Skip to main content
အျငင္းပြား ဥပေဒၾကမ္းအား အၿပီးတုိင္ ရုပ္သိမ္းလုိက္ၿပီဟု ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး ေၾကညာ
Ads Block

အျငင္းပြား ဥပေဒၾကမ္းအား အၿပီးတုိင္ ရုပ္သိမ္းလုိက္ၿပီဟု ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး ေၾကညာ

အႀကီးအက်ယ္ မလုိလားမႈေတြျဖစ္ေနတဲ့ တရုတ္ျပည္မႀကီးသုိ ့ တရားခံလႊဲေျပာင္းခြင့္ျပဳမယ့္ ဥပေဒၾကမ္းဟာ ဇီ၀ိန္ခ်ဳပ္သြားခဲ့ပါၿပီလုိ ့ ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမွဴး ကာရီလမ္က ဇူလုိင္ ၉ ရက္ေန ့မွာ ေၾကညာလုိက္ပါတယ္။

အျငင္းပြား ဥပေဒၾကမ္းအား အၿပီးတုိင္ ရုပ္သိမ္းလုိက္ၿပီဟု ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး ေၾကညာ


ဥပေဒျပဳေကာင္စီမွာ အစုိးရက ဒီဥပေဒၾကမ္းကုိ တေက်ာ့ျပန္တင္လာေလမလားဆုိတဲ့ စုိးရိမ္ပူပန္မႈေတြ ဒါမွမဟုတ္ အစုိးရရဲ႕ သေဘာထားအမွန္ကုိ သံသယရွိေနမႈေတြ အခုထိရွိေနပါေသးေၾကာင္း၊ ဒါေၾကာင့္ ဥပေဒၾကမ္းနဲ ့ပတ္သက္တဲ့ ဘာအစီအစဥ္မ်ဳိးမွ မရွိေတာ့ေၾကာင္းနဲ ့ ဥပေဒၾကမ္းဟာ အသက္၀င္မွာ မဟုတ္ေတာ့ဘဲ နိဂုံးခ်ဳပ္သြားပါၿပီလုိ ့ဒီေနရာကေန မိမိထပ္ေလာင္းေျပာဆုိပါေၾကာင္း သူမက ဆုိခဲ့ပါတယ္။ ဥပေဒၾကမ္းအတြက္ လုပ္ကုိင္ေဆာင္ရြက္မႈေတြဟာ လုံး၀ မေအာင္ျမင္ခဲ့ပါေၾကာင္း လူထုအေနနဲ ့ ယင္း ကိစၥေျဖရွင္းဖုိ ့အတြက္ အစုိးရကုိ အခ်ိန္ေနရာေပးဖုိ ့ ကာရီလမ္က ေတာင္းဆုိခဲ့ပါတယ္။
ၿပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္း လူျမင္ကြင္း ထြက္ခဲ့ေလ့ရွိတဲ့ လမ္ဟာ အဂၤါေန ့မွာေတာ့ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ၿပီး ျဖစ္ပ်က္ခဲ့တာေတြအတြက္ သူမရဲ႕ ေက်ေအးအလုိက္ေလ်ာဆုံး ဖြင့္ဟမႈေတြ လုပ္ခဲ့ပါတယ္။ မည္သည့္ ႀကိဳတင္သတ္မွတ္ခ်က္မွ မထားဘဲ အမ်ားျမင္ကြင္းမွာ ေက်ာင္းသားေတြနဲ ့ ေတြ ့ဆုံေဆြးေႏြးဖုိ ့ လမ္က သေဘာတူခဲ့ၿပီး ေဟာင္ေကာင္ဟာ မႀကဳံစဖူးေပၚေပါက္ခဲ့တဲ့ စိန္ေခၚမႈေတြနဲ႕ ရင္ဆုိင္ခဲ့ရတယ္ဆုိတာ အသိအမွတ္ျပဳခဲ့ပါတယ္။
ဒါေပမဲ့လည္း ဆႏၵျပမႈေတြအတြင္း ရဲတပ္ဖြဲ႕ တုံ႔ျပန္ခဲ့တဲ့ နည္းလမ္းေတြနဲ ့ပတ္သက္ၿပီး လြတ္လပ္တဲ တရားေရးေကာ္မရွင္တစ္ခုဖြဲ႕ စစ္ေဆးဖုိ ့အပါအ၀င္ ဆႏၵျပသူေတြရဲ႕ ေနာက္ထပ္ အဓိက ေတာင္းဆုိမႈေတြကုိေတာ့ လမ္က ျငင္းပယ္ခဲ့ကာ လက္ရွိေဟာင္ေကာင္ရဲတပ္ဖြဲ႕ တုိင္ၾကားမႈမ်ားဆုိင္ရာ ယႏၱရားဟာ ျဖစ္စဥ္ေတြကုိ ကုိယ္တုိင္ စုံစမ္းစစ္ေဆးမႈလုပ္ႏုိင္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။
ၿပီးခဲ့တဲ့လကစလုိ ့ အစုိးရဆန္ ့က်င္ေရး ဆႏၵျပမႈေတြဟာ ေဟာင္ေကာင္ကုိ နစ္နာဆုံးရႈံးမႈေတြ ျဖစ္ေစခဲ့ၿပီး ဆႏၵျပသူေတြနဲ ့ရဲတပ္ဖြဲ႕၀င္ေတြဟာ လမ္းမေတြေပၚမွာ ရုန္းရင္းဆန္ခတ္တုိက္ခုိက္မႈေတြ ျဖစ္ခဲ့ၾကပါတယ္။
ၿပီးခဲ့တဲ့ သီတင္းပတ္ တနလၤာေန ့ကေတာ့ ဆႏၵျပသူေတြဟာ ဥပေဒျပဳေကာင္စီအေဆာက္အအုံထဲထိ ခ်ဳိးဖ်က္၀င္ေရာက္ခဲ့ကာ နံရံေတြမွာ အစုိးရဆန္႔က်င္ေရး ဂရပ္ဖစ္တီေတြ ေရးဆြဲျခင္း ကုိလုိနီေခတ္ အလံေတြ ခ်ိတ္ဆြဲျခင္းတုိ ့ျပဳလုပ္ခဲ့ၾကပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန )  | Ref : CNA

Unicode Version

 

အကြီးအကျယ် မလိုလားမှုတွေဖြစ်နေတဲ့ တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းခွင့်ပြုမယ့် ဥပဒေကြမ်းဟာ ဇီဝိန်ချုပ်သွားခဲ့ပါပြီလို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကာရီလမ်က ဇူလိုင် ၉ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ဥပဒေပြုကောင်စီမှာ အစိုးရက ဒီဥပဒေကြမ်းကို တကျော့ပြန်တင်လာလေမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဒါမှမဟုတ် အစိုးရရဲ့ သဘောထားအမှန်ကို သံသယရှိနေမှုတွေ အခုထိရှိနေပါသေးကြောင်း၊ ဒါကြောင့် ဥပဒေကြမ်းနဲ့ပတ်သက်တဲ့ ဘာအစီအစဉ်မျိုးမှ မရှိတော့ကြောင်းနဲ့ ဥပဒေကြမ်းဟာ အသက်ဝင်မှာ မဟုတ်တော့ဘဲ နိဂုံးချုပ်သွားပါပြီလို့ဒီနေရာကနေ မိမိထပ်လောင်းပြောဆိုပါကြောင်း သူမက ဆိုခဲ့ပါတယ်။ ဥပဒေကြမ်းအတွက် လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ လုံး၀ မအောင်မြင်ခဲ့ပါကြောင်း လူထုအနေနဲ့ ယင်း ကိစ္စဖြေရှင်းဖို့အတွက် အစိုးရကို အချိန်နေရာပေးဖို့ ကာရီလမ်က တောင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း လူမြင်ကွင်း ထွက်ခဲ့လေ့ရှိတဲ့ လမ်ဟာ အင်္ဂါနေ့မှာတော့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ဖြစ်ပျက်ခဲ့တာတွေအတွက် သူမရဲ့ ကျေအေးအလိုက်လျောဆုံး ဖွင့်ဟမှုတွေ လုပ်ခဲ့ပါတယ်။ မည်သည့် ကြိုတင်သတ်မှတ်ချက်မှ မထားဘဲ အများမြင်ကွင်းမှာ ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လမ်က သဘောတူခဲ့ပြီး ဟောင်ကောင်ဟာ မကြုံစဖူးပေါ်ပေါက်ခဲ့တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုတာ အသိအမှတ်ပြုခဲ့ပါတယ်။
ဒါပေမဲ့လည်း ဆန္ဒပြမှုတွေအတွင်း ရဲတပ်ဖွဲ့ တုံ့ပြန်ခဲ့တဲ့ နည်းလမ်းတွေနဲ့ပတ်သက်ပြီး လွတ်လပ်တဲ တရားရေးကော်မရှင်တစ်ခုဖွဲ့ စစ်ဆေးဖို့အပါအဝင် ဆန္ဒပြသူတွေရဲ့ နောက်ထပ် အဓိက တောင်းဆိုမှုတွေကိုတော့ လမ်က ငြင်းပယ်ခဲ့ကာ လက်ရှိဟောင်ကောင်ရဲတပ်ဖွဲ့ တိုင်ကြားမှုများဆိုင်ရာ ယန္တရားဟာ ဖြစ်စဉ်တွေကို ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုလုပ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့လကစလို့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေဟာ ဟောင်ကောင်ကို နစ်နာဆုံးရှုံးမှုတွေ ဖြစ်စေခဲ့ပြီး ဆန္ဒပြသူတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ လမ်းမတွေပေါ်မှာ ရုန်းရင်းဆန်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် တနင်္လာနေ့ကတော့ ဆန္ဒပြသူတွေဟာ ဥပဒေပြုကောင်စီအဆောက်အအုံထဲထိ ချိုးဖျက်ဝင်ရောက်ခဲ့ကာ နံရံတွေမှာ အစိုးရဆန့်ကျင်ရေး ဂရပ်ဖစ်တီတွေ ရေးဆွဲခြင်း ကိုလိုနီခေတ် အလံတွေ ချိတ်ဆွဲခြင်းတို့ပြုလုပ်ခဲ့ကြပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။