Skip to main content
vwegw
Ads Block

ဇာတ္ကားမရိုက္ရတာ ငါးလေလာက္ရွိၿပီျဖစ္လို႔ ရွိတာေလးနဲ႔ စား၀တ္ေနေရးကိုေျဖရွင္းေနရတယ္ဆိုတဲ့ ဇာတ္ပို႕သရုပ္ေဆာင္ ယြန္းေရႊရည္

ရုပ္သံဇာတ္လမ္းတြဲ တစ္ကားရိုက္ကူးၿပီးကတည္းက ဇာတ္ကားမရိုက္ရေတာ့တာ ငါးလေလာက္ၾကာေနၿပီ ျဖစ္လို႔ စား၀တ္ေနေရးအတြက္ စုေဆာင္းထားတာေလးေတြနဲ႔ပဲ ေျဖရွင္းေနရတယ္လို႔ ဇာတ္ပို႕သရုပ္ေဆာင္ ယြန္းေရႊရည္က ရင္ဖြင့္ ေျပာလာပါတယ္။

cvfr

ဇာတ္ပို႔ သရုပ္ေဆာင္ တစ္ဦး အျဖစ္ ဘယ္လိုဇာတ္ရုပ္မ်ဳိးမွာ မဆို ပီျပင္ေအာင္ သရုပ္ေဆာင္ႏုိင္တဲ့ ယြန္းေရႊရည္ က ပရိသတ္ေတြနဲ႔ အလွမ္းေ၀းသြားတယ္လို႔ ထင္ရေလာက္တဲ့အထိ ဇာတ္ကားရိုက္ကူးမႈေတြ တျဖည္းျဖည္းေလ်ာ့နည္းလာတဲ့အေၾကာင္းနဲ႔ ပတ္သက္ၿပီးေျပာျပခဲ့ပါတယ္။

vweg

“အခုဆိုရင္ ဇာတ္ကားမရိုက္ရတာႀကာၿပီ။ ၿပီးခဲ့တဲ့ တစ္လပိုင္းမွာ ဇာတ္လမ္းတြဲရိုက္ၿပီးကတည္းကဆိုရင္ ေလးလ၊ ငါးလ ေလာက္ရွိၿပီ။ ကုိယ္ရိုက္ရတဲ့အခ်ိန္မွာ ကိုယ့္ရဲ႕အနုပညာေၾကးကို စုေဆာင္းရမယ္။ အရင္လို ကိုယ္က အသံုးအျဖဳန္းေတြႀကီးလို႔မရဘူး။ အကုန္ေလ်ာ့ခ်ရတယ္။ ဇာတ္ကားရိုက္တာ နည္းသြားတဲ့အခ်ိန္မွာ စုေဆာင္းထားတာေလးေတြနဲ႔ ထိုင္စားေနတာေပါ့။ သီခ်င္းဆိုတာကေနရတဲ့ ပိုက္ဆံေတြကိုလည္း စုရတယ္။ အနုပညာရွင္ဆိုတာက ဒီအလုပ္တစ္ခုပဲလုပ္တာ။ အခုလိုမ်ိဳးကားရိုက္ေတြႀကဲသြားတဲ့အခ်ိန္ ရပ္တန္႔သြားတဲ့ အခ်ိန္မွာ ရွိတာေလးနဲ႔ပဲ ေမွးၿပီးေတာ့ စားရတာေပါ့။ လာတဲ့အလုပ္ေလးကို အေကာင္းဆံုးျဖစ္ေအာင္ ႀကိဳးစား လက္ခံညွိနႈိင္းၿပီးေတာ့ လုပ္ရတယ္။” လို႔ ယြန္းေရႊရည္က ဆိုပါတယ္။

လက္ရွိအနုပညာေလာကမွာ ဇာတ္ပို႕ သရုပ္ေဆာင္ေတြ ဇာတ္ကားရုိက္ကးမႈႀကဲလာသလို စီပြားေရးအဆင္မေျပတာက သူတစ္ေယာက္တည္းမဟုတ္တဲ့အတြက္ ရုပ္ရွင္ရိုက္ကူးမႈေတြမရွိတာကို စိတ္ဓါတ္က်အားငယ္တာတို႔ မျဖစ္ေပမဲ့ ျမန္မာရုပ္ရွင္ေလာက ျပန္လည္ ေကာင္းမြန္လာရင္ေတာ့့ အႏုပညာရွင္ေတြအားလံုး အဆင္ေျပလာလိမ့္မယ္ဆိုၿပီး ေတာ့လည္း ယြန္းေရႊရည္ က အျပည့္အ၀ယံုၾကည္ထားတယ္လို႕ ဆက္လက္ေျပာျပခဲ့ပါတယ္။

basegt

ယခုလက္ရွိမွာေတာ့ ဒါရုိက္တာ ေက်ာ္ေဇာလင္း ရုိက္ကူးထားၿပီးအကယ္ဒမီေနတိုး၊အကယ္ဒမီ ၀တ္မႈံေရႊရည္တို႕ နဲ႕ အတူ ဇာတ္ပို႔ သရုပ္ေဆာင္ ယြန္းေရႊရည္ ပါ၀င္ထားတဲ့ ႏွစ္ပါးသြား update ရုပ္ရွင္ဇာတ္ကား က မၾကာမီ ရုံတင္ျပသေတာ့မယ္လို႕သိရပါတယ္။

- အိျဖဴသိမ့္ (အကုန္သိသတင္းဌာန)

Unicode Version

ဇာတ်ကားမရိုက်ရတာ ငါးလလောက်ရှိပြီဖြစ်လို့ ရှိတာလေးနဲ့ စားဝတ်နေရေးကိုဖြေရှင်းနေရတယ်ဆိုတဲ့ ဇာတ်ပို့သရုပ်ဆောင် ယွန်းရွှေရည်

ရုပ်သံဇာတ်လမ်းတွဲ တစ်ကားရိုက်ကူးပြီးကတည်းက ဇာတ်ကားမရိုက်ရတော့တာ ငါးလလောက်ကြာနေပြီ ဖြစ်လို့ စားဝတ်နေရေးအတွက် စုဆောင်းထားတာလေးတွေနဲ့ပဲ ဖြေရှင်းနေရတယ်လို့ ဇာတ်ပို့သရုပ်ဆောင် ယွန်းရွှေရည်က ရင်ဖွင့် ပြောလာပါတယ်။

v ag

ဇာတ်ပို့ သရုပ်ဆောင် တစ်ဦး အဖြစ် ဘယ်လိုဇာတ်ရုပ်မျိုးမှာ မဆို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ ယွန်းရွှေရည် က ပရိသတ်တွေနဲ့ အလှမ်းဝေးသွားတယ်လို့ ထင်ရလောက်တဲ့အထိ ဇာတ်ကားရိုက်ကူးမှုတွေ တဖြည်းဖြည်းလျော့နည်းလာတဲ့အကြောင်းနဲ့ ပတ်သက်ပြီးပြောပြခဲ့ပါတယ်။

“အခုဆိုရင် ဇာတ်ကားမရိုက်ရတာကြာပြီ။ ပြီးခဲ့တဲ့ တစ်လပိုင်းမှာ ဇာတ်လမ်းတွဲရိုက်ပြီးကတည်းကဆိုရင် လေးလ၊ ငါးလ လောက်ရှိပြီ။ ကိုယ်ရိုက်ရတဲ့အချိန်မှာ ကိုယ့်ရဲ့အနုပညာကြေးကို စုဆောင်းရမယ်။ အရင်လို ကိုယ်က အသုံးအဖြုန်းတွေကြီးလို့မရဘူး။ အကုန်လျော့ချရတယ်။ ဇာတ်ကားရိုက်တာ နည်းသွားတဲ့အချိန်မှာ စုဆောင်းထားတာလေးတွေနဲ့ ထိုင်စားနေတာပေါ့။ သီချင်းဆိုတာကနေရတဲ့ ပိုက်ဆံတွေကိုလည်း စုရတယ်။ အနုပညာရှင်ဆိုတာက ဒီအလုပ်တစ်ခုပဲလုပ်တာ။ အခုလိုမျိုးကားရိုက်တွေကြဲသွားတဲ့အချိန် ရပ်တန့်သွားတဲ့ အချိန်မှာ ရှိတာလေးနဲ့ပဲ မှေးပြီးတော့ စားရတာပေါ့။ လာတဲ့အလုပ်လေးကို အကောင်းဆုံးဖြစ်အောင် ကြိုးစား လက်ခံညှိနှိုင်းပြီးတော့ လုပ်ရတယ်။” လို့ ယွန်းရွှေရည်က ဆိုပါတယ်။

 

လက်ရှိအနုပညာလောကမှာ ဇာတ်ပို့ သရုပ်ဆောင်တွေ ဇာတ်ကားရိုက်ကးမှုကြဲလာသလို စီပွားရေးအဆင်မပြေတာက သူတစ်ယောက်တည်းမဟုတ်တဲ့အတွက် ရုပ်ရှင်ရိုက်ကူးမှုတွေမရှိတာကို စိတ်ဓါတ်ကျအားငယ်တာတို့ မဖြစ်ပေမဲ့ မြန်မာရုပ်ရှင်လောက ပြန်လည် ကောင်းမွန်လာရင်တော့ အနုပညာရှင်တွေအားလုံး အဆင်ပြေလာလိမ့်မယ်ဆိုပြီး တော့လည်း ယွန်းရွှေရည် က အပြည့်အဝယုံကြည်ထားတယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ယခုလက်ရှိမှာတော့ ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးထားပြီးအကယ်ဒမီနေတိုး၊အကယ်ဒမီ ဝတ်မှုံရွှေရည်တို့ နဲ့ အတူ ဇာတ်ပို့ သရုပ်ဆောင် ယွန်းရွှေရည် ပါဝင်ထားတဲ့ နှစ်ပါးသွား update ရုပ်ရှင်ဇာတ်ကား က မကြာမီ ရုံတင်ပြသတော့မယ်လို့သိရပါတယ်။

- အိဖြူသိမ့် (အကုန်သိသတင်းဌာန)

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။