Skip to main content
bvwsghw
Ads Block

မိဘေတြရဲ႕ ေျခရာနင္းကာ ေတာင္ကုိရီးယားအမ်ဳိးသားတစ္ဦး ေျမာက္ကုိရီးယားသုိ ့ ဘက္ေျပာင္း ခုိလႈံ

အာဏာရွင္စနစ္နဲ ့အုပ္စုိးတဲ့ ႏုိင္ငံတစ္ႏုိင္ငံမွာ ေနထုိင္ရဖုိ ့အေရး အေတာ္ရွားပါးလြန္းတဲ့ ျဖစ္ရပ္အေနနဲ ့ ေတာင္ကုိရီးယား အမ်ဳိးသားတစ္ဦး ေျမာက္ကုိရီးယားဘက္ကုိ ဘက္ေျပာင္းခုိလႈံခဲ့ေၾကာင္း သိရပါတယ္။

ဘက္ေျပာင္းခဲ့တဲ့ ခ်ဳိအင္ဂြတ္(၇၂ ႏွစ္) ဟာ ၁၉၈၀ ခုႏွစ္မ်ားက ေျမာက္ကုိရီးယားဘက္ကုိ ဘက္ေျပာင္းခုိလႈံသြားခဲ့တဲ့ ေတာင္ကုိရီးယား ထိပ္တန္း သံတမန္ေဟာင္းႏွစ္ဦးရဲ႕ သားျဖစ္ပါတယ္။ သူဟာ ေျမာက္ကိုရီးယားမွာ ေနထုိင္သြားမွာျဖစ္ၿပီး ႏွစ္ႏုိင္ငံ ျပန္လည္ေပါင္းစည္းေရးဆုိင္ရာ အေရးကိစၥေတြမွာ တာ၀န္ထမ္းေဆာင္သြားမွာျဖစ္တယ္လုိ ့ ေျမာက္ကုိရီးယား ႏုိင္ငံပုိင္ သတင္းဌာနက ေျပာဆုိခဲ့ပါတယ္။

မ်ားေသာအားျဖင့္ ေျမာက္ကုိရီးယားက လူေတြ ေတာင္ကုိရီးယားဘက္ ထြက္ေျပးခုိလႈံႏုိင္ဖုိ ့သာ ႀကိဳးစားၾကေလ့ရွိတဲ့ ဘက္ေျပာင္းမႈျဖစ္စဥ္ေတြမွာ အခုလုိျဖစ္စဥ္မ်ဳိးကေတာ့ အေတာ္ရွားရွားပါးပါးျဖစ္ပါတယ္။

bvswg

ေတာင္၊ ေျမာက္ ႏွစ္ႏုိင္ငံဟာ သေဘာတရားအရ စစ္ျဖစ္ဆဲ အေနအထားမွာသာရွိေနေသးတာျဖစ္ၿပီး ေတာင္ကုိရီးယားႏုိင္ငံသားေတြအေနနဲ ့ ေျမာက္ကုိရီးယားကုိ သြားေရာက္လည္ပတ္ႏုိင္ဖုိ ့ ခြင့္ျပဳခ်က္ လုိအပ္ပါတယ္။ မစၥတာ ခ်ဳိအေနနဲ ့ သူ ေျမာက္ကုိရီးယားကုိ သြားေရာက္ခဲ့မႈအတြက္ ခြင့္ျပဳခ်က္ ေတာင္းခံ ခဲ့ျခင္း မရွိေၾကာင္း ေတာင္ကုိရီးယား ျပန္လည္ေပါင္းစည္းေရး ၀န္ႀကီးဌာနကလည္း အတည္ျပဳခဲ့ပါတယ္။

ဇူလုိင္ ၇ ရက္ေန ့မွာ ၿပံဳယမ္းေလဆိပ္ကုိ ေရာက္ရွိသြားတဲ့ ခ်ဳိက ေလဆိပ္မွာ ဗီဒီယုိဖုိင္တစ္ခု ရုိက္ကူးခဲ့ကာ အၿမဲေနထုိင္ဖုိ ့အတြက္ ေျမာက္ကုိရီးယားၿမိဳ႕ေတာ္ကုိ သူ ေရာက္ရွိခဲ့ၿပီလုိ ့ ေျပာဆုိခဲ့ပါတယ္။ မိမိကုိ ေႏြးေထြးစြာ ႀကိဳဆုိခဲ့တ့ဲ ေျမာက္ကုိရီးယားႏုိင္ငံကုိ ဘယ္လုိစကားလုံးမ်ဳိးနဲ ့ ေက်းဇူးတင္ေၾကာင္း ေျပာရမွန္း မသိေလာက္ေအာင္ပါဘဲလုိ ့လည္း ၄င္းက ေျပာဆုိခဲ့ပါတယ္။

ခ်ဳိရဲ႕ ဖခင္ျဖစ္တဲ့ ေတာင္ကုိရီးယား ႏုိင္ငံျခားေရး၀န္ႀကီးေဟာင္း ခ်ဳိဒြတ္ရွင္းဟာ ဇနီးျဖစ္သူနဲ ့အတူ ေျမာက္ကုိရီးယားကုိ ဘက္ေျပာင္းသြားအၿပီး ၃ ႏွစ္အၾကာ ၁၉၈၉ ခုႏွစ္မွာ ကြယ္လြန္ခဲ့ပါတယ္။

CNA

- ကုိလင္း (အကုန္သိ သတင္းဌာန)

Unicode Version

မိဘတွေရဲ့ ခြေရာနင်းကာ တောင်ကိုရီးယားအမျိုးသားတစ်ဦး မြောက်ကိုရီးယားသို့ ဘက်ပြောင်း ခိုလှုံ

အာဏာရှင်စနစ်နဲ့အုပ်စိုးတဲ့ နိုင်ငံတစ်နိုင်ငံမှာ နေထိုင်ရဖို့အရေး အတော်ရှားပါးလွန်းတဲ့ ဖြစ်ရပ်အနေနဲ့ တောင်ကိုရီးယား အမျိုးသားတစ်ဦး မြောက်ကိုရီးယားဘက်ကို ဘက်ပြောင်းခိုလှုံခဲ့ကြောင်း သိရပါတယ်။

ဘက်ပြောင်းခဲ့တဲ့ ချိုအင်ဂွတ်(၇၂ နှစ်) ဟာ ၁၉၈၀ ခုနှစ်များက မြောက်ကိုရီးယားဘက်ကို ဘက်ပြောင်းခိုလှုံသွားခဲ့တဲ့ တောင်ကိုရီးယား ထိပ်တန်း သံတမန်ဟောင်းနှစ်ဦးရဲ့ သားဖြစ်ပါတယ်။ သူဟာ မြောက်ကိုရီးယားမှာ နေထိုင်သွားမှာဖြစ်ပြီး နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ အရေးကိစ္စတွေမှာ တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက ပြောဆိုခဲ့ပါတယ်။

များသောအားဖြင့် မြောက်ကိုရီးယားက လူတွေ တောင်ကိုရီးယားဘက် ထွက်ပြေးခိုလှုံနိုင်ဖို့သာ ကြိုးစားကြလေ့ရှိတဲ့ ဘက်ပြောင်းမှုဖြစ်စဉ်တွေမှာ အခုလိုဖြစ်စဉ်မျိုးကတော့ အတော်ရှားရှားပါးပါးဖြစ်ပါတယ်။

တောင်၊ မြောက် နှစ်နိုင်ငံဟာ သဘောတရားအရ စစ်ဖြစ်ဆဲ အနေအထားမှာသာရှိနေသေးတာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံသားတွေအနေနဲ့ မြောက်ကိုရီးယားကို သွားရောက်လည်ပတ်နိုင်ဖို့ ခွင့်ပြုချက် လိုအပ်ပါတယ်။ မစ္စတာ ချိုအနေနဲ့ သူ မြောက်ကိုရီးယားကို သွားရောက်ခဲ့မှုအတွက် ခွင့်ပြုချက် တောင်းခံ ခဲ့ခြင်း မရှိကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနကလည်း အတည်ပြုခဲ့ပါတယ်။

ဇူလိုင် ၇ ရက်နေ့မှာ ပြုံယမ်းလေဆိပ်ကို ရောက်ရှိသွားတဲ့ ချိုက လေဆိပ်မှာ ဗီဒီယိုဖိုင်တစ်ခု ရိုက်ကူးခဲ့ကာ အမြဲနေထိုင်ဖို့အတွက် မြောက်ကိုရီးယားမြို့တော်ကို သူ ရောက်ရှိခဲ့ပြီလို့ ပြောဆိုခဲ့ပါတယ်။ မိမိကို နွေးထွေးစွာ ကြိုဆိုခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံကို ဘယ်လိုစကားလုံးမျိုးနဲ့ ကျေးဇူးတင်ကြောင်း ပြောရမှန်း မသိလောက်အောင်ပါဘဲလို့လည်း ၎င်းက ပြောဆိုခဲ့ပါတယ်။

ချိုရဲ့ ဖခင်ဖြစ်တဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်း ချိုဒွတ်ရှင်းဟာ ဇနီးဖြစ်သူနဲ့အတူ မြောက်ကိုရီးယားကို ဘက်ပြောင်းသွားအပြီး ၃ နှစ်အကြာ ၁၉၈၉ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

CNA

- ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။