Skip to main content
vwgw3
Ads Block

လူဝင္မႈႀကီးၾကပ္ေရးႏွင့္လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာနဖြဲ႕စည္းေရး ရွမ္းျပည္နယ္လႊတ္ေတာ္မွ ပယ္ခ်

ရွမ္းျပည္နယ္အစိုးရအဖြဲ႕တြင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာန ထပ္တိုးဖြဲ႕စည္းရန္ လႊတ္ေတာ္တြင္ မဲခြဲဆံုးျဖတ္ၿပီးေနာက္ လက္မခံေၾကာင္းေၾကာ္ျငာခဲ့သည္။

ဇူလုိင္လ ၈ ရက္က က်င္းပသည့္ ရွမ္းျပည္နယ္လႊတ္ေတာ္ အထူးအစည္းအေဝး (၁/၂၀၁၉) ပထမေန႔ အစီအစဥ္တြင္ ႏိုင္ငံေတာ္သမၼတ၏ ရွမ္းျပည္နယ္အစိုးရအဖြဲ႔တြင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအား အရင္းအျမစ္ဝန္ႀကီးဌာနဖြဲ႔စည္းျခင္းႏွင့္ပတ္သက္ၿပီး လႊတ္ေတာ္သို႔သဝဏ္လႊာေပးပို႔ကာ အတည္ျပဳရာတြင္ မဲခြဲဆံုးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

b sg

“ ကၽြန္ေတာ္တုိ႔ကေတာ့ ဘာပဲခြဲခြဲ ရႈံးေနတာခ်ည့္ကိုး။ ဘာဆက္လုပ္မလဲဆုိတာေတာ့ ကၽြန္ေတာ္ ေျပာလုိ႔မရေသးဘူး” ဟုကေလာၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းထုိက္က ေျပာသည္။

လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာနဖြဲ႔စည္းရန္ မဲခြဲဆံုးျဖတ္ရာတြင္ ေထာက္ခံမဲ ၃၂ မဲ၊ ၈၇ မဲ၊ ၾကားေနမဲ ၁ မဲ၊ မဲမေပးသည့္မဲ ၁ မဲျဖင့္ ကန္႔ကြက္မဲမ်ားသည့္အတြက္ လႊတ္ေတာ္မွပယ္ခ်ရန္ ဆံုးျဖတ္ခဲ့ျခင္းျဖစ္သည္။

ရွမ္းျပည္နယ္လႊတ္ေတာ္တြင္ ကိုယ္စားလွယ္ေပါင္းစုစုေပါင္း ၁၄၀ ဦးရွိၿပီး တပ္မေတာ္သားလႊတ္ေတာ္ ကိုယ္စားလွယ္ ၃၆ ဦး၊ အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီမွ ၂၄ ဦး၊ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီမွ ၃၁ ဦးရွိၿပီး က်န္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားမွာရွမ္းပါတီမ်ားျဖစ္ေၾကာင္း သိရသည္။

ရခုိင္ျပည္နယ္လႊတ္ေတာ္ကလည္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာနဖြဲ႔စည္းျခင္းႏွင့္ ပတ္သက္ၿပီးသေဘာမတူေၾကာင္း ဆံုးျဖတ္ခဲ့ၿပီးျဖစ္သည္။

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

 

 

Unicode Version

 

 

လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဖွဲ့စည်းရေး ရှမ်းပြည်နယ်လွှတ်တော်မှ ပယ်ချ

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ထပ်တိုးဖွဲ့စည်းရန် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီးနောက် လက်မခံကြောင်းကြော်ငြာခဲ့သည်။

ဇူလိုင်လ ၈ ရက်က ကျင်းပသည့် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) ပထမနေ့ အစီအစဉ်တွင် နိုင်ငံတော်သမ္မတ၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး လွှတ်တော်သို့သဝဏ်လွှာပေးပို့ကာ အတည်ပြုရာတွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ ကျွန်တော်တို့ကတော့ ဘာပဲခွဲခွဲ ရှုံးနေတာချည့်ကိုး။ ဘာဆက်လုပ်မလဲဆိုတာတော့ ကျွန်တော် ပြောလို့မရသေးဘူး” ဟုကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဖွဲ့စည်းရန် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၃၂ မဲ၊ ၈၇ မဲ၊ ကြားနေမဲ ၁ မဲ၊ မဲမပေးသည့်မဲ ၁ မဲဖြင့် ကန့်ကွက်မဲများသည့်အတွက် လွှတ်တော်မှပယ်ချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်းစုစုပေါင်း ၁၄၀ ဦးရှိပြီး တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၃၆ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၂၄ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၃၁ ဦးရှိပြီး ကျန်လွှတ်တော်ကိုယ်စားလှယ်များမှာရှမ်းပါတီများဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်လွှတ်တော်ကလည်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီးသဘောမတူကြောင်း ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။

- ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။