Skip to main content
သတ္မွတ္ကာလေရာက္ပါက စည္းကမ္းမဲ့လမ္းျဖတ္ကူးသူမ်ားကို ဥပေဒတိုင္းအေရးယူေတာ့မည္ဟု ဆို
Ads Block

သတ္မွတ္ကာလေရာက္ပါက စည္းကမ္းမဲ့လမ္းျဖတ္ကူးသူမ်ားကို ဥပေဒတိုင္းအေရးယူေတာ့မည္ဟု ဆို

စည္းကမ္းမဲ့လမ္းျဖတ္ကူးသူမ်ားကိုလတ္တေလာတြင္ အေရးယူထားျခင္းမရွိေသာ္လည္း သတ္မွတ္ကာလ ေရာက္ရွိပါက ဥပေဒတိုင္းအေရးယူေတာ့မည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာသည္။
ဇူလိုင္လ ၈ ရက္က က်င္းပသည့္ ဒုတိယအႀကိမ္ ရန္ကုန္တိုင္းလႊတ္ေတာ္နဝမပုံမွန္အစည္းအေဝး(၁၁) ရက္ ေျမာက္ေန႔အစီအစဥ္တြင္ ယခုကဲ့သို႔ေျပာျခင္း ျဖစ္သည္။ 
“ယာဥ္ထန္းရဲတပ္ဖြဲ႕အေနနဲ႔ စည္းကမ္းမဲ့လမ္ျဖတ္ကူးသူမ်ားကို လတ္တေလာအေရးယူေဆာင္႐ြက္ျခင္းေသးဘဲ ပညာေရးကာလလုပ္ငန္းမ်ားကိုဆက္လက္ေဆာင္႐ြက္ရွိၿပီး သတ္မွတ္ကာလတစ္ခုေရာက္ပါက သတ္မွတ္ထားတဲ့အတိုင္း အေရးယူမႈမ်ားကို ဆက္လက္ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။” ဟု ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာသည္။
မရမ္းကုန္းၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ရွင္းေမးျမန္းေသာ လူကူးခုံးေက်ာ္တံတားမ်ားတည္ေဆာက္ေပးထားေသာေနရာမ်ား၌ ခုံးတံတားေပၚမွမကူးဘဲ စည္းကမ္းမဲ့ လမ္းေပၚမွ ျဖတ္သန္းသြားလာမႈေၾကာင့္ ယာဥ္အသြားအလာမ်ားအေႏွာင့္အယွက္ျဖစ္ရျခင္း၊ လမ္းကူးသူမ်ား အႏၲရာယ္မ်ားျခင္းမ်ားမွ ကင္းေဝးေစရန္ အဆိုပါ ေနရာမ်ားတြင္ ပညာေပးလုပ္ငန္းမ်ား၊ ထိေရာက္ေသာ အေရးယူေဆာင္႐ြက္မႈမ်ားျပဳလုပ္သြားရန္ႏွင့္ပတ္သက္ၿပီး ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။
ရန္ကုန္ၿမိဳ႕တြင္ လူကူးခုံးေက်ာ္တံတား ၁၄ စီးရွိၿပီး စည္းကမ္းမဲ့လမ္းျဖတ္ကူးမႈမျပဳလုပ္ရန္ ၂၀၁၉ ခုႏွစ္၊ ေမလ ၇ ရက္မွ စတင္ၿပီး အမွတ္- ၇ ယာဥ္ထိန္းရဲဒုတပ္ဖြဲ႕ခြဲ(ရန္ကုန္အေနာက္)မွ တပ္ဖြဲ႕ဝင္မ်ားက ေန႔စဥ္ ပညာေပးေနေၾကာင္း သိရသည္။
၁၉၈၉ ခုႏွစ္ေမာ္ေတာ္ယာဥ္နည္းဥပေဒပုဒ္မ- ၁၇၈ တြင္ ေျခလ်င္ေလွ်ာက္သူသည္ လမ္းျဖတ္ကူးလိုပါက သတ္မွတ္လမ္းေက်ာ္တံတားမ်ား၊ မ်ဥ္းၾကားေျမေအာက္လမ္းသို႔မဟုတ္ခြင့္ျပဳထားသည့္ ေနရာစသည္တို႔မွ ျဖတ္ကူးရမည္ျဖစ္ၿပီး လမ္းေပၚတြင္ ကြၽန္းရွိလွ်င္ ၎ကြၽန္းေပၚတြင္ တစ္ေထာင့္နားၿပီးယာဥ္အသြားအလာရွင္းမွ ဆက္လက္ျဖတ္ကူးရမည္ဟု ျပ႒ာန္းထားေၾကာင္း သိရသည္။ 

- ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

Unicode version

သတ်မှတ်ကာလရောက်ပါက စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို ဥပဒေတိုင်းအရေးယူတော့မည်ဟု ဆို 

စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကိုလတ်တလောတွင် အရေးယူထားခြင်းမရှိသော်လည်း သတ်မှတ်ကာလ ရောက်ရှိပါက ဥပဒေတိုင်းအရေးယူတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ဇူလိုင်လ ၈ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော်နဝမပုံမှန်အစည်းအဝေး(၁၁) ရက် မြောက်နေ့အစီအစဉ်တွင် ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။ 
“ယာဉ်ထန်းရဲတပ်ဖွဲ့အနေနဲ့ စည်းကမ်းမဲ့လမ်ဖြတ်ကူးသူများကို လတ်တလောအရေးယူဆောင်ရွက်ခြင်းသေးဘဲ ပညာရေးကာလလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ရှိပြီး သတ်မှတ်ကာလတစ်ခုရောက်ပါက သတ်မှတ်ထားတဲ့အတိုင်း အရေးယူမှုများကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းမေးမြန်းသော လူကူးခုံးကျော်တံတားများတည်ဆောက်ပေးထားသောနေရာများ၌ ခုံးတံတားပေါ်မှမကူးဘဲ စည်းကမ်းမဲ့ လမ်းပေါ်မှ ဖြတ်သန်းသွားလာမှုကြောင့် ယာဉ်အသွားအလာများအနှောင့်အယှက်ဖြစ်ရခြင်း၊ လမ်းကူးသူများ အန္တရာယ်များခြင်းများမှ ကင်းဝေးစေရန် အဆိုပါ နေရာများတွင် ပညာပေးလုပ်ငန်းများ၊ ထိရောက်သော အရေးယူဆောင်ရွက်မှုများပြုလုပ်သွားရန်နှင့်ပတ်သက်ပြီး ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင် လူကူးခုံးကျော်တံတား ၁၄ စီးရှိပြီး စည်းကမ်းမဲ့လမ်းဖြတ်ကူးမှုမပြုလုပ်ရန် ၂၀၁၉ ခုနှစ်၊ မေလ ၇ ရက်မှ စတင်ပြီး အမှတ်- ၇ ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရန်ကုန်အနောက်)မှ တပ်ဖွဲ့ဝင်များက နေ့စဉ် ပညာပေးနေကြောင်း သိရသည်။
၁၉၈၉ ခုနှစ်မော်တော်ယာဉ်နည်းဥပဒေပုဒ်မ- ၁၇၈ တွင် ခြေလျင်လျှောက်သူသည် လမ်းဖြတ်ကူးလိုပါက သတ်မှတ်လမ်းကျော်တံတားများ၊ မျဉ်းကြားမြေအောက်လမ်းသို့မဟုတ်ခွင့်ပြုထားသည့် နေရာစသည်တို့မှ ဖြတ်ကူးရမည်ဖြစ်ပြီး လမ်းပေါ်တွင် ကျွန်းရှိလျှင် ၎င်းကျွန်းပေါ်တွင် တစ်ထောင့်နားပြီးယာဉ်အသွားအလာရှင်းမှ ဆက်လက်ဖြတ်ကူးရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။ 

- ချမ်းငြိမ်း(အကုန်သိသတင်းဌာန) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။