မိခင္က ညေနပိုင္းတြင္ရဲစခန္းသို႔အမႈဖြင့္တိုင္တန္းျခင္း ျဖစ္ေၾကာင္း သိရသည္။
စစ္ေဆးခ်က္အရ ဖိုးခ်စ္၊ ၁၅ ႏွစ္က အခင္းျဖစ္ပြားအခ်ိန္၌ ၎၏ညီမႏွစ္ဦးထံထမင္းခ်ိဳင့္လာပို႔ရာမွ တစ္ရြာတည္းေန မ------အားေတြ႔႔ရွိၿပီး ေက်ာင္းေနာက္ေဖးသို႔ေခၚေဆာင္ကာ အဓမၼျပဳက်င့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိခဲ့ရျခင္း ျဖစ္သည္။
“ျပစ္မႈက်ဴးလြန္တဲ့ေကာင္ေလးမွာ အမႊာညီအစ္မရွိတယ္။အဲဒီအခင္းျဖစ္တဲ့ေက်ာင္းမွာပဲ ေက်ာင္းတက္ေနတာေပါ့။ ေန႔ခင္းထမင္းစားခ်ိန္မွာ သူ႔ညီမေလးေတြကိုထမင္းခ်ိဳင့္လာပို႔ရင္း ဒီ KG ေက်ာင္းသူေလးကိုေတြ႔ၿပီး ေက်ာင္းေနာက္ေဖးမွာ အဓမၼျပဳက်င့္သြားတာပါ။ ဒီျဖစ္စဥ္ကို ေက်ာင္းဆင္းခ်ိန္မွာ ကေလးမေလးကငိုေနတဲ့အတြက္ မိခင္ကေမးျမန္းၿပီးတရားလိုျပဳလုပ္တိုင္ၾကားခဲ့တာပါ” ဟု မအူပင္ၿမိဳ႕မရဲစခန္းမွ အမႈစစ္ရဲအရာရွိက ေျပာသည္။
ထို႔ေၾကာင့္ ဖိုးခ်စ္ ၁၅ ႏွစ္ကို မအူပင္ၿမိဳ႕မရဲစခန္း၌ ပုဒ္မ - ၃၇၆ ျဖင့္အမႈဖြင့္ၿပီး တရားရံုးသို႔ ထိန္းသိမ္းေစာင့္ေရွာက္ခြင့္ေတာင္းခံၿပီးေနာက္ တရားစြဲတင္ႏုိင္ေရးေဆာင္ရြက္ေနေၾကာင္း သတင္းရရွိသည္။
- ဒါးဇ ( အကုန္သိ သတင္းဌာန ) | Source - မအူပင္ေက်ာ္လႊား

Unicode Version

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ ၁၅ နှစ်အရွယ်အမျိုးသားက တစ်ရွာတည်းနေ ၅ နှစ်အရွယ် မိန်းကလေးအား ကျောင်းနောက်ဖေး၌ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မအူပင်မြို့နယ်၊ အောင်ဟိတ်ကျေးရွာအုပ်စု ၊ စံလင်းဒေါင့်ကျေးရွာ၌ရှိသော စာသင်ကျောင်း၌ သူငယ်တန်းတက်ရောက်နေသည့် ၅ နှစ်အရွယ် မ---- မှာ ဇူလိုင်လ ၈ ရက်၊ နေ့လယ်ပိုင်း၌ အဓမ္မပြုကျင့်ခံရသဖြင့်အရေးယူပေးပါရန် မ------၏မိခင်က ညနေပိုင်းတွင်ရဲစခန်းသို့အမှုဖွင့်တိုင်တန်းခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ဆေးချက်အရ ဖိုးချစ်၊ ၁၅ နှစ်က အခင်းဖြစ်ပွားအချိန်၌ ၎င်း၏ညီမနှစ်ဦးထံထမင်းချိုင့်လာပို့ရာမှ တစ်ရွာတည်းနေ မ------အားတွေ့ရှိပြီး ကျောင်းနောက်ဖေးသို့ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရခြင်း ဖြစ်သည်။
“ပြစ်မှုကျူးလွန်တဲ့ကောင်လေးမှာ အမွှာညီအစ်မရှိတယ်။အဲဒီအခင်းဖြစ်တဲ့ကျောင်းမှာပဲ ကျောင်းတက်နေတာပေါ့။ နေ့ခင်းထမင်းစားချိန်မှာ သူ့ညီမလေးတွေကိုထမင်းချိုင့်လာပို့ရင်း ဒီ KG ကျောင်းသူလေးကိုတွေ့ပြီး ကျောင်းနောက်ဖေးမှာ အဓမ္မပြုကျင့်သွားတာပါ။ ဒီဖြစ်စဉ်ကို ကျောင်းဆင်းချိန်မှာ ကလေးမလေးကငိုနေတဲ့အတွက် မိခင်ကမေးမြန်းပြီးတရားလိုပြုလုပ်တိုင်ကြားခဲ့တာပါ” ဟု မအူပင်မြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိက ပြောသည်။
ထို့ကြောင့် ဖိုးချစ် ၁၅ နှစ်ကို မအူပင်မြို့မရဲစခန်း၌ ပုဒ်မ - ၃၇၆ ဖြင့်အမှုဖွင့်ပြီး တရားရုံးသို့ ထိန်းသိမ်းစောင့်ရှောက်ခွင့်တောင်းခံပြီးနောက် တရားစွဲတင်နိုင်ရေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
- ဒါးဇ ( အကုန်သိ သတင်းဌာန )  | Source - မအူပင်ကျော်လွှား

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။