Skip to main content
စိတ္က်န္းမာေရးမေကာင္းသူအမ်ိဳးသားက အမ်ိဳးသမီးတစ္ဦးအားထိုးႀကိတ္ကာ အဓမၼျပဳက်င့္ရန္ၾကံစည္မႈ ျဖစ္ပြား
Ads Block

စိတ္က်န္းမာေရးမေကာင္းသူအမ်ိဳးသားက အမ်ိဳးသမီးတစ္ဦးအားထိုးႀကိတ္ကာ အဓမၼျပဳက်င့္ရန္ၾကံစည္မႈ ျဖစ္ပြား

အင္းစိန္ၿမိဳ႕နယ္တြင္ စိတ္က်န္းမာေရးမေကာင္းသူအမ်ဳိးသားက အမ်ဳိးသမီးတစ္ဦးအား လူျမင္ကြင္း၌ ထိုးႀကိတ္ကာ အဓမၼျပဳက်င့္ရန္ၾကံစည္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ပိုင္းခရိုင္၊ အင္းစိန္ၿမိဳ႕နယ္၊ အေနာက္ႀကိဳ႕ကုန္း၊ ဗဟိုလမ္းမေပၚတြင္ ဇူလိုင္လ ၄ ရက္၊ ည ၁၀ နာရီေက်ာ္ခန္႔က ေဒၚ----- (၃၅)ႏွစ္သည္ ေနအိမ္သို႔ျပန္စဥ္ ေအာင္ျမင့္၊ (၃၅)ႏွစ္က လက္ဆြဲ၍ထိုးႀကိတ္ကာ အဓမၼျပဳက်င့္ရန္ၾကံစည္ခဲ့ေၾကာင္း အင္းစိန္ၿမိဳ႕မရဲစခန္းမွ သိရသည္။
“အဲဒီအမ်ဳိးသမီးက လင္မယားခ်င္းစကားမ်ားၿပီး အိမ္ေပၚကေနဆင္းလာတာ။ ဆင္းလာၿပီးေတာ့ အဲဒီနားက ေစ်းနားမွာ ထိုင္ေနတာေပါ့။ ည ၁၀ နာရီေလာက္မွာ သူ႔အိမ္ကိုျပန္ခဲ့တယ္။ အဲဒီေကာင္က အဲဒီနားမွာ ေရာက္ေနတာေပါ့။ အဲဒီေကာင္က စိတ္မႏွံ႔တဲ့သူ။ အဲဒီအမ်ဳိးသမီးကိုေတြ႔ေတာ့ လက္လိုက္ဆြဲတယ္။ ၿပီးေတာ့ ရုန္းရမလားဆိုၿပီး မ်က္ႏွာကိုလက္သီးနဲ႔ထိုးတယ္။ လဲက်သြားတဲ့အခါ အေပၚကေနတက္ခြၿပီးထိုးတယ္။ အဲဒီလိုျဖစ္ပ်က္ေနတာကိုျမင္တဲ့ ေဘးကလူေတြကလည္း လင္မယားခ်င္းစကားမ်ားရန္ျဖစ္ေနတယ္လို႔ ထင္ၾကတယ္။ ေနာက္က်ေတာ့ အဲဒီေကာင္မွာ ပုဆိုးေတြဘာေတြမရွိေတာ့တဲ့အထိ အေျခအေနက အရမ္းဆိုးလာတယ္” ဟု အင္းစိန္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ေအာင္ျမင့္၊ (၃၅)၊ ေမာ္လၿမိဳင္ကြ်န္းၿမိဳ႕နယ္ေနသူကို အင္းစိန္ၿမိဳ႕မရဲစခန္း၌ (ပ)၁၆၅၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၇၆/၅၁၁၊ ၃၂၅ ျဖင့္ ဖမ္းဆီးအမႈဖြင့္ကာ စစ္ေဆးေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန )

Unicode Version

အင်းစိန်မြို့နယ်တွင် စိတ်ကျန်းမာရေးမကောင်းသူအမျိုးသားက အမျိုးသမီးတစ်ဦးအား လူမြင်ကွင်း၌ ထိုးကြိတ်ကာ အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်း၊ ဗဟိုလမ်းမပေါ်တွင် ဇူလိုင်လ ၄ ရက်၊ ည ၁၀ နာရီကျော်ခန့်က ဒေါ်----- (၃၅)နှစ်သည် နေအိမ်သို့ပြန်စဉ် အောင်မြင့်၊ (၃၅)နှစ်က လက်ဆွဲ၍ထိုးကြိတ်ကာ အဓမ္မပြုကျင့်ရန်ကြံစည်ခဲ့ကြောင်း အင်းစိန်မြို့မရဲစခန်းမှ သိရသည်။
“အဲဒီအမျိုးသမီးက လင်မယားချင်းစကားများပြီး အိမ်ပေါ်ကနေဆင်းလာတာ။ ဆင်းလာပြီးတော့ အဲဒီနားက ဈေးနားမှာ ထိုင်နေတာပေါ့။ ည ၁၀ နာရီလောက်မှာ သူ့အိမ်ကိုပြန်ခဲ့တယ်။ အဲဒီကောင်က အဲဒီနားမှာ ရောက်နေတာပေါ့။ အဲဒီကောင်က စိတ်မနှံ့တဲ့သူ။ အဲဒီအမျိုးသမီးကိုတွေ့တော့ လက်လိုက်ဆွဲတယ်။ ပြီးတော့ ရုန်းရမလားဆိုပြီး မျက်နှာကိုလက်သီးနဲ့ထိုးတယ်။ လဲကျသွားတဲ့အခါ အပေါ်ကနေတက်ခွပြီးထိုးတယ်။ အဲဒီလိုဖြစ်ပျက်နေတာကိုမြင်တဲ့ ဘေးကလူတွေကလည်း လင်မယားချင်းစကားများရန်ဖြစ်နေတယ်လို့ ထင်ကြတယ်။ နောက်ကျတော့ အဲဒီကောင်မှာ ပုဆိုးတွေဘာတွေမရှိတော့တဲ့အထိ အခြေအနေက အရမ်းဆိုးလာတယ်” ဟု အင်းစိန်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောင်မြင့်၊ (၃၅)၊ မော်လမြိုင်ကျွန်းမြို့နယ်နေသူကို အင်းစိန်မြို့မရဲစခန်း၌ (ပ)၁၆၅၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆/၅၁၁၊ ၃၂၅ ဖြင့် ဖမ်းဆီးအမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

- နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။