Skip to main content
wygw
Ads Block

ဇြဲကပင္ေကဘယ္ကားစီမံကိန္း ေခတၱရပ္နားထားဟု ဆို

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္ရွိ ဇြဲကပင္ေတာင္ေပၚႏွင့္ လုမၺိနီဥယ်ာဥ္၌ တပ္ဆင္တည္ေဆာက္မည့္ ဇြဲကပင္ေကဘယ္ကားစီမံကိန္းကို လုပ္ငန္းခြင္အခက္အခဲေၾကာင့္ ေခတၱရပ္နားထားေၾကာင္း သိရသည္။

bagva

လက္ရွိ ဇြဲကပင္ေကဘယ္ကားစီမံကိန္းအေျခအေနႏွင့္ပတ္သက္ၿပီး ေမးျမန္းရာ၌ ရပ္နားထားေၾကာင္း ဇြဲကပင္ေတာင္ ေဝယာဝစၥလုပ္ငန္းတာဝန္ခံ ေစာၾကည္ဝင္းက ေျဖၾကားေပးျခင္းျဖစ္သည္။

“ ေတာင္ေပၚ ေကဘယ္ကားစခန္း တည္ေဆာက္ဖို႔ စက္အစၥည္းေတြတင္မယ့္ကရိန္းလုပ္ဖို႕ အစိတ္အပိုင္းေတြ တင္မယ္။ ကရိန္းဆင္ဖို႔ စတီးႀကီးအေသးအရင္ခ်တယ္။ ေတာင္ေအာက္ကေန ကရိန္းႀကိဳးဆိုင္းအျဖစ္သုံးမယ့္ ႀကီးလုံးႀကီးကို ေတာင္ေပၚျပန္ဆြဲတင္ဖို႔လုပ္တာမွာ လမ္းတစ္ဝက္မွာ ဆက္ဆြဲမရျဖစ္ေနတယ္။ ႀကိဳးအေသးက ေတာင္ေပၚကိုေတာ့ေရာက္သြားေပမဲ့ ႀကိဳးႀကီးက လိုခ်င္တဲ့ေနရာကိုမေရာက္ေသးပါဘူး ဆြဲတဲ့စက္ကမီးလည္း အဲဒီႀကိဳးစဟာ ေတာင္ေပၚကရင္ေမာင္ႏွမနတ္နန္းနဲ႔ တေျပးတည္းေလာက္ေရာက္တဲ့အခါမွာ မီးစိမ္းကေန မီးနီျပပါတယ္။ ႀကိဳးလာရာလမ္းကၿငိႏိုင္မယ္လို႔ယူဆရတဲ့ေက်ာက္စိုင္ေတြကိုလည္းရွင္းျပီးျပီ။ ေတာင္ေျခကေန ႀကိဳးလာရာလမ္းေႀကာင္းလည္းရွင္းျပီးျပီ။ အခု ႀကိဳးအႀကီးက ေလထဲ တန္းလန္းႀကီးျဖစ္ေနတယ္။ ဒီေတာ့ စက္ကပဲ ဒီႀကိဳးႀကီးကိုဆြဲမနိုင္ေတာ့လို႔ထင္ျမင္စရာရွိေတာ့ေပမဲ့ သူတို႔ဆြစ္ဇာလန္ႏိုင္ငံကေတာင္က ဇြဲကပင္ေတာင္ထက္ အဆမ်ားစြာျမင့္တယ္။ ဒါကိုဆြဲႏိုင္တယ္ဆိုေတာ့စက္ဆြဲမနိုင္လို႔လည္းမျဖစ္ႏိုင္ျပန္ဘူး။ မိုးရြာတာကလည္းမ်ားလာေတာ့ အခုေတာ့ ႏိုင္ငံျခားသားေတြျပန္သြားၾကၿပီ” ဟု ဇြဲကပင္ေတာင္ ေဝယာဝစၥ တာဝန္ခံ ေစာၾကည္ဝင္းက ေျပာသည္။

bdewgh

ဇြဲကပင္ေကဘယ္ကားစီမံကိန္း ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ၊ ဆပ္မေကာ္မတီမ်ားကို ၿပီးခဲ့ေသာ ၂ဝ၁၃ ခုႏွစ္၊ ၾသဂုတ္လ ၂၅ ရက္တြင္ စတင္ဖြဲ႕စည္းခဲ့သည္။

ထို႔ေေနာက္ ၂၀၁၇ ခုႏွစ္၊ ဇန္နဝါရီလ ၁၂ ရက္ တြင္ လုပ္ငန္းစတင္ရန္ စာခ်ဳပ္လက္မွတ္ေရးထိုးကာ အေကာင္အထည္ေဖာ္ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

အဆိုပါစီမံကိန္းကို ဇြဲကပင္ေျမဖြံ႕ၿဖိဳးတိုးတက္ေရးကုမၸဏီလီမိတက္မွ ဘားအံၿမိဳ႕နယ္၊ ေတာ္ပုံေက်းရြာအုပ္စုရွိ ဇြဲကပင္ေတာင္ OSS-66 ၊ ဇြဲကပင္ ဆရာေတာ္ပိုင္ ဥယ်ာဥ္ၿခံေျမ ၁၂ ဒသမ ၇၂ ဧကႏွင့္ ကာကြယ္ေတာေျမ ဧရိယာဧက ဝ ဒသမ ၇ဝ တို႔ကို စီမံကိန္းဧရိယာအျဖစ္သတ္မွတ္ကာ ခ်စ္လင္းၿမိဳင္တိုယိုတာကုမၸဏီမွ ဂ်ပန္ႏိုင္ငံႏွင့္ ၾသစႀတီးယားႏိုင္ငံမွပညာရွင္မ်ားႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္း သိရသည္။

အဆိုပါေကဘယ္ကားစီမံကိန္းအတြက္ ကုန္က်စရိတ္ကို အေမရိကန္ေဒၚလာသိန္း ၇ဝ ခန္႔မွန္းထားကာ ေျမျပင္အေဆာက္အအံုပိုင္းအၿပီးအစီးဆိုပါက အေမရိကန္ေဒၚလာသိန္း ၁၂ဝ ခန္႔ကုန္က်မည္ဟု ခန္႔မွန္းထားေၾကာင္း သိရသည္။

ဓာတ္ပုံ- ဇြဲကပင္ေျမဖြံ႕ၿဖိဳးတိုးတက္ေရး ကုမၸဏီလိမိတက္

-  ေစာေဘာသိုလ္(အကုန္သိသတင္းဌာန)

Unicode Version

ဇွဲကပင်ကေဘယ်ကားစီမံကိန်း ခေတ္တရပ်နားထားဟု ဆို

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဇွဲကပင်တောင်ပေါ်နှင့် လုမ္ဗိနီဥယျာဉ်၌ တပ်ဆင်တည်ဆောက်မည့် ဇွဲကပင်ကေဘယ်ကားစီမံကိန်းကို လုပ်ငန်းခွင်အခက်အခဲကြောင့် ခေတ္တရပ်နားထားကြောင်း သိရသည်။

လက်ရှိ ဇွဲကပင်ကေဘယ်ကားစီမံကိန်းအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရာ၌ ရပ်နားထားကြောင်း ဇွဲကပင်တောင် ဝေယာဝစ္စလုပ်ငန်းတာဝန်ခံ စောကြည်ဝင်းက ဖြေကြားပေးခြင်းဖြစ်သည်။

gt

“ တောင်ပေါ် ကေဘယ်ကားစခန်း တည်ဆောက်ဖို့ စက်အစ္စည်းတွေတင်မယ့်ကရိန်းလုပ်ဖို့ အစိတ်အပိုင်းတွေ တင်မယ်။ ကရိန်းဆင်ဖို့ စတီးကြီးအသေးအရင်ချတယ်။ တောင်အောက်ကနေ ကရိန်းကြိုးဆိုင်းအဖြစ်သုံးမယ့် ကြီးလုံးကြီးကို တောင်ပေါ်ပြန်ဆွဲတင်ဖို့လုပ်တာမှာ လမ်းတစ်ဝက်မှာ ဆက်ဆွဲမရဖြစ်နေတယ်။ ကြိုးအသေးက တောင်ပေါ်ကိုတော့ရောက်သွားပေမဲ့ ကြိုးကြီးက လိုချင်တဲ့နေရာကိုမရောက်သေးပါဘူး ဆွဲတဲ့စက်ကမီးလည်း အဲဒီကြိုးစဟာ တောင်ပေါ်ကရင်မောင်နှမနတ်နန်းနဲ့ တပြေးတည်းလောက်ရောက်တဲ့အခါမှာ မီးစိမ်းကနေ မီးနီပြပါတယ်။ ကြိုးလာရာလမ်းကငြိနိုင်မယ်လို့ယူဆရတဲ့ကျောက်စိုင်တွေကိုလည်းရှင်းပြီးပြီ။ တောင်ခြေကနေ ကြိုးလာရာလမ်းကြောင်းလည်းရှင်းပြီးပြီ။ အခု ကြိုးအကြီးက လေထဲ တန်းလန်းကြီးဖြစ်နေတယ်။ ဒီတော့ စက်ကပဲ ဒီကြိုးကြီးကိုဆွဲမနိုင်တော့လို့ထင်မြင်စရာရှိတော့ပေမဲ့ သူတို့ဆွစ်ဇာလန်နိုင်ငံကတောင်က ဇွဲကပင်တောင်ထက် အဆများစွာမြင့်တယ်။ ဒါကိုဆွဲနိုင်တယ်ဆိုတော့စက်ဆွဲမနိုင်လို့လည်းမဖြစ်နိုင်ပြန်ဘူး။ မိုးရွာတာကလည်းများလာတော့ အခုတော့ နိုင်ငံခြားသားတွေပြန်သွားကြပြီ” ဟု ဇွဲကပင်တောင် ဝေယာဝစ္စ တာဝန်ခံ စောကြည်ဝင်းက ပြောသည်။

ဇွဲကပင်ကေဘယ်ကားစီမံကိန်း ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဆပ်မကော်မတီများကို ပြီးခဲ့သော ၂ဝ၁၃ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။

ထို့ေနောက် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် တွင် လုပ်ငန်းစတင်ရန် စာချုပ်လက်မှတ်ရေးထိုးကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းကို ဇွဲကပင်မြေဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ ဘားအံမြို့နယ်၊ တော်ပုံကျေးရွာအုပ်စုရှိ ဇွဲကပင်တောင် OSS-66 ၊ ဇွဲကပင် ဆရာတော်ပိုင် ဥယျာဉ်ခြံမြေ ၁၂ ဒသမ ၇၂ ဧကနှင့် ကာကွယ်တောမြေ ဧရိယာဧက ဝ ဒသမ ၇ဝ တို့ကို စီမံကိန်းဧရိယာအဖြစ်သတ်မှတ်ကာ ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီမှ ဂျပန်နိုင်ငံနှင့် သြစတြီးယားနိုင်ငံမှပညာရှင်များနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါကေဘယ်ကားစီမံကိန်းအတွက် ကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာသိန်း ၇ဝ ခန့်မှန်းထားကာ မြေပြင်အဆောက်အအုံပိုင်းအပြီးအစီးဆိုပါက အမေရိကန်ဒေါ်လာသိန်း ၁၂ဝ ခန့်ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ဓာတ်ပုံ- ဇွဲကပင်မြေဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလိမိတက်

-  စောဘောသိုလ်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။