Skip to main content
erhjwe
Ads Block

ရဲတပ္ဖြဲ႕အေနျဖင့္ တရားခံမ်ားကိုဖမ္းဆီးၿပီးေနာက္ ဥပေဒအႀကံျပဳခ်က္မွန္မွန္ကန္ကန္ယူရန္ ဦးၿဖိဳးမင္းသိန္း ေျပာ

ရဲတပ္ဖြဲ႕အေနျဖင့္ တရားခံမ်ားကိုဖမ္းဆီးၿပီးေနာက္ ဥပေဒအၾကံျပဳခ်က္မ်ားကို မွန္မွန္ကန္ကန္ျဖင့္ အျမန္ဆံုး ေဆာင္ရြက္ရယူရန္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာလိုက္သည္။

ရန္ကုန္တိုင္းအစိုးရအဖြဲ႕ရုံး၊ မဂၤလာခန္းမတြင္ ဇူလိုင္လ(၈)ရက္ကက်င္းပသည့္ မႈခင္းကိစၥရပ္ဆိုင္ရာ အစည္းအေ၀းတြင္ အထက္ပါအတိုင္းေျပာၾကားလိုက္ျခင္း ျဖစ္သည္။

bshws

“ တရားစီရင္ေရးမ႑ိဳင္ဟာတည့္မတ္မွန္ကန္ၿပီး တရားဥပေဒစိုးမိုးေရးအား အုပ္ခ်ဳပ္ေရးမ႑ိဳင္နဲ႔ ဥပေဒျပဳမ႑ိဳင္မ်ားမွ ဝိုင္းဝန္းကူညီပူးေပါင္းေဆာင္ရြက္ဖို႔လိုအပ္ပါတယ္။ ဥပေဒျပဳေရးဘက္ကေန ျပ႒ာန္းလိုက္တဲ့ဥပေဒေတြကို ျပည္သူမ်ားလုိ္က္နာက်င့္သံုးႏိုင္မယ့္မွ်တတဲ့ဥပေဒျဖစ္ေအာင္ ျပင္ဆင္ စဥ္းစားရမွာျဖစ္သလိုအုပ္ခ်ဳပ္ေရးမ႑ိဳင္ျဖစ္တဲ့ ရဲတပ္ဖြဲ႔မ်ားကလည္းတရားခံေတြကိုဖမ္းဆီးၿပီးတဲ့ေနာက္ပိုင္းမွာ ဥပေဒအႀကံျပဳခ်က္မ်ားမွန္မွန္ကန္ကန္ျဖင့္ အျမန္ဆံုးေဆာင္ရြက္ႏိုင္ရန္ႏွင့္ အမႈမ်ားအားအျမန္ၿပီးျပတ္ေအာင္ ေဆာင္ရြက္ဖို႔လည္းလိုပါတယ္။”ဟုရန္ကုန္တိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

ထို႔အျပင္ တရားဥပေဒစိုးမိုးေရးသည္ ဒီမုိကေရစီနိုင္ငံတစ္ခုထူေထာင္ေရးအတြက္ အေရးအႀကီးဆံုးျဖစ္သည့္ က႑တစ္ခု ျဖစ္ေၾကာင္းလည္း ၄င္းကထည့္သြင္းေျပာၾကားခဲ့သည္။

sbaz

တရားစီရင္ေရးဆိုင္ရာမဟာဗ်ဴဟာစီမံကိန္း (၂၀၁၈-၂၀၂၂) ခုႏွစ္၏ လုပ္ငန္းနယ္ပယ္(၅)ခုတြင္ ထိေရာက္ေသာ မႈခင္းစီမံခန္႔ခြဲမႈႏွင့္ တရားရံုးကေဆာင္ရြက္ေသာအထူးမႈခင္းကိစၥရပ္တို႔ကို တိုးျမွင့္ ေဆာင္ရြက္ရန္ ႏိုင္ငံတဝန္းရံုးမ်ားတြင္ မႈခင္းစီမံခန္႔ခြဲမႈအစီအစဥ္ကို ႏိုင္ငံတဝန္းရိွတရားရံုးမ်ားအားလံုးတြင္ (၃)ႏွစ္အတြင္း အဆင့္အလိုက္အေကာင္အထည္ေဖာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

 

 - 

ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

 

Unicode Version

 

 

ရဲတပ်ဖွဲ့အနေဖြင့် တရားခံများကိုဖမ်းဆီးပြီးနောက် ဥပဒေအကြံပြုချက်မှန်မှန်ကန်ကန်ယူရန် ဦးဖြိုးမင်းသိန်း ပြော

 

ရဲတပ်ဖွဲ့အနေဖြင့် တရားခံများကိုဖမ်းဆီးပြီးနောက် ဥပဒေအကြံပြုချက်များကို မှန်မှန်ကန်ကန်ဖြင့် အမြန်ဆုံး ဆောင်ရွက်ရယူရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ဇူလိုင်လ(၈)ရက်ကကျင်းပသည့် မှုခင်းကိစ္စရပ်ဆိုင်ရာ အစည်းအဝေးတွင် အထက်ပါအတိုင်းပြောကြားလိုက်ခြင်း ဖြစ်သည်။

“ တရားစီရင်ရေးမဏ္ဍိုင်ဟာတည့်မတ်မှန်ကန်ပြီး တရားဥပဒေစိုးမိုးရေးအား အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုမဏ္ဍိုင်များမှ ဝိုင်းဝန်းကူညီပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ဥပဒေပြုရေးဘက်ကနေ ပြဋ္ဌာန်းလိုက်တဲ့ဥပဒေတွေကို ပြည်သူများလိုက်နာကျင့်သုံးနိုင်မယ့်မျှတတဲ့ဥပဒေဖြစ်အောင် ပြင်ဆင် စဉ်းစားရမှာဖြစ်သလိုအုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ ရဲတပ်ဖွဲ့များကလည်းတရားခံတွေကိုဖမ်းဆီးပြီးတဲ့နောက်ပိုင်းမှာ ဥပဒေအကြံပြုချက်များမှန်မှန်ကန်ကန်ဖြင့် အမြန်ဆုံးဆောင်ရွက်နိုင်ရန်နှင့် အမှုများအားအမြန်ပြီးပြတ်အောင် ဆောင်ရွက်ဖို့လည်းလိုပါတယ်။”ဟုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ထို့အပြင် တရားဥပဒေစိုးမိုးရေးသည် ဒီမိုကရေစီနိုင်ငံတစ်ခုထူထောင်ရေးအတွက် အရေးအကြီးဆုံးဖြစ်သည့် ကဏ္ဍတစ်ခု ဖြစ်ကြောင်းလည်း ၎င်းကထည့်သွင်းပြောကြားခဲ့သည်။

တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ခုနှစ်၏ လုပ်ငန်းနယ်ပယ်(၅)ခုတွင် ထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးကဆောင်ရွက်သောအထူးမှုခင်းကိစ္စရပ်တို့ကို တိုးမြှင့် ဆောင်ရွက်ရန် နိုင်ငံတဝန်းရုံးများတွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို နိုင်ငံတဝန်းရှိတရားရုံးများအားလုံးတွင် (၃)နှစ်အတွင်း အဆင့်အလိုက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

 - ထက်ဝေလင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။