Skip to main content
ခင္ပြန္းျဖစ္သူကိုထားခဲ့ၿပီး တရုတ္မယားအျဖစ္ခ်မ္းသာစြာေနထိုင္ရမည္ဟုစည္းရံုးကာ လူကုန္ကူးရန္ႀကံစည္မႈ ျဖစ္ပြား
Ads Block

ခင္ပြန္းျဖစ္သူကိုထားခဲ့ၿပီး တရုတ္မယားအျဖစ္ခ်မ္းသာစြာေနထိုင္ရမည္ဟုစည္းရံုးကာ လူကုန္ကူးရန္ႀကံစည္မႈ ျဖစ္ပြား

ကခ်င္ျပည္္နယ္၊ လြယ္ဂ်ယ္ၿမိဳ႕တြင္ စီးပြားေရးမေျပလည္သည့္ အမ်ိဳးသမီးအား တရုတ္မယားအျဖစ္ခ်မ္းသာစြာ ေနထုိင္ရန္ေျပာဆိုကာ လူကုန္ကူးရန္ႀကံစည္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ကခ်င္ျပည္နယ္၊ လြယ္ဂ်ယ္ၿမိဳ႕ေန မ၀ိုင္း၊ ၃၁ ႏွစ္တို႔ လင္မယားတြင္ သားတစ္ဦးရွိၿပီး စီးပြားေရး မေျပလည္မႈေၾကာင့္ မၾကာခဏ ကေတာက္ကဆျဖစ္ၾကေၾကာင္း သိရသည္။
ထိုအေျခအေနကို အခြင့္ေကာင္းယူကာ မ၀ိုင္း၏အိမ္နီးခ်င္းျဖစ္သူ မေအးျဖဴ၊ ၃၃ ႏွစ္က လက္ရွိခင္ပြန္းကို ထားခဲ့ၿပီး တရုတ္မယားအျဖစ္ခ်မ္းသာစြာေနထိုင္ရန္ႏွင့္ကေလးကိုလည္း ေခၚသြားႏုိင္ေၾကာင္ းစည္းရံုးေျပာဆိုခဲ့ျခင္းျဖစ္သည္။
ထို႔ေၾကာင့္ မ၀ိုင္းသည္ လြယ္ဂ်ယ္ရဲတပ္ဖြဲ႔ထံသို႔ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ ၇ ရက္၌ သြားေရာက္တိုင္ၾကားခဲ့ရာ ရဲတပ္ဖြဲ႔က မေအးျဖဴကိုဖမ္းဆီးႏုိင္ေရးအတြက္ ၎ေျပာဆိုသည့္အတိုင္းလုိက္နာၿပီး ပူးေပါင္းပါ၀င္ေပးရန္ ေတာင္းဆိုကာ ဖမ္းဆီးႏုိင္ေရးအကြက္ခ်စီစဥ္ေဆာင္ရြက္ခဲ့ၾကသည္။
ရဲတပ္ဖြဲ႔၏ညႊန္ၾကားမႈအတိုင္း မ၀ိုင္းသည္ကေလးကိုေခၚကာ မေအးျဖဴေခၚေဆာင္သည့္ တရုတ္ႏုိင္ငံ၊ က်န္းဖုန္းၿမိဳ႕သို႔ ဇူလိုင္လ ၈ ရက္တြင္ေရာက္ရွိစဥ္ ယင္းၿမိဳ႕ကားဂိတ္၌တရုတ္အမ်ိဳးသားတစ္ဦးႏွင့္ မေအးျဖဴတို႔ စကားေျပာေနခ်ိန္၌ ရဲတပ္ဖြဲ႔ကဖမ္းဆီးႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းအရသိရသည္။
ထို႔ေနာက္ မ၀ိုင္းတို႔သားအမိကို လြယ္ဂ်ယ္ၿမိဳ႕သို႔ျပန္လည္ပို႔ေဆာင္ၿပီး ဂုဏ္ျပဳမွတ္တမ္းေပးအပ္ကာ ဖမ္းဆီးရမိေသာမေအးျဖဴ(၃၃)ႏွစ္ႏွင့္ တရုတ္အမ်ိဳးသားခ်ိန္ဖုန္ဖုတို႔ ၂ ဦးအား လြယ္ဂ်ယ္နယ္ေျမရဲစခန္း၌ လူကုန္ကူးတားဆီးႏွိမ္နင္းေရးပုဒ္မျဖင့္ အမႈဖြင့္လွစ္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။
-  ဒါးဇ ( အကုန္သိ သတင္းဌာန ) | Source – ဗန္းေမာ္ပြင့္သစ္

Unicode Version

 

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တွင် စီးပွားရေးမပြေလည်သည့် အမျိုးသမီးအား တရုတ်မယားအဖြစ်ချမ်းသာစွာ နေထိုင်ရန်ပြောဆိုကာ လူကုန်ကူးရန်ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နေ မဝိုင်း၊ ၃၁ နှစ်တို့ လင်မယားတွင် သားတစ်ဦးရှိပြီး စီးပွားရေး မပြေလည်မှုကြောင့် မကြာခဏ ကတောက်ကဆဖြစ်ကြကြောင်း သိရသည်။
ထိုအခြေအနေကို အခွင့်ကောင်းယူကာ မဝိုင်း၏အိမ်နီးချင်းဖြစ်သူ မအေးဖြူ၊ ၃၃ နှစ်က လက်ရှိခင်ပွန်းကို ထားခဲ့ပြီး တရုတ်မယားအဖြစ်ချမ်းသာစွာနေထိုင်ရန်နှင့်ကလေးကိုလည်း ခေါ်သွားနိုင်ကြောင် းစည်းရုံးပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မဝိုင်းသည် လွယ်ဂျယ်ရဲတပ်ဖွဲ့ထံသို့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၇ ရက်၌ သွားရောက်တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့က မအေးဖြူကိုဖမ်းဆီးနိုင်ရေးအတွက် ၎င်းပြောဆိုသည့်အတိုင်းလိုက်နာပြီး ပူးပေါင်းပါဝင်ပေးရန် တောင်းဆိုကာ ဖမ်းဆီးနိုင်ရေးအကွက်ချစီစဉ်ဆောင်ရွက်ခဲ့ကြသည်။
ရဲတပ်ဖွဲ့၏ညွှန်ကြားမှုအတိုင်း မဝိုင်းသည်ကလေးကိုခေါ်ကာ မအေးဖြူခေါ်ဆောင်သည့် တရုတ်နိုင်ငံ၊ ကျန်းဖုန်းမြို့သို့ ဇူလိုင်လ ၈ ရက်တွင်ရောက်ရှိစဉ် ယင်းမြို့ကားဂိတ်၌တရုတ်အမျိုးသားတစ်ဦးနှင့် မအေးဖြူတို့ စကားပြောနေချိန်၌ ရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရသိရသည်။
ထို့နောက် မဝိုင်းတို့သားအမိကို လွယ်ဂျယ်မြို့သို့ပြန်လည်ပို့ဆောင်ပြီး ဂုဏ်ပြုမှတ်တမ်းပေးအပ်ကာ ဖမ်းဆီးရမိသောမအေးဖြူ(၃၃)နှစ်နှင့် တရုတ်အမျိုးသားချိန်ဖုန်ဖုတို့ ၂ ဦးအား လွယ်ဂျယ်နယ်မြေရဲစခန်း၌ လူကုန်ကူးတားဆီးနှိမ်နင်းရေးပုဒ်မဖြင့် အမှုဖွင့်လှစ်စစ်ဆေးနေကြောင်း သတင်းရရှိသည်။
-  ဒါးဇ ( အကုန်သိ သတင်းဌာန )  | Source – ဗန်းမော်ပွင့်သစ်

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။