Skip to main content
bwhgw
Ads Block

ဖိလစ္ပုိင္ မူးယစ္တုိက္ဖ်က္ေရးမွာ ရဲတပ္ဖြဲ႕က ဥပေဒမဲ့ကြပ္မ်က္မႈမ်ား က်ဴးလြန္ေနဟု Amnesty International ေျပာ

ဖိလစ္ပုိင္ရဲ႕ မူးယစ္တုိက္ဖ်က္ေရးစစ္ပြဲဟာ ၃ ႏွစ္ခန္႔ ၾကာလာသည့္တုိင္ ရဲေတြရဲ႕ ဥပေဒမဲ့ လူသတ္မႈမ်ား ေလ်ာ့နည္းလာျခင္းမရွိတဲ့အျပင္ စီးနင္းဖမ္းဆီး၊ ခုခံရာမွ ပစ္သတ္မိသေယာင္ ကြပ္မ်က္ မႈေတြလည္း ျဖစ္ပြားေနေသးေၾကာင္း၊ ၄င္းအတြက္ အစုိးရက စုံစမ္းစစ္ေဆးလုိျခင္းမရွိေၾကာင္း လူ႕အခြင့္အေရးအဖြဲ႕ AI က ဇူလုိင္ ၈ ရက္ေန႔မွာ ေျပာၾကားလုိက္ပါတယ္။

 

sg

 

ရဲတပ္ဖြဲ႕ရဲ႕ အဆုိပါ ဥပေဒမဲ့ကြပ္မ်က္မႈမ်ားနဲ႔ အာဏာအလြဲသုံးမႈေတြအတြက္ ဖိလစ္ပုိင္ကုိ စုံစမ္းစစ္ေဆးဖုိ႔ အေရးယူဆုံးျဖတ္ရန္ ကုလသမဂၢကုိ အျပည္ျပည္ဆုိင္ရာ လြတ္ၿငိမ္းခ်မ္းသာ ခြင့္အဖြဲ႕(AI) က တုိက္တြန္းခဲ့ပါတယ္။ ၄င္းဆုံးျဖတ္ခ်က္အတြက္ အဖြဲ႕ဝင္ ၄၇ ဦးပါ ေကာင္စီက မဲခြဲမည္ျဖစ္ၿပီး ယခုအပတ္အတြင္းမွာ ဆုံးျဖတ္ႏုိင္လိမ့္မယ္လုိ႔ သိရပါတယ္။

 

ဖိလစ္ပုိင္သမၼတ ဒူတာေတးရဲ႕ မူးယစ္တုိက္ဖ်က္ေရးစစ္ပြဲမွာ ေသဆုံးသူ အေရအတြက္ကုိ လြတ္လပ္စြာ ေဖာ္ထုတ္အတည္ျပဳရန္ ခက္ခဲလြန္းေပမယ့္ ေထာင္နဲ႔ခ်ီေနႏုိင္ေၾကာင္း ခန္႔မွန္းရပါတယ္။ ရဲတပ္ဖြဲ႕ကေတာ့ ေသဆုံးသူ ၆,၆၀၀ ခန္႔ရွိၿပီး ၄င္းတုိ႔ဟာ လက္နက္ျဖင့္ ျပန္ခုခံတာေၾကာင့္ ပစ္သတ္ခဲ့ ရေၾကာင္း ေျပာထားပါတယ္။

 

ထုိသုိ႔သတ္ျဖတ္ရျခင္း အေၾကာင္းစုံကုိ ေဖာ္ထုတ္ရာမွာ ခက္ခဲေစေရးအတြက္ အာဏာပုိင္ေတြဟာ အမႈကုိ ရည္႐ြယ္ခ်က္ရွိရွိ  ႐ႈပ္ေထြးေပြလီေအာင္ သတင္းအမွားလႊင့္ခဲ့ေၾကာင္း AI “ က “ They Just Kill ” အမည္ရွိ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ အသတ္ခံရသူေတြဟာ မ်ားေသာအားျဖင့္ ရဲတပ္ဖြဲ႕ကုိ တရားျပန္မစြဲႏုိင္တဲ့ ႏြမ္းပါသူ သုိ႔မဟုတ္ ဖိႏွိပ္ခံ အသုိင္းအဝုိင္းေတြမွ ျဖစ္ၾကပါတယ္။

 

egq

 

ဧၿပီလမွာ စုစည္းခဲ့တဲ့ ၄င္းအစီရင္ခံစာဟာ ဘူလာကန္ျပည္နယ္မွာ ေဖာ္ေဆာင္ခဲ့တဲ့ မူးယစ္ တုိက္ဖ်က္ေရး စစ္ဆင္ေရးတစ္ရပ္အေပၚ အေျခခံထားပါတယ္။ ၄င္းမွာ ျဖစ္ရပ္ ၂၀ ျဖစ္ပြားခဲ့ၿပီး လူ ၂၇ ဦး အသတ္ခံရခဲ့ရေပမယ့္ ရဲတပ္ဖြဲ႕ရဲ႕ တရားဝင္လႈပ္ရွားမႈကေတာ့ ၁၈ ခုသာ ရွိပါတယ္။

 

ျဖစ္ရပ္စုစုေပါင္းရဲ႕ ေလးပုံသုံးပုံခန္႔မွာ ေသဆုံးခဲ့ရသူေတြဟာ သာမန္ျပည္သူေတြ ျပဳစုထားတဲ့၊ မခုိင္လုံတဲ့ “ ေဆးသမားစာရင္း ” မွ ျဖစ္တယ္လုိ႔ AI က ဆုိထားပါတယ္။

 

၄င္းမွာ ေသဆုံးသူေတြအနက္ ထက္ဝက္ခန္႔ဟာ ဥပေဒမဲ့သတ္ျဖတ္ခံခဲ့ရေၾကာင္း မ်က္ျမင္ သက္ေသေတြနဲ႔ အျခားအခ်က္အလက္ေတြအရ ေကာက္ခ်က္ဆြဲႏုိင္တယ္လုိ႔ ဆုိထားပါတယ္။ က်န္ထက္ဝက္ဟာလည္း ယခင္ကြပ္မ်က္မႈပုံစံမ်ိဳးေတြ ျဖစ္ေနေပမယ့္ အေထာက္အထားနဲ႔ အခ်က္အလက္မ်ား လုံေလာက္ျခင္းမရွိေၾကာင္း သိရပါတယ္။

 

 sgw

 

ထုိသတ္ျဖတ္မႈမ်ားနဲ႔စပ္လ်ဥ္းၿပီး “ အသြင္ယူ ရဲအရာရွိ ” ေတြဟာ မူးယစ္ေဆးဝယ္မယ့္ ေဆးသမား ဟန္ေဆာင္စဥ္ ကုိယ့္ကုိယ္ကုိယ္ခုခံဖုိ႔လုိခ်ိန္မွာ ပစ္သတ္ရေၾကာင္း ရဲတပ္ဖြဲ႕က ေျဖရွင္း ေျပာၾကား ေပမယ့္ ၄င္းအဆိုဟာ လုံးဝမယုံထုိက္ေၾကာင္း AI က ေျပာပါတယ္။

 

ဒူတာေတးရဲ႕ ျပန္ၾကားေရးမႈးကေတာ့ AI ရဲ႕ အေၾကာင္းျပခ်က္ေတြဟာ မွားယြင္းေနၿပီး မူးယစ္ တုိက္ဖ်က္ေရးစစ္ပြဲမွာ ဥပေဒမဲ့သတ္ျဖတ္မႈမ်ိဳး မျဖစ္ပြားခဲ့ေၾကာင္း ထုတ္ျပန္ထားပါတယ္။

 

 - 

ZHO (အကုန္သိ သတင္းဌာန)

(Ref : Reuters)

 

 

Unicode Version

 

 

ဖိလစ်ပိုင် မူးယစ်တိုက်ဖျက်ရေးမှာ ရဲတပ်ဖွဲ့က ဥပဒေမဲ့ကွပ်မျက်မှုများ ကျူးလွန်နေဟု Amnesty International ပြော

 

 

ဖိလစ်ပိုင်ရဲ့ မူးယစ်တိုက်ဖျက်ရေးစစ်ပွဲဟာ ၃ နှစ်ခန့် ကြာလာသည့်တိုင် ရဲတွေရဲ့ ဥပဒေမဲ့ လူသတ်မှုများ လျော့နည်းလာခြင်းမရှိတဲ့အပြင် စီးနင်းဖမ်းဆီး၊ ခုခံရာမှ ပစ်သတ်မိသယောင် ကွပ်မျက် မှုတွေလည်း ဖြစ်ပွားနေသေးကြောင်း၊ ၎င်းအတွက် အစိုးရက စုံစမ်းစစ်ဆေးလိုခြင်းမရှိကြောင်း လူ့အခွင့်အရေးအဖွဲ့ AI က ဇူလိုင် ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

 

ရဲတပ်ဖွဲ့ရဲ့ အဆိုပါ ဥပဒေမဲ့ကွပ်မျက်မှုများနဲ့ အာဏာအလွဲသုံးမှုတွေအတွက် ဖိလစ်ပိုင်ကို စုံစမ်းစစ်ဆေးဖို့ အရေးယူဆုံးဖြတ်ရန် ကုလသမဂ္ဂကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့(AI) က တိုက်တွန်းခဲ့ပါတယ်။ ၎င်းဆုံးဖြတ်ချက်အတွက် အဖွဲ့ဝင် ၄၇ ဦးပါ ကောင်စီက မဲခွဲမည်ဖြစ်ပြီး ယခုအပတ်အတွင်းမှာ ဆုံးဖြတ်နိုင်လိမ့်မယ်လို့ သိရပါတယ်။

 

ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ မူးယစ်တိုက်ဖျက်ရေးစစ်ပွဲမှာ သေဆုံးသူ အရေအတွက်ကို လွတ်လပ်စွာ ဖော်ထုတ်အတည်ပြုရန် ခက်ခဲလွန်းပေမယ့် ထောင်နဲ့ချီနေနိုင်ကြောင်း ခန့်မှန်းရပါတယ်။ ရဲတပ်ဖွဲ့ကတော့ သေဆုံးသူ ၆,၆၀၀ ခန့်ရှိပြီး ၎င်းတို့ဟာ လက်နက်ဖြင့် ပြန်ခုခံတာကြောင့် ပစ်သတ်ခဲ့ ရကြောင်း ပြောထားပါတယ်။

 

ထိုသို့သတ်ဖြတ်ရခြင်း အကြောင်းစုံကို ဖော်ထုတ်ရာမှာ ခက်ခဲစေရေးအတွက် အာဏာပိုင်တွေဟာ အမှုကို ရည်ရွယ်ချက်ရှိရှိ  ရှုပ်ထွေးပွေလီအောင် သတင်းအမှားလွှင့်ခဲ့ကြောင်း AI “ က “ They Just Kill ” အမည်ရှိ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အသတ်ခံရသူတွေဟာ များသောအားဖြင့် ရဲတပ်ဖွဲ့ကို တရားပြန်မစွဲနိုင်တဲ့ နွမ်းပါသူ သို့မဟုတ် ဖိနှိပ်ခံ အသိုင်းအဝိုင်းတွေမှ ဖြစ်ကြပါတယ်။

 

ဧပြီလမှာ စုစည်းခဲ့တဲ့ ၎င်းအစီရင်ခံစာဟာ ဘူလာကန်ပြည်နယ်မှာ ဖော်ဆောင်ခဲ့တဲ့ မူးယစ် တိုက်ဖျက်ရေး စစ်ဆင်ရေးတစ်ရပ်အပေါ် အခြေခံထားပါတယ်။ ၎င်းမှာ ဖြစ်ရပ် ၂၀ ဖြစ်ပွားခဲ့ပြီး လူ ၂၇ ဦး အသတ်ခံရခဲ့ရပေမယ့် ရဲတပ်ဖွဲ့ရဲ့ တရားဝင်လှုပ်ရှားမှုကတော့ ၁၈ ခုသာ ရှိပါတယ်။

 

ဖြစ်ရပ်စုစုပေါင်းရဲ့ လေးပုံသုံးပုံခန့်မှာ သေဆုံးခဲ့ရသူတွေဟာ သာမန်ပြည်သူတွေ ပြုစုထားတဲ့၊ မခိုင်လုံတဲ့ “ ဆေးသမားစာရင်း ” မှ ဖြစ်တယ်လို့ AI က ဆိုထားပါတယ်။

 

၎င်းမှာ သေဆုံးသူတွေအနက် ထက်ဝက်ခန့်ဟာ ဥပဒေမဲ့သတ်ဖြတ်ခံခဲ့ရကြောင်း မျက်မြင် သက်သေတွေနဲ့ အခြားအချက်အလက်တွေအရ ကောက်ချက်ဆွဲနိုင်တယ်လို့ ဆိုထားပါတယ်။ ကျန်ထက်ဝက်ဟာလည်း ယခင်ကွပ်မျက်မှုပုံစံမျိုးတွေ ဖြစ်နေပေမယ့် အထောက်အထားနဲ့ အချက်အလက်များ လုံလောက်ခြင်းမရှိကြောင်း သိရပါတယ်။

 

ထိုသတ်ဖြတ်မှုများနဲ့စပ်လျဉ်းပြီး “ အသွင်ယူ ရဲအရာရှိ ” တွေဟာ မူးယစ်ဆေးဝယ်မယ့် ဆေးသမား ဟန်ဆောင်စဉ် ကိုယ့်ကိုယ်ကိုယ်ခုခံဖို့လိုချိန်မှာ ပစ်သတ်ရကြောင်း ရဲတပ်ဖွဲ့က ဖြေရှင်း ပြောကြား ပေမယ့် ၎င်းအဆိုဟာ လုံးဝမယုံထိုက်ကြောင်း AI က ပြောပါတယ်။

 

ဒူတာတေးရဲ့ ပြန်ကြားရေးမှုးကတော့ AI ရဲ့ အကြောင်းပြချက်တွေဟာ မှားယွင်းနေပြီး မူးယစ် တိုက်ဖျက်ရေးစစ်ပွဲမှာ ဥပဒေမဲ့သတ်ဖြတ်မှုမျိုး မဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

 - ZHO (အကုန်သိ သတင်းဌာန)

(Ref : Reuters)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။